နေ့လည်ခင်း ထမင်းစားပြီးရင် အိပ်ချင်လာတဲ့အကြောင်းအရင်းနဲ့ဟန့်တားနည်း

31-8-2021-yyl01.jpg

နေ့လည်ခင်း ထမင်းစားသောက်ပြီးရင် အိပ်ချင်စိတ်ဖြစ်လာကြတယ်မလား။ ထမင်းစားတာက သင့်ကို အိပ်ချင်စိတ်ရော လေးလံထိုင်းမှိုင်းတာရော ဘာလို့ဖြစ်စေတာလဲဆိုတာ သင် စဉ်းစားမိလား။ အခု အဲဒီလို ဘာလို့ဖြစ်ရတာလဲ၊ ဘယ်လိုဟန့်တာမလဲဆိုတာကို မျှဝေပေးမှာဖြစ်ပါတယ်။

တစ်ခါတလေ နေ့လည်စာစားပြီးနောက် တစ်ရေးတစ်မော အိပ်တာက အဆင်ပြေပေမဲ့လည်း အရေးပေါ်အစည်းအဝေးရှိတဲ့အခါ၊ အတန်းတက်ရမှာ ရှိတဲ့အခါ၊ သတ်မှတ်ချိန်အတွင်း အလုပ်ပြီးရတဲ့အခါတွေမှာတော့ စိန်ခေါ်မှုတစ်ခုလိုဖြစ်လာပါတယ်။ နေ့လည်စာက ကျွန်တော်တို့ဘဝအတွက် အရေးကြီးတဲ့အတွက် ထမင်းမစားလို့ကလည်း မဖြစ်ပါဘူး။ အဲဒီအတွက် မစိုးရိမ်ပါနဲ့။ အာဟာရပညာရှင်တစ်ယောက်က နေ့လည်ထမင်းစားပြီးရင် ဘာလို့ အိပ်ချင်လာတာလဲဆိုတာနဲ့ ဘယ်လိုဟန့်တားမလဲဆိုတာတွေကို ရှင်းပြမျှဝေထားပါတယ်။

ထမင်းက ဘာလို့ အိပ်ချင်စိတ်ဖြစ်စေတာလဲ

ထမင်းက အာရှလူမျိုးတွေအတွက် မဖြစ်မနေ စားပေးရတဲ့အစားအစာပါ။ ကာဗွန်ဟိုက်ဒရိုတ်မြင့်မားပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာလည်းဖြစ်ပါတယ်။ ထမင်းက သင့် အိပ်ချင်စိတ်ဖြစ်စေတဲ့အကြောင်းအရင်းရှိရုံနဲ့ ကျန်းမာရေးနဲ့မညီညွှတ်ဘူးလို့တော့ ဆိုလိုတာမဟုတ်ပါဘူး။ ကာဗွန်ဟိုက်ဒရိုတ်အားလုံးက ခန္ဓာကိုယ်မှာ တူညီတဲ့သက်ရောက်မှုရှိပါတယ်။ အင်ဆူလင်က လိုအပ်တဲ့ ကလူကို့အဖြစ် ပြောင်းလဲပစ်ပါတယ်။ အင်ဆူလင်မြင့်တက်လာတာနဲ့တပြိုင်နက် အင်ဆူလင်မြင့်တက်လာသည်နှင့်တပြိုင်နက် tryptophan ရဲ့မရှိမဖြစ်လိုအပ်တဲ့fatty acid တွေ ဝင်ရောက်ဖို့ ဉီးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ဒီဖြစ်စဉ်က တည်ငြိမ်စေတဲ့ melatonin နဲ့ serotonin ဟော်မုန်းမှုတွေကို တိုးလာစေပြီး အိပ်ငိုက်လာစေပါတယ်။ လုံးဝသာမန်ဖြစ်နေတဲ့ အာရုံကြောစနစ်တုံ့ပြန်မှုက ခန္ဓာကိုယ်ကို နှေးကွေးစေပါတယ်။ ဒါကြောင့် အစာချေဖျက်ဖို့ကလွှဲလို့ အခြားဘယ်အရာကိုမှ အာရုံမစိုက်နိုင်တော့တာဖြစ်ပါတယ်။

ဘယ်လိုဟန့်တားမလဲ

ထမင်းစားပြီး နေ့လည်ခင်းအိပ်ချင်စိတ်ကို ကာကွယ်ဖို့အတွက် နည်းလမ်းရှိပါတယ်။ အဲဒါတွေကတော့

ကာဗိုဟိုက်ဒရိုတ်ကိုလျှော့စားပါ

သင့်ရဲ့နေ့လည်စာမှာ ဟင်းသီးဟင်းရွက် ၅၀ ရာခိုင်နှုန်း၊ ပရိုတိန်း ၂၅ ရာခိုင်နှုန်းနဲ့ ကာဗိုဟိုက်ဒရိုတ် ၂၅ ရာခိုင်နှုန်းပါဝင်သင့်ပါတယ်။ သင့်ကို စွမ်းအင်ထောက်ပံ့ပေးနေတဲ့ ကာဗွန်ဟိုက်ဒရိုတ်ကိုအစားအစာမှာ ပါဝင်သင့်ပေမဲ့ နေ့လည်ခင်း အိပ်ချင်စိတ်နဲ့ လေးလံထိုင်းမှိုင်းတာကိုကာကွယ်ဖို့အတွက် ပမာဏအနည်းငယ်သာ စားသုံးပေးသင့်ပါတယ်။

နေ့လည်ခင်းထမင်းကို လိုတာထက်ပိုမစားပါနဲ့

ဗိုက်ပြည့်အင်လွန်းရင်လည်း အိပ်ချင်စိတ်ဖြစ်လာစေပါတယ်။ အစားအစာကို ခွဲဝေပိုင်းခြားထိန်းချုပ်ပြီးစားဖို့က သော့ချက်ပါပဲ။ ထမင်းအများကြီးစားလွန်းတဲ့သူတွေက နေ့လည်ခင်းထမင်းစားပြီးနောက် အိပ်ချင်စိတ်ဖြစ်လာတတ်ကြပါတယ်။ ထမင်းပိုပြီးစားလေလေ အိပ်ချင်စိတ်၊ လေးလံထိုင်းမှိုင်းနေတဲ့စိတ်ကို တွန်းလှန်ပစ်ဖို့ ပိုပြီးခက်ခဲလာလေလေပါပဲ။ ထမင်းပိုစားသောသူများသည် သူတို့၏အစာကိုပိုကြီးစေပြီးအိပ်ငိုက်ခြင်းကိုဖြစ်စေသည်။ ဒါကြောင့် နေ့လည်ခင်းထမင်းကို ချင့်ချိန်ပြီး စားသုံးပေးသင့်ပါတယ်။

Ref: Two ways to prevent feeling lazy after eating rice

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top