နစ်ခ်ဂျိုနက်စ်နဲ့ ပရီယန်ကာချော်ပရာတို့ ပထမဆုံးအကြိမ် ချိန်းတွေ့

priyana-chopra-nick-jonas-feature-101018.jpg

နစ်ခ်ဂျိုးနက်စ်နဲ့ ပရီယန်ကာတို့ကတော့ ပထမဆုံးအကြိမ် အတူတူ အပြင်ထွက်ကြရင်း ပတ်သက်ပြီး သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုလိုက်ကြပါပြီ။ အသက် ၂၅ နှစ်အရွယ် အဆိုတော်နဲ့ ၃၅ နှစ်အရွယ် ရုပ်ရှင်ကြယ်ပွင့်တို့ကို ဇွန်လ ၈ ရက်၊ သောကြာနေ့က နယူးယော့ခ်မြို့က JFK လေဆိပ်မှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဂျိုးနက်စ်က အမည်းရောင်ဘောင်းဘီနဲ့ ဂျင်းဂျတ်ကတ်ကို အပေါ်ထပ်အဖြစ် ဝတ်ဆင်ထားပြီး ပရီယန်ကာကတော့ ပန်းနုရောင်ခါးတိုအင်္ကျီနဲ့ ဘောင်းဘီကို အဖြူရောင် အပေါ်ထပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။ သူတို့အတွဲဟာ လေဆိပ်ထဲမှာ ပူးကပ်ပြီး လမ်းလျှောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ လိုက်ဖက်တဲ့အတွဲဖြစ်ပြီးတော့ သူတို့နှစ်ဦးလုံးဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်တစားရှိကြပါတယ်။ မေလ ၂၅ ရက်က Beauty and the beast ဖျော်ဖြေပွဲမှာ အတူတူတွေ့လိုက်ရတဲ့အခါတုန်းက ဒီစုံတွဲနဲ့ပတ်သက်တဲ့ ပထမဆုံး ကောလာဟလထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဂျိုးနက်စ်နဲ့ ပရီယန်ကာတို့ဟာ လော့စအိန်ဂျဲလစ်က ပွဲတစ်ပွဲကို တက်ခဲ့ကြပြီးတော့ ပိတ်ရက်မှာတုန်းကလည်း ညစာအတူစားခဲ့ပါသေးတယ်။

သူတို့ဟာ လိုက်ဖက်တဲ့စုံတွဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်လုံးဟာ အရည်အချင်းရှိသူတွေ ဖြစ်ပြီး ပရီယန်ကာက ဘယ်လိုပျော်အောင် နေရမလဲဆိုတာ သိတယ်။ နစ်ခ်လည်းဒီလိုပါပဲ။ သူကလေးလေးနက်နက်ရှိပေမဲ့ ဟာသဥာဏ်ရှိသူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ အခုမှအသစ်စက်စက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျိုးနက်စ်နဲ့ ပရီယန်ကာဟာ သူတို့အချစ်အတွက် ရှက်ရွံ့စိတ်မရှိနေကြပါဘူး။

လွန်ခဲ့တဲ့သုံးရက်တုန်းက ဂျိုးနက်စ်ဟာ ပရီယန်ကာရဲ့အင်စတာဂရမ်မှာ နောက်ပြောင်တဲ့စာသားကို ချန်ခဲ့ပါတယ်။ ‘အဲဒီအပြုံးပေါ့’ ဆိုတဲ့စာတိုလေးကို ဇွန်လ ၃ ရက်နေ့က အနီရောင်အသဲပုံလေးနဲ့ ပို့ခဲ့တာဖြစ်ပါတယ်။ ဂျိုးနက်စ်ဟာ အရင်က Olivia Culpo (အိုလီဗီယာကာလ်ပို) နဲ့ Kate Hudson (ကိတ်ဟူဒ်ဆန်) တို့နဲ့လည်း တွဲခဲ့ဖူးပါတယ်။

Ref: www.usmagazine.com “Nick Jonas and Priyanka Chopra step out together for the first time as a couple ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top