မလေးရှားနိုင်ငံ 1MDB အရှုပ်ထွေး ပြဿနာကို စုံစမ်းစစ်ဆေးမယ့် အမေရိကန်

photo.jpg

ရွေးကောက်ပွဲမှာဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇာတ် ရှုံးနိမ့်သွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံက နာဂျစ်ရာဇာတ် တည်ထောင်ခဲ့တဲ့နိုင်ငံဖွံဖြိုးရေး ရံပုံငွေ 1MDB အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်လျက်ရှိနေခဲ့နေကြောင်း သိရပါတယ်။

ရွေးကောက်ပွဲမှာ နာဂျစ်ရာဇာတ် ရှုံးနိမ့်ပြီးနောက်ပိုင်း မလေးရှား အာဏာပိုင်တွေနဲ့ အမေရိကန် စုံစမ်းရေးအရာရှိတွေကြား သက်သေအချက်လက်တွေကို ပိုမိုလဲလှယ်မှုပြုလုပ်ခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 1MDB ရံပုံငွေအတွက် အမေရိကန် ဆွစ်ဇာလန်နဲ့ မလေးရှားအပါဝင် နိုင်ငံပေါင်း ၆ နိုင်ငံက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇာတ်နဲ့ အပေါင်းပါတွေဟာ နိုင်ငံပိုင်ရံပုံငွေထဲက အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကို ခိုးယူထားမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။ မေလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ နာဂျစ်ရာဇာတ် ရှုံးနိမ့်ပြီးတဲ့နောက် စုံစမ်းစစ်ဆေးမှုဟာ ပိုမိုအားကောင်းလာခဲ့တယ်လို့ သိရပါတယ်။ နာဂျစ်ကတော့ နိုင်ငံပိုင် ရန်ပုံငွေနဲ့ ပတ်သက်လို့ အမှားအယွင်း တစ်စုံတရာ မလုပ်ဆောင်ထားကြောင်း ငြင်းဆိုထားခဲ့ပါတယ်။

အမေရိကန် FBI က မလေးရှားအစိုးရသစ်ဟာ စုံစမ်းစစ်ဆေးမှုတွေကို ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေပြီး အမေရိကန် အာဏာပိုင်တွေက နာဂျစ်ဟာ ဝန်ကြီးချုပ် အဖြစ် အာဏာရှိချိန်မှာ စုံစမ်းစစ်ဆေးမှုတွေကို ဟန့်တားတာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် ဥပဒေရေးရာ တာဝန်ရှိသူတွေက နာဂျစ် ဟာ စုံစမ်းစစ်ဆေးမှုတွေကို ဆန်ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ နာဂျစ်ဟာ အမေရိကန် စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်တဲ့ ရှေ့နေချုပ်ဟောင်း ဂျွန် အက်ရော့ဖ်နဲ့ ရှေ့နေ ဒေးဗစ် ဘိုးစ့်တို့ကို ထိန်းသိမ်းမှုတွေ လုပ်ခဲ့သေးတယ်လို့ နာဂျစ် မိသားစု ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Ref: Reuters U.S. “Probe of Malaysia’s 1MDB picks up speed after Najib’s election loss”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top