ကယ်လီဖိုးနီးယား တောမီးလောင်မှုကို အသက်စွန့် ငြိမ်းသတ်ပေးနေသူတွေအတွက် တစ်ဖက်တစ်လမ်းကနေ ဂျွန်စီနာကူညီပေးခဲ့

yyl-31-007.jpg

မင်းသားလည်းဖြစ်၊ WWE စူပါစတားလည်းဖြစ်တဲ့ ဂျွန်စီနာဟာ ကယ်လီဖိုးနီးယား တောမီးလောင်တာကို အသက်စွန့်ပြီး ကြိုးစားပမ်းစား ငြိမ်းသတ်ပေးနေတဲ့သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ သူက အဲဒီလူတွေအတွက် အကျိုးရှိမယ့် ပရဟိတလုပ်ငန်းတစ်ခုကို ဒေါ်လာ (၅၀၀၀၀၀) လှူဒါန်းမှာဖြစ်တယ်လို့ သူ့ရဲ့တွစ်တာအကောင့်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က မီးတောက်ကြီးကို ခုခံတိုက်ခိုက်နေတဲ့ အဖွဲ့သားတွေရဲ့ အားထုတ်ကြိုးပမ်းမှုကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ လှူဒါန်းခဲ့တာပါ။ သူကိုယ်တိုင်ကလည်း မကြာခင်ထွက်ရှိမယ့် “Playing with Fire” ဇာတ်ကားမှာ မီးသတ်သမားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

တွစ်တာဗီဒီယိုမှာ စီနာက ကျွန်တော်တို့ယုံကြည်ထားတဲ့ လူတွေက ဟီးရိုးတွေဆိုတာကို ပြသထားကြောင်း ဇာတ်ကားနဲ့ပတ်သက်ပြီး ကြည့်ရှုသူတွေကို ပြောပြခဲ့ပါတယ်။ ရွှေရောင်လွှမ်းတဲ့ပြည်နယ်က မီးတွေကြောင့် တကယ်မီးသတ်သမားတွေက တစ်နေ့လုံး၊ တစ်ညလုံးကြိုးစား လုပ်ဆောင်နေရပြီး သူတို့က ကျွန်တော်တို့ရဲ့ အကူအညီကို လိုအပ်နေပါတယ်လို့လည်း ပြောခဲ့ပါတယ်။

ဂျွန်စီနာက Paramount Pictures ထုတ်လုပ်ရေးကိုလည်း မီးသတ်သမားတွေကို ကူညီပေးနေတဲ့ ပရဟိတကို ရွေးချယ်ပြီး လှူဒါန်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ “Playing with Fire” အဖွဲ့သားတွေကိုယ်စား ဟီးရိုးတွေလို့ ကျွန်တော်ယုံကြည်ထားတဲ့ သူတွေကို လေးစားတဲ့အနေနဲ့ ဒေါ်လာ (၅၀၀၀၀၀) လှူဒါန်းမှာပါ။ ဒါက လုပ်ဆောင်ရမယ့် မှန်ကန်တဲ့အရာဖြစ်ပြီး ကျွန်တော်က တစ်စိတ်တပိုင်းအနေနဲ့ ကူညီပေးနေတာပါ။ ကံကောင်းကြပါစေလို့ လူတိုင်းကို ဆုတောင်းပေးပါတယ်။ ကျေးဇူးပြုပြီး အန္တရာယ်ကင်းပါစေ။ မင်းတို့က ကျွန်တော်တို့ရဲ့ဟီးရိုးတွေပါ” လို့ စီနာက ပြောခဲ့ပါတယ်။

Paramount Pictures ကလည်း ဂျွန်စီနာကို ကျေးဇူးတင်စကားဆိုခဲ့ပြီး လှူဒါန်းဖို့အတွက် California Fire Foundation နဲ့ Los Angeles Fire Department Foundation ကို ရွေးချယ်ခဲ့ပါတယ်။ “ကျွန်တော်တို့အန္တရာယ်ကင်းအောင် ပင်ပင်ပန်းပန်းလုပ်ကိုင်ပေးနေတဲ့ မီးသတ်သမားတွေကို မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုကို အဖွဲ့အစည်းတွေက ပေးမှာလို့ Paramount Pictures က တွစ်တာမှာရေးသားခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့တွေက ကယ်လီဖိုးနီးယားပြည်နယ်မှာ ကြိမ်ဖန်များစွာ လောင်ကျွမ်းနေတဲ့တောမီးကို ကြိုုးစားငြိမ်းသတ် ပေးနေရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက Kincade Fire က ၇၅,၄၁၅ ဧကထိ လောင်ကျွမ်းနေပါတယ်။ မီးလောင်ကျွမ်းမှုကို (၁၅) ရာခိုင်နှုန်းသာထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ မီးတောက်ကြီးက အဆောက်အအုံ (၁၂၄) ခုကို ဖျက်စီးခဲ့ပြီး အဲဒီထဲက (၅၇) ခုက လူနေအိမ်တွေဖြစ်ပါတယ်။ နောက်ထပ် (၂၃) ခုက ပျက်စီးသွားခဲ့ပြီး (၉၀,၀၀၀) ကျော်က ပျက်စီးနိုင်ခြေရှိနေပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက The Getty Fire က ဧက (၆၅၆) ထိ လောင်ကျွမ်းခဲ့ပါတယ်။ အခုဆိုရင် အနည်းဆုံးလူနေအိမ် (၁၂) ခုကို ပျက်စီးခဲ့တဲ့ မီးလောင်မှုကို (၁၅) ရာခိုင်နှုန်းသာ ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။

Ref: John Cena donates $500,000 to help first responders fighting California wildfires

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top