ကိုယ်အဆင် မပြေချိန် ကူညီတဲ့ သူကို မမေ့နဲ့

time-to-celebrate-happiness-73RB9UY.jpg

ကိုယ် အဆင်မပြေ ဖြစ်နေတဲ့အချိန် ကူညီတဲ့ သူကို မမေ့သင့်ပါ။ ငွေလေး ၁၀၀ လောက် ပေးပေး၊ ထမင်းလေး တစ်လုပ်လောက် ကျွေးကျွေး မိမိ အဆင်မပြေတဲ့အခါ စာနာထောက်ထားပြီး ကူညီတဲ့ သူတွေကို မိမိအဆင်ပြေရင် မမေ့ပါနဲ့။

နည်းသည် များသည် မဟုတ် အကူအညီဟာ အကူအညီပါပဲ။ မိမိအလုပ် လိုချင်နေတဲ့ အချိန် မိမိအား အလုပ်ရှာပေးသော သူငယ်ချင်းကို လည်းကောင်း၊ မိမိ နေစရာ မရှိတဲ့ အချိန် မိမိအား နေစရာပေးသော မိတ်ဆွေကို လည်းကောင်း ဘယ်တော့မှ မမေ့သင့်ပါ။ ကိုယ် ချမ်းသာတဲ့ တစ်နေ့ကြရင် ကိုယ့်အပေါ်မှာ ကူညီခဲ့ဖူးသော သူတွေကို ထမင်းလေး ဖိတ်ကျွေးခြင်းဖြင့် ကျေးဇူးတင်စကား ပြောနိုင်ပါတယ်။

ကျေးဇူးရှင်တွေကို မမေ့တဲ့ သူတွေဟာ ဘယ်တော့မှာ ဆင်းရဲနွံထဲမှာ နစ်နေမှာ မဟုတ်ပါဘူး။ ကျေးဇူးတရား ဆိုတာ မဆပ်နိုင်ရင်တောင် ကျေးဇူးမကန်းဖို့ လိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top