တိန့်အန်းမင်ရင်ပြင် သတ်ဖြတ်မှုကို ပုံဖော်တဲ့ Pillar of Shame ကျောက်တိုင်ကို ဟောင်ကောင်တက္ကသိုလ် ဖယ်ရှား

23.12.2021yyl4.jpg

တိန့်အန်းမင်ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အထိမ်းအမှတ်အဖြစ် ဟောင်ကောင်တက္ကသိုလ်မှ စိုက်ထူထားတဲ့ Pillar of Shame (ရှက်စရာကျောက်တိုင်)ကို ဖယ်ရှားလိုက်ပါပြီ။ ၁၉၈၉ ခုနှစ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ ဆန္ဒပြသူတွေကို တရုတ်အာဏာပိုင်တွေ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် အထိမ်းအမှတ်အဖြစ် အလောင်းတွေ စုပုံထားတဲ့ပုံစံ ထုဆစ်ပုံဖော်ခဲ့တာပါ။

လူ့သမိုင်းမှာ ဝမ်းနည်းနာကျည်းစရာ၊ ရှက်စရာကောင်းလွန်းတဲ့ဖြစ်ရပ်တွေ နောက်တစ်ကြိမ် ထပ်မဖြစ်စေဖို့ ရည်ရွယ်ပြီး ဒိန်းမတ်အနုပညာရှင် ဂယ်ရှီယော့က Pillar of Shame ကျောက်တိုင်တွေကို ထုဆစ်ခဲ့တာပါ။ တိန့်အန်းမင်ရင်ပြင် လူသတ်ပွဲဟာ တရုတ်နိုင်ငံမှာ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတစ်ရပ်ဖြစ်ပြီး ဟောင်ကောင်မြို့မှာ အဲဒီဖြစ်ရပ် အထိမ်းအမှတ် အနည်းအကျဉ်းပဲ ကျန်ပါတော့တယ်။

ဟောင်ကောင်မြို့မှာရှိတဲ့ နိုင်ငံရေးအမြင်မတူသူတွေကို တရုတ်အစိုးရက ဖိနှိပ်ချုပ်ခြယ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာ Pillar of Shame ကျောက်တိုင် ဖယ်ရှားခံခဲ့ရတာပါ။ ဟောင်ကောင်တက္ကသိုလ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက Pillar of Shame ကျောက်တိုင်ကို ဖယ်ရှားဖို့ ညွှန်ကြားခဲ့တာပါ။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညမှာတော့ တက္ကသိုလ်တာဝန်ရှိသူတွေက ကျောက်တိုင်ပတ်လည်မှာ ပလတ်စတစ်တွေ ကာရံလိုက်ပြီး ဆောက်လုပ်ရေးလုပ်သားတွေက ၂၆ ပေအမြင့်ရှိတဲ့ ရုပ်တုကို ဖယ်ရှားဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ကျောက်တိုင်ဖယ်ရှားရေးလုပ်ငန်းခွင်အနားကို သတင်းထောက်တွေ ကပ်မရအောင်၊ ဓာတ်ပုံရိုက်မရအောင် လုံခြုံရေးအစောင့်အကြပ်တွေက တားဆီးခဲ့ပါတယ်။

Ref: BBC “Pillar of Shame: Hong Kong’s Tiananmen Square statue removed”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top