Mega Lifesciences Ltd နဲ့ ဝန်ထမ်းတွေစုပေါင်းကာ ငွေကျပ် သိန်း (၂၂၅၀) တန်ဖိုး ရှိ Covid ကုသရေး အထောက်အကူပြုပစ္စည်းများနဲ့ ငွေကျပ် – ၂၆၄ သိန်းဖိုး ဆေးဗူးတို့ကို လှူဒါန်း

Mega-1.jpg

Mega Lifesciences Ltd နဲ့ ကုမ္ပဏီဝန်ထမ်းတွေအားလုံး စုပေါင်းကာ ငွေကျပ်သိန်း (၂,၂၅၀) တန်ဖိုး (အမေရိကန်ဒေါ်လာ ၁၄၃,၇၅၀) အထူးကြပ်မတ် ကုသဆောင်သုံး အသက်ရှူစက် (၅) လုံး၊ Patient Monitor (၅) လုံးနဲ့ Video Laryngoscope (၁) ခု တို့အပြင် Mega Lifesciences Ltd (Nutra Division) က လည်း ငွေကျပ် ၂၆၄ သိန်း တန်ဖိုးရှိ Nat C (Vitamin 1000 မီလီဂရမ်) ဆေးပြား (၃၀) ပါ ဆေးဘူးအရေအတွက် (၃၅၀၀) တို့ကို သြဂုတ်လ (၂၉) ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးရုံး နေပြည်တော်မှာ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီလှူဒါန်းမှုကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ Mega Lifesciences Ltd က လှူဒါန်းခဲ့တဲ့ ငွေကျပ် သိန်း (၂,၂၅၀) မှာ Mega ကုမ္ပဏီက ငွေကျပ်သိန်းပေါင်း (၁၆၅၀) နဲ့ ဝန်ထမ်းတွေက ငွေကျပ်သိန်း (၆၀၀) တို့ကို ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။

Mega Lifesciences Ltd (Nutra Division) အနေနဲ့ ကမ္ဘာ့ကူးစက်မှုရောဂါ Covid 19 ကာလ အခုနှစ် မေလနဲ့ ဇွန်လအတွင်း ငွေကျပ်တန်ဖိုး (၁၀၈) သိန်း တန်ဖိုးရှိ Nat C (Vitamin C 1000mg) (၁၄၄၀) ဗူးကိုလည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းနှင့် ရှေ့တန်းကနေ မိမိတို့ရဲ့အသက်ကိုပင် ပဓာနမထားဘဲ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီး Covid အထူးကုစင်တာ၊ ဝေဘာဂီဆေးရုံကြီး Covid အထူးကုစင်တာ၊ ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ကုတင် ၅၀၀ ရန်ကုန် အထူးကုဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံကြီးနဲ့ သင်္ဃန်းကျွန်းဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေအတွက် လှူဒါန်းခဲ့သေးတယ်လို့ သိရှိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top