အမေများနေ့ကို တယ်လီနောစတားများ အထူးအစီအစဉ်တွေနဲ့ ဆင်နွှဲနိုင်မည်

Photo_Mothers-Day-Offer.png

အခုနှစ် မေလ (၁၂) ရက်နေ့မှာ ကျရောက်မယ့် အမေများနေ့ အထိမ်းအမှတ် အဖြစ် တယ်လီနောမြန်မာရဲ့ စတားအဆင့်ရသုံးစွဲသူတွေအားလုံးအတွက် အထူးအကျိုးခံစားခွင့် အစီအစဉ်တွေကို စီစဉ်ထားရှိရာ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့မိခင်တွေကို ချစ်ခင်မြတ်နိုးမှု၊ လေးစားတန်ဖိုးထားမှုတွေကိုအဲဒီအစီအစဉ်တွေနဲ့ ပြသသွားနိုင်မှာ ဖြစ်ပါတယ်။ မေလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့ အတွင်း တယ်လီနော စတားအဆင့်ရ အသုံးပြုသူတွေအားလုံးက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ ပြည်၊ မုံရွာ၊ ပဲခူး နှင့် ပြည် အစရှိတဲ့ မြို့ကြီး (၈) မြို့က SML Medical & Diagnostic Centre ရဲ့ စင်တာခွဲပေါင်း (၁၄) ခုမှာ Special Women Health Check package ကျန်းမာရေး စစ်ဆေးမှုအစီအစဉ်ကို ၂၀% လျှော့ဈေးနဲ့ ရယူခံစားနိုင်မဲ့အပြင် အခြားမည်သည့် ထပ်ဆောင်း ကျန်းမာရေး စစ်ဆေးမှုအတွက်မဆို နောက်ထပ် ၁၀% လျှော့ဈေးခံစားခွင့်ကိုလည်း ထပ်မံ ရရှိသွားမှာဖြစ်ပါတယ်။

အလားတူပဲ အမေများနေ့ အထိမ်းအမှတ်မှာ တယ်လီနောရဲ့ စတားအဆင့်ရ အသုံးပြုသူတွေအနေဖြင့် အောက်ပါ အထူး အကျိုးခံစားခွင့်တွေကိုလည်း ထပ်မံ ရယူသွားနိုင်မှာဖြစ်ပါတယ်။

၁။ HLA Lifestyle Wellness Center (ရန်ကုန်ဆိုင်ခွဲ)မှာ ပထမအကြိမ် ဝန်ဆောင်မှု ရယူသူတိုင်းသည် အလှအပ နှင့် ဆံကေသာ ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုအတွက် ၅၅% လျှော့ဈေးခံစားခွင့်နှင့် အပန်းဖြေအစီအစဉ်တွေ၊ အလှအပ၊ ဆံကေသာနှင့် အစားအသောက်တွေအတွက် ၃၀% လျှော့ဈေးခံစားခွင့်

၂။ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တွေက Yves Rocher ဆိုင်ခွဲပေါင်း (၈) ခုမှာ မည်သည့်ထုတ်ကုန်ကိုမဆို ဝယ်ယူ သူတိုင်းအတွက် ၃၀% လျှော့ဈေးခံစားခွင့်နဲ့ ၅,၀၀၀ ကျပ်တန်ဖိုးရှိ ခေါင်းလျှော်ရည် ဘူးသေးတစ်ဘူး လက်ဆောင်

၃။ ရန်ကုန်မြို့ရှိ Shiseido ဆိုင်ခွဲ (၂) ခုမှာ မည်သည့်ထုတ်ကုန်ကို မဆို ဝယ်ယူသူတိုင်းအတွက် အခမဲ့ skincare pounch bag လက်ဆောင်

အမေများနေ့က လူ့အဖွဲ့အစည်းအတွင်းမှ မိခင်တွေရဲ့အရေးပါအရာရောက်မှု၊ လွှမ်းမိုးနိုင်စွမ်းရှိမှုတွေကို ဂုဏ်ပြု သောအားဖြင့် ကျင်းပတဲ့ အထင်ကရနေ့တစ်နေ့ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ နေရာဒေသအသီးသီးမှာ အမေများနေကို ကျင်းပတဲ့နေ့ရက်က ကွဲပြားလေ့ရှိကြပြီး အများအားဖြင့် မတ်လနှင့် မေလတွေမှာ ကျင်းပ လေ့ ရှိကြပါတယ်။ ပုံမှန်အားဖြင့် အမေများနေ့မှာ မိမိတို့၏ မိခင်တွေကို ပန်းစည်းများ၊ အမှတ်တရ ပိုစ့်ကတ်များနှင့် အခြားလက်ဆောင်များ ပေးအပ်ပြီး ချစ်ခင်လေးစားကြောင်း ပြသလေ့ရှိကြပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top