အက်တမ် (ATOM) က မြန်မာနိုင်ငံ၏ အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးနေရာ GREAT PLACE TO WORK® အဖြစ် အသိအမှတ်ပြုလက်မှတ်ရ

8.11.24-yyl-5.png

အက်တမ် (ATOM) သည် Great Place to Work® ၏ ယုံကြည်မှုညွှန်းကိန်း (Trust Index Survey) စစ်တမ်းတွင် ရလာဒ် ၈၅ ရာခိုင်နှုန်းရရှိ

အက်တမ် (ATOM) သည် Great Place to Work® အသိအမှတ်ပြုလက်မှတ်ရရှိရန် ကြိုးပမ်းမှု ခရီးစဉ်တွင် မိမိတို့၏ ဝန်ထမ်းများကို ဦးစားပေးကာ အပြုသဘောဆောင်သော လုပ်ငန်းခွင် ယဉ်ကျေးမှုကို ကျင့်သုံးခဲ့

ဝန်ထမ်းများ၏ အောင်မြင်တိုးတက်မှုနှင့် အပြုသဘောဆောင်သော စံပြလုပ်ငန်းခွင်တစ်ခုအဖြစ် ဆက်လက်ဖော်ဆောင်ရန် ရည်ရွယ်

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၄ နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ကာလအပိုင်းအခြားအတွက် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးနေရာတစ်ခုအဖြစ် Great Place to Work® ၏ တရားဝင်အသိအမှတ်ပြုခံရကြောင်းကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အသိပေးအပ်ပါသည်။ ဤကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် အက်တမ် (ATOM) ၏ ဝန်ထမ်းများအလုံးစုံတိုးတက်မှုကို ပံ့ပိုးနိုင်သည့် လူမှုအသိုင်းအဝန်းဦးစားပေးလုပ်ငန်းခွင်ယဉ်ကျေးမှုတည်ဆောက်ရန် ကြိုးပမ်းမှုဆောင်ရွက် နေမှုအတွက် အဓိကကျသောမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းဖြစ်ပါသည်။

Great Place to Work® အသိအမှတ်ပြု လုပ်ငန်းခွင်တစ်ခုဖြစ်နိုင်ရန် အဖွဲ့အစည်းတစ်ခု၏ ယုံကြည်မှု ညွှန်းကိန်းစစ်တမ်း (Trust Index Survey) ရလာဒ် အနိမ့်ဆုံး ၆၄.၅ ရာခိုင်နှုန်းနှင့်အထက် ရရှိရန်လိုအပ်ပြီး အက်တမ် (ATOM) ၏ စစ်တမ်းရလာဒ်မှာ ၈၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ ဤကဲ့သို့ အသိအမှတ်ပြု လက်မှတ်ရရှိခြင်းသည် ဝန်ထမ်းတစ်ဦးနှင့်တစ်ဦးတန်ဖိုးထားဆက်ဆံပြီး လက်တွဲညီသောလုပ်ငန်းခွင်တစ်ခု ဖန်တီးတည်ဆောက်ရန် ကြိုးပမ်းနေသည့် အက်တမ် (ATOM) ၏ အားထုတ်မှုကို သက်သေပြနေခြင်း ဖြစ်ပါသည်။

Great Place to Work® အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ စစ်တမ်းကောက်ယူမှုကို ဝန်ထမ်း ၉၈ ရာခိုင်နှုန်း က တက်ကြွစွာ ဝင်ရောက်ဖြေဆိုခဲ့သည်ကိုထောက်ရှုခြင်းအားဖြင့် ၎င်းတို့၏ စိတ်ပါဝင်စားမှုကို သိသာ ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ စစ်တမ်းကောက်ယူမှုတွင် ဝန်ထမ်းအများအပြား ပါဝင်ဖြေဆိုခဲ့ခြင်းမှာ ဝန်ထမ်းအားလုံး၏ တစ်ညီတစ်ညွတ်တည်း စုပေါင်းတည်ဆောက်ထားသော လုပ်ငန်းခွင်ယဉ်ကျေးမှုအပေါ် ထားရှိသည့် ဂုဏ်ယူစိတ်နှင့် ကတိကဝတ်ကို ထင်ဟပ်နေစေပါသည်။

အက်တမ် (ATOM) သည် ဝန်ထမ်းအချင်းချင်းလေးစားကာ ရိုင်းပင်းကူညီတတ်သည့် အသင်းအဖွဲ့ စိတ်ဓာတ်ရှိသော စံတန်ဖိုးများ၊ လုပ်ငန်းခွင်ယဉ်ကျေးမှုများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် မြန်မာ့ အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုအဖြစ်ရပ်တည်ရန် ရည်ရွယ်ပါသည်။ ဝန်ထမ်းများ၏ အလုံးစုံတိုးတက် အောင်မြင်မှုကို ဦးစားပေးလျက် ပိုမိုကောင်းမွန်ပြီး မျှချေရှိသော လုပ်ငန်းခွင်ဖြစ်လာစေရန် မကြာသေးမီက ဝန်ထမ်းများဦးဆောင်သော “ကျွန်ုပ်တို့အပြုအမူ၊ ကျွန်ုပ်တို့ယဉ်ကျေးမှု” လှုပ်ရှားမှု၊ ကျန်းမာရေးအစီအစဉ်၊ Kudos အစီအစဉ်၊ ပုံမှန်ဝန်ထမ်းထိတွေ့ဆက်ဆံမှုစစ်တမ်းကောက်ယူခြင်း၊ အခြားအသင်းအဖွဲ့စိတ်ဓါတ် တည်ဆောက်ရေး လှုပ်ရှားမှုများကို ပြုလုပ်ပံ့ပိုးပေးထားပါသည်။

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က “Great Place to Work® ရဲ့ အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါ တယ်။ ဒီအသိအမှတ်ပြုမှုဟာ ကျွန်တော်တို့ကြိုးစားတည်ဆောက်နေတဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကိုထင်ဟပ်နေတာကြောင့် ကျွန်တော်တို့အားလုံးအတွက် အင်မတန်မှအဓိပ္ပါယ်ရှိပါတယ်။ ဒါဟာ အက်တမ် (ATOM) က ဝန်ထမ်းတွေအားလုံး အတူတူကြိုးစားတည်ဆောက်ထားတာကို အသိအမှတ် ပြုတာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းအားလုံး ပိုမိုတိုးတက်ရုံသာမက တီထွင်ဆန်းသစ်မှုရှိပြီး လုပ်ပိုင်ခွင့် အပြည့်အဝရှိတဲ့ အောင်မြင်နိုင်တဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာအောင် ဆထက်တပိုးတိုးကြိုးစားဖို့ စိတ်ခွန်အား ပေးရာလည်း ရောက်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Great Place to Work® အသိအမှတ်ပြုလက်မှတ်သည် အပြုသဘောဆောင်ပြီး လူတိုင်းပါဝင်နိုင်သော လုပ်ငန်းခွင်တစ်ခု ဖန်တီးရာတွင် အက်တမ် (ATOM) မှကျင့်သုံးနေသည့် စံတန်ဖိုးများဖြစ်သော ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှု၊ တစ်ဦးပေါ်တစ်ဦးလေးစားမှုနှင့် စွမ်းဆောင် နိုင်မှုတို့ကို ထင်ဟပ်စေပါသည်။ အက်တမ် (ATOM) အနေဖြင့် ဝန်ထမ်းအားလုံး တစ်ဦးနှင့်တစ်ဦးလေးစား တန်ဖိုးထားဆက်ဆံကြပြီး အောင်မြင်တိုးတက်မှုအတွက် ကူညီဖေးမသော ပတ်ဝန်းကျင် ကောင်းရှိသည့် လုပ်ငန်းခွင်တစ်ခုကိုဆက်လက် အကောင်အထည်ဖော်ဖန်တီးသွားမည်ဖြစ်ပါသည်။ ဤကဲ့သို့ မှတ်တိုင်သစ် တစ်ခုစိုက်ထူနိုင်ခဲ့ခြင်းအပေါ် ဝမ်းသာဂုဏ်ယူရင်း အက်တမ် (ATOM) သည် ဝန်ထမ်းများအတူတကွ တည်ဆောက်ခဲ့ကြသော ပူးပေါင်းဆောင်ရွက်မှုရှိပြီး လူတိုင်းပါဝင်ပတ်သက်သည့် လုပ်ငန်းခွင်ယဉ်ကျေးမှု ပိုမိုခိုင်မာအားကောင်းအောင် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top