အက်တမ် (ATOM) မှ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဘားအံမြို့တို့ရှိ ရေဘေးသင့်ဒေသများသို့ မြန်မာငွေကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းခဲ့

13.8.2024-yyl-4-1.jpg

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် လတ်တလော ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားနေရသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သော ဘားအံမြို့တို့တွင်ရှိသော ထောင်ပေါင်းများစွာသော ရေဘေးသင့်ပြည်သူများအတွက် မြန်မာငွေကျပ်သိန်း ၁,၀၀၀ (ကိန်းဂဏန်းအားဖြင့် မြန်မာငွေကျပ် ၁၀၀,၀၀၀,၀၀၀) တန်ဖိုးရှိ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့လှူဒါန်းနေလျက်ရှိကြောင်း ကြေညာခဲ့သည်။

မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှု၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ နေရာအနှံ့အပြားတွင် ထိခိုက်ဆုံးရှုံးခဲ့ရပြီး ပြည်သူများ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည့်အတွက် ထိုဒေသများတွင်ရှိ လူမှုအသိုင်းအဝိုင်းများအတွက် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ လိုအပ်နေခဲ့ပါသည်။ ထိုအချိန်တွင် အက်တမ် (ATOM) သည် ၎င်း၏ စေတနာ့ဝန်ထမ်းများအကူအညီဖြင့် ရေဘေးသင့်ဒေသများထံသို့ ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိပါသည်။ ယခုကဲ့သို့ အက်တမ် (ATOM) ၏ လျင်မြန်ထိရောက်စွာ သွားရောက်လှူဒါန်းမှုတွင် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ စည်သွပ်ပဲ၊ ခေါက်ဆွဲခြောက်၊ ရေနှင့် ‌ဓာတ်ဆားရည်အစရှိသော အရေးပေါ်အစားအသောက်များအပြင် ဖယောင်းတိုင်ကဲ့သို့သော အရေးပေါ် အသုံးပစ္စည်းများကို လှူဒါန်းခဲ့သည်။ ခန့်မှန်းခြေ ရေဘေးသင့်ပြည်သူပေါင်း (၁၀,၀၀၀) ကျော်အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အိမ်ထောင်စုပေါင်း (၂,၀၀၀) ကျော်ကို ထိုအရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။ လိုအပ်သောအကူအညီများပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွက် မြန်မာငွေကျပ်သိန်း (၅၀၀)၊ ဘားအံမြို့အတွက် မြန်မာငွေကျပ်သိန်း (၅၀၀)၊ စုစုပေါင်း မြန်မာငွေကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းမှုကို ဒေသအလိုက်အသီးသီးခွဲဝေခဲ့ပါသည်။ အကူအညီများဝေမျှပေးရန် စိတ်အားထက်သန်ကြသော အက်တမ် (ATOM) ဝန်ထမ်းများက လိုအပ်သော လူမှုအသိုင်းအဝိုင်းများထံသို့ အကူအညီများရောက်ရှိစေရန် စွမ်းစွမ်းတမံ ကူညီလုပ်အားပေး လုပ်ကိုင်နေလျက်ရှိသည်။

အရေးပေါ်အထောက်အပံ့ပစ္စည်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့တွင် ရန်ကုန်မြို့ရှိ အရှေ့ဒဂုံမြို့နယ် နှင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးတို့ကို သွားရောက်ပေးပို့လှူဒါန်းခဲ့ပြီး ဘားအံမြို့သို့ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် သွားရောက်ပို့ဆောင်လှူဒါန်းခဲ့သည်။ “ရေဘေးဒဏ်ကို ခံစားကြုံတွေ့ခဲ့ရတဲ့ ဒေသများအားလုံးအတွက် ကျွန်တော်တို့ အက်တမ် (ATOM) က ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။ လူမှုအသိုင်းအဝိုင်းများရဲ့ စည်းလုံးခြင်းအင်အားကို ကျွန်တော်တို့ အက်တမ် (ATOM) က အပြည့်အဝယုံကြည်ပြီး အကူအညီလိုအပ်နေသူတွေဆီကို အက်တမ် (ATOM) ရဲ့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ အခုလိုမျိုး အရေးပေါ်အခြေအနေတွေမှာ အက်တမ် (ATOM) က လူမှုအသိုင်းအဝိုင်းတွေကို ကူညီဖေးမသွားဖို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah ကပြောကြားခဲ့သည်။

အက်တမ် (ATOM) သည် “မျှဝေခံစား အက်တမ်၏နှလုံးသား” ဆောင်ပုဒ်အောက်၌ လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းများစသည့် အက်တမ် (ATOM) ၏ ချမှတ်ထားသော အဓိကဦးတည်ချက် (၃) ရပ် နှင့်အညီ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍ အက်တမ် (ATOM) အနေဖြင့် ထိုလူမှုအကျိုးပြုလုပ်ငန်းများအတွက် စုစုပေါင်း မြန်မာငွေကျပ်သိန်းပေါင်း ၄၀,၀၀၀ (မြန်မာငွေကျပ် ၄ ဘီလီယံ) ကို ပံ့ပိုးကူညီပေးခဲ့ရာ မြန်မာပြည်သူပြည်သားပေါင်း (၅) သိန်းကျော်၏ လူနေမှုဘဝများကို ကောင်းကျိုးများသက်ရောက်စေခဲ့ပါသည်။ အက်တမ် (ATOM) မှ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီမှုများပြုလုပ်ပေးခြင်းသည် အကြပ်အတည်းကာလတွင် ရပ်ရွာလူမှုအသိုင်းအဝိုင်းများ ပံ့ပိုးကူညီရေးကို အလေးပေးလုပ်ဆောင်သည့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းဆိုင်ရာခေါင်းစဉ်နှင့်အညီ ကူညီဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အက်တမ် (ATOM) သည် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် အိမ်ထောင်စုများနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်ရှိ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၄၀,၀၀၀) ကျော်ထံ အစားအသောက်များအပါအဝင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top