ခရမ်းချဉ်သီး ငပိချက်၏ ထမင်းမြိန်စေသော အစွမ်းတွေ

nga.gif

ခရမ်းချဉ်သီး ငပိချက်ကို ဆီပြန်ပြန် ချက်ထားမယ်ဆိုရင် ရက်ရှည်ခံ အစား အစာအဖြစ် စားသုံးနိုင်ပါတယ်။

ခရမ်းချဉ်သီး ငပိချက် ဆိုပေမယ့်လည်း မိမိ ကြိုက်နှစ်သက်ရာ အသားများနှင့် ရောစပ်ကာ ချက်ပြုတ်နိုင်ပါတယ်။ ဥပမာ – အမဲသား၊ ဝက်သား၊ ငါးခြောက် စတာတွေနဲ့ အရသာ ရှိအောင် ရောစပ်ပြီး ချက်နိုင်ပါတယ်။

တစ်ချို့ကတော့ ငရမ်းချဉ်သီး ငပိချက်ထဲမှာ ငရုတ်သီးကို အတောင့်လိုက် ထည့်ပြီး ချက်ကြသလို တစ်ချို့ကတော့ မထည့်ပါဘူး။ သို့သော် ငပိချက် ချက်တဲ့ အခါမှာ ခရမ်းချဉ်သီးတွေကို ကြေအောင် ဂရုစိုက်ပြီး ချက်မယ် ဆိုရင် ပိုမိုပြီး စားကောင်းမှာ ဖြစ်ပါတယ်။ နံနံပင် ကြိုက်သူတွေ ကတော့ နံနံပင်လေးတွေကို ထည့်ချက်ရင်တော့ မွှေးပျံ့နေမှာပေါ့။

၎င်းနဲ့ တွဲဖက်ပြီး တို့စရာလေးတွေကလည်း လိုအပ်ပါတယ်။ ခရမ်းဂျွတ်သီး း၊ သခွားသီး၊ ဘူးသီးပြုတ် စတာလေးတွေနဲ့ အတူ စားလိုက်မယ်ဆိုရင် ခရမ်းချဉ်သီး ငပိချက်၏ ထမင်းမြိန်စေသော အစွမ်းတွေကို ခံစားရမှာ အသေအချာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top