Samsung Myanmar က Galaxy A03 Core စမတ်ဖုန်းကို စတင်မိတ်ဆက်

25-6-2022-yyl02.jpg

Samsung Myanmar က Galaxy A03 Core စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ ယနေ့စတင်မိတ်ဆက်ခဲ့ပါတယ်။ Galaxy A03 Core ဖုန်းရဲ့ ကျောဖက်နဲ့ ရှေ့ဖက်တွေမှာ 8MP, f2.0 နဲ့ 5MP, f2.2 ကင်မရာနှစ်လုံးထည့်သွင်းပေးထားပြီး ၆.၅ လက်မ Infinity-V HD+ TFT မျက်နှာပြင်ပါရှိလို့ ကြီးမားကျယ်ပြန့်တဲ့ မြင်ကွင်းပြည့်ခံစားမှု ရရှိမှာပါ။ OCTA-core processor ကြောင့် လျင်မြန်ချောမွေ့သော စွမ်းဆောင်ရည် ပေးစွမ်းနိုင်မယ့်အပြင် ဘက်ထရီစား သက်သာစေပြီး ပမာဏကြီးမားသော 5,000 mAh ဘက်ထရီပါရှိလို့ တစ်ကြိမ်အားသွင်းထားရုံဖြင့် တစ်နေ့တာလုံး စိတ်ပူပန်မှုမရှိ သုံးစွဲနိုင်မှာပါ။

Galaxy A03 Core စမတ်ဖုန်းဟာ Samsung စမတ်ဖုန်းတွေအနက် အသက်သာဆုံးဈေးနှုန်း ၂၁၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင် ၂ မျိုး – ( အပြာရောင်နှင့် အနက်ရောင်) ရွေးချယ်နိုင်မှာပါ။ Galaxy A03 Core ကို အစောဆုံး ဝယ်ယူအားပေးသူတွေအနေနဲ့ Phone Cover နဲ့ Ear Phone လက်ဆောင်တွေ ရရှိဦးမှာပါ။ (ပစ္စည်းလက်ကျန်ရှိသည့်အထိသာ)

Galaxy A03 Core စမတ်ဖုန်းကို ယနေ့မှစတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung အရောင်းပြခန်းတွေနဲ့ တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ စတင်ဝယ်ယူနိုင်ပြီ။ Galaxy A03 Core စမတ်ဖုန်းကို ဝယ်ယူသူတွေအနေနဲ့ No Worry Crack ဝန်ဆောင်မှုကိုလည်း ဝယ်ယူတဲ့နေ့မှ ၆ လအတွင်း (၃၁ ဒီဇင်ဘာလ ၂၀၂၂ အထိ) ရရှိမှာပါ။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top