လေထုညစ်ညမ်းမှုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သားတွေ ချောင်းဆိုးသွေးပါဝေဒနာခံစားနေရ

9218658-0-image-a-57_1548929056721.jpg

ထိုင်းနိုင်ငံမှာတော့ လူတွေချောင်းဆိုးပြီး သွေးပါတဲ့အထိဖြစ်စေတဲ့ အရမ်းဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကြီး ဖြစ်ပွားနေပါတယ်။ အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာနေထိုင်သူတွေရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ညစ်ညမ်းတဲ့မီးခိုးငွေ့ထုကြီး ဖြစ်ပေါ်နေခဲ့တာပါ။ ဒီအဆိပ်ငွေ့ထုကြီးက လူတွေရဲ့အဆုတ်ကိုထိခိုက်စေနိုင်တဲ့အထိ အန္တရာယ်များလှတဲ့ PM2.5 အမှုန့်တွေပါဝင်နေပြီး ဘန်ကောက်မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တာဖြစ်ပါတယ်။

ထိုင်းအလုပ်သမားတစ်ယောက်ဟာဆိုရင် မြို့ကိုလွှမ်းခြုံထားတဲ့မီးခိုးငွေ့ကြောင့် အသက်ရှုလိုက်တဲ့အခါတိုင်း နှာခေါင်းနာကျင်ပြီး သွေးပါတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒီအမျိုးသားတစ်ယောက်တည်းတင်ဖြစ်ခဲ့တာမဟုတ်ဘဲ အခြားပြည်သူတွေဟာလည်း ရက်ပေါင်းများစွာ အော့အန်ပြီး ချောင်းဆိုးသွေးပါခြင်းဖြစ်နေခဲ့ကာ တချို့ကတော့ မျက်လုံးမှာသွေးထွက်ခြင်းတဲ့အထိတောင် ဖြစ်ခဲ့ကြပါတယ်။ လေထုညစ်ညမ်းမှုရဲ့ဆိုးကျိုးကို လူသားတွေတင်မက တိရစ္ဆာန်တွေလည်း ခံစားနေရပြီလို့ သိရပါတယ်။

ထိုင်းအစိုးရက စာသင်ကျောင်း ၄၃၉ ကျောင်းကိုပိတ်လိုက်ရတဲ့အထိကို လေထုညစ်ညမ်းမှုရဲ့အန္တရာယ်များလာနေပါပြီ။ ဒီအဆိပ်ငွေ့ထုကြီးကို ဖယ်ရှားဖို့အတွက် ဒရုန်းတွေနဲ့ ရေဖြန်းခဲ့ကြပေမဲ့လည်း ဒီနည်းနဲလည့်း အောင်မြင်ခဲ့ပုံမရပါဘူး။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ရဲ့ဒေသဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအရာရှိတစ်ဦးကတော့ အစိုးရအနေနဲ့ စွန့်ပစ်ပစ္စည်းတွေလောင်ကျွမ်းပြီး လေထုညစ်ညမ်းလာစေတဲ့စက်ရုံတွေကို ရပ်ဆိုင်းပစ်တဲ့ ဖြေရှင်းနည်းကိုလုပ်ဆောင်ဖို့လိုအပ်နေပြီလို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Ref: LADBIBLE.COM “Bangkok Citizens Coughing Up Blood Because Of Thick Smog”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top