အင်အားပြင်းငလျင်ကြောင့် သေကွဲ ကွဲရပြီထင်ထားတဲ့ သားအမိနှစ်ဦး ပြန်ဆုံစည်းခွင့်ရ

6.4.2023-yyl-iamge-6.jpg

ဒီကလေးငယ်ဟာ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် တူရကီနိုင်ငံရဲ့ အဆောက်အအုံ အပျက်အစီးတွေကြားမှာ ၁၂၈ နာရီကြာ ပိတ်မိခဲ့ပြီး အသက်ရှင်လျက် ကယ်တင်ခံခဲ့ရသူပါ။ အစောပိုင်းသတင်းတွေမှာ ကလေးငယ်ရဲ့ မိခင် ကွယ်လွန်သွားပြီလို့ ဖော်ပြကြပေမဲ့ တကယ်တမ်းမှာတော့ မိခင်က အသက်ရှင်နေဆဲဖြစ်ပြီး တခြားဆေးရုံတစ်ခုမှာ ကုသမှု ခံယူနေရတာပါ။

DNA စစ်ဆေးကြည့်ရာမှာ ကလေးငယ်ရဲ့မိခင်အရင်းဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သူတို့သားအမိဟာ ၅၄ ရက်ကြာ ခွဲခွာနေခဲ့ရပြီးနောက် အခုချိန်မှာတော့ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါပြီ။

Ref: Turkey earthquake: Baby rescued from rubble after 128 hours reunited with mother

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top