တူရကီနဲ့ဆီးရီးယားမှာ ငလျင်လှုပ်ခတ်သွားခဲ့ပြီးနောက် အပျက်အစီးတွေအောက်ပိတ်မိနေသူတွေကို သူရဲကောင်းဆန်ဆန် ကူညီကယ်တင်ပေးခဲ့တဲ့ ကယ်ဆယ်ရေးခွေးလေးတွေက သူတို့ရဲ့အမိမြေကို ပြန်သွားခဲ့ပါပြီ။ ပြန်တဲ့အချိန်တုန်းက Turkish Airlines မှာ လိုက်ပါခဲ့တဲ့ အဲ့ဒီခွေးလေးတွေဟာ သူတို့ရဲ့မပျင်းမရိကြိုးစားအားထုတ်ပေးမှုတွေကို ဂုဏ်ပြုခံရတဲ့အနေနဲ့ လေယာဉ်ရဲ့ကုန်တင်တဲ့နေရာကနေမဟုတ်ဘဲ ပထမတန်းက လိုက်ပါခွင့်ရခဲ့ပါတယ်။ လေကြောင်းလိုင်းက ဒီကယ်ဆယ်ရေးခွေးလေးတွေဟာ သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့် စီစဉ်ပေးထားတဲ့နေရာထက် ပထမတန်းနဲ့ ပိုထိုက်တန်တယ်လို့ တွေးခဲ့တာပါ။
တူရကီ-ဆီးရီးယားမှာ ငလျင်လှုပ်ခတ်အပြီး ကမ္ဘာ့တစ်ဝှမ်းက လူတွေနဲ့ အဖွဲ့အစည်းတွေက ကယ်ဆယ်ရေးမစ်ရှင်တွေကနေတဆင့် အကူအညီတွေ ပေးခဲ့ကြတာပါ။ ဒီကယ်ဆယ်ရေးခွေးလေးတွေက လစ်ဗျား၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီလို နိုင်ငံအများအပြားကပါ။ သူတို့က အပျက်အစီးတွေကြားမှာ အသက်ရှင်နေသေးတဲ့သူတွေကို လိုက်လံရှာဖွေရာမှာ အကူအညီပေးခဲ့တာပါ။ ကယ်ဆယ်ရေးအဖွဲ့နဲ့ ခွေးလေးတွေ တူရကီမှာ ကယ်တင်ခဲ့တာ လူပေါင်း ၁ သိန်းရှိတယ်လို့ ခန့်မှန်းရပါတယ်။
Ref: Turkish Airlines Upgrades Rescue Dogs To First Class To Honour Their Service
WL (ရိုးရာလေး)