Gym လည်းမသွားချင် ဘီယာသောက်တာကိုလည်း မစွန့်လွှတ်ချင်လို့ ဝမ်းဗိုက်မှာ Six Pack တက်တူးထိုးခဲ့သူ

7.3.2023-yyl-iamge-14.jpg

မန်ချက်စတာမြို့က ဒိန်း ဂန်သာဆိုတဲ့ တက်တူးပညာရှင်က သူ့ရဲ့ဖောက်သည်အမျိုးသားတစ်ဦးကို Six Pack တက်တူးထိုးပေးခဲ့ရပါတယ်။ အဲ့ဒီအမျိုးသားက Gym မသွားရဘဲ ဘီယာလေးသောက်ပြီး နွေရာသီကို ဖြတ်သန်းချင်ခဲ့တာပါ။ ဒီ Six Pack တက်တူးပြီးစီးဖို့အတွက် အချိန် ၂ ရက်ယူခဲ့ရပါတယ်။

တက်တူးပညာရှင်ဒိန်းက ဖောက်သည်ရဲ့ဝမ်းဗိုက်မှာ ကြွက်သားတက်တူးတွေမထိုးခင် သူ့ရဲ့ခန္ဓာကိုယ်ကို အနိုစိတ်တဲ့ကြွက်သားလိုင်းတွေနဲ့ အမှတ်အသားလုပ်ခဲ့ပါတယ်။ သူ့ဖောက်သည်က Six Pack လိုချင်ပေမဲ့ Gym လည်းမသွားချင်၊ အစာလည်းမရှောင်ချင်ဘူး။ ဒါကြောင့် သူက Six Pack တက်တူးထိုးပြီးတော့ ဘီယာသောက်ပြီး အစားကောင်းတွေစားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတက်တူးမျိုး တစ်စုံတစ်ယောက်ထိုးတာကို မြင်ခဲ့ဖူးပေမဲ့ လက်တွေ့မဆန်တဲ့အတွက် ဒီတက်တူးကို ထိုးရတာ စိတ်လှုပ်ရှားမိခဲ့တယ်၊ ဒါကြောင့် ဒီစိန်ခေါ်မှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါက ဖောက်သည်တွေတောင်းဆိုတဲ့ အထူးခြားဆုံးတောင်းဆိုမှုတွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ဒိန်းကပြောပါတယ်။ Six Pack တက်တူးထိုးပြီးသွားတော့ ဖောက်သည်အမျိုးသားကလည်း သူ့ရဲ့ဗိုက်က တက်တူးကို ပြဖို့ ဝတ်ထားတဲ့တီရှပ်ကို ဂုဏ်ယူစွာနဲ့ အပေါ်ကိုဆွဲတင်ပြခဲ့ပါတယ်။

Ref: Abs-olute genius! Man gets a six-pack tattoo on his stomach so he can be ‘summer ready’ without giving up beer or going to the gym

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top