ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ဒင်္ဂါးတွေအပါအဝင် ဒင်္ဂါးပြား ၁ သိန်းကျော် တူးဖော်တွေ့ရှိ

24.11.23-yyl-၃.jpg

ဂျပန်နိုင်ငံအလယ်ပိုင်း ကန်တိုဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ က ဒင်္ဂါးပြားတွေအပါအဝင် ရှေးဟောင်းဒင်္ဂါးပြား ၁ သိန်းကျော် တူးဖော်တွေ့ရှိခဲ့ပါတယ်။ စက်ရုံဆောက်မယ့် မြေနေရာကို တူးဖော်ရာမှာ ထင်းပုံကြီးတစ်ပုံလို ညီညီညာညာ စုဝေးနေတဲ့ ဒင်္ဂါးပြားတွေကို တွေ့ခဲ့ရတာပါ။

ဒင်္ဂါးပြား အများအပြားကို တရုတ်နိုင်ငံမှာ သွန်းလောင်းခဲ့တာဖြစ်ပြီး တချို့ဒင်္ဂါးပြားတွေဟာ အနောက်ပိုင်းဟန်မင်းဆက် (ဘီစီ ၂၂၀ – အေဒီ ၉ ရာစု)လက်ထက်ကတည်းက ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဒင်္ဂါးပြား ၃၃၄ ပြားကိုပဲ ခွဲခြမ်းစစ်ဆေးမှု လုပ်ရသေးပြီး ဒင်္ဂါး ၄၄ ပြားကိုတော့ ခွဲခြားဖော်ထုတ်နိုင်ခဲ့ပြီလို့ အဆာဟိရှင်ဘန်း ဂျပန်သတင်းစာက ဖော်ပြပါတယ်။

ဒင်္ဂါးပြားတွေကို ဘာနဲ့သွန်းလောင်းထားသလဲဆိုတာ ဖော်ပြထားခြင်းမရှိပေမဲ့ အဲဒီကာလက ဒင်္ဂါးသွန်းလောင်းမှုနဲ့ မြေမြှုပ်ခြင်းပုံစံအရ ကြေးဝါနဲ့ ကြေးနီဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်လူမျိုးတွေရဲ့ တီထွင်ဖ်တီးမှုအရ ကြေးဝါနဲ့ ကြေးနီဒင်္ဂါးတွေကို အလယ်မှာ အပေါက်ဖောက်ပြီး သွန်းလောင်းလေ့ရှိပါတယ်။ သယ်ယူပို့ဆောင်ဖို့၊ သိမ်းဆည်းဖို့၊ ရေတွက်ဖို့ လွယ်ကူအောင် အဲဒီလို သွန်းလောင်းခဲ့ကြတာပါ။

ဂျပန်သမိုင်းအလယ်ခေတ် လူချမ်းသာတွေ နေထိုင်ခဲ့တဲ့ ပရိဝုဏ်အတွင်းကနေ ဒင်္ဂါးပြားတွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဒင်္ဂါးပြား ၁၀၀ စီ စည်းထားတဲ့ အစည်းပေါင်း ၁၀၆၀ ကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အနီးနားမှာ တွေ့ရတဲ့ ကောက်ရိုးဖျာ အစအနတွေအရ ဖျာနဲ့ပတ်ပြီး မြှုပ်ခဲ့တာလို့ ယူဆစရာရှိပါတယ်။

အဲဒီနေရာကနေ တွေ့ရှိခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေအရ ဒီနေရာဟာ ကိုဖန်းခေတ်ရဲ့ ကာလရှည် ပျောက်ကွယ်နေတဲ့ ကိုဇုကီပြည်နယ် ဗဟိုချက်ဖြစ်ဖွယ်ရှိတယ်ဆိုတဲ့ ယူဆမှုတွေ ရှိနေပါတယ်။

Ref: Scientists Discovered More Than 100,000 Ancient Coins at an Excavation Site in Japan

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top