HUAWEI Mate 30 Pro စမတ်ဖုန်းဖြင့် ရိုက်ကူးထားသည့် ဇာတ်လမ်းတို (Short Film) နှစ်ကား အထူးပွဲပြသ

yyl-029-9.jpg

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် HUAWEI Film Awards ၏ Red Carpet ပွဲတွင် HUAWEI Mate 30 Pro စမတ်ဖုန်းဖြင့် ရိုက်ကူးထားသည့် ဇာတ်လမ်းတို (Short Film) နှစ်ကားအား ပြသခဲ့သည်။ ပထမဇာတ်ကားသည် ဒုတိယကမ္ဘာစစ် (ဂျပန်ခေတ်ကာလ) ကို အခြေခံ ရိုက်ကူးထားသည့် “Unbreakable Bond” ဟု အမည်ပေးထားသည့် Short Film ဖြစ်ပြီ ဒါရိုက်တာ အာကာ (Ar Kar Production) မှ ပုံဖော်ဖန်တီးခဲ့သည်။ ထိုဇာတ်ကားတွင် ချစ်သူနှစ်ဦးကြား ထားရှိကြသည့် မပျက်ပြယ်သော သစ္စာ၊ မေတ္တာနှင့် စစ်ကြီး ကာလအတွင်းနှင့် စစ်ပြီးကာလများတွင် အသက်ရှင်သန်နိုင်ရန် ခဲရာခဲဆစ် ရုန်းကန်ရပုံကို ရင်သပ်ရှုမောဖွယ် ရိုက်ချက်များဖြင့် စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးပုံဖော်ထားသည်။

ဒုတိယ Short Film အား ဒါရိုက်တာ Wayne က စိတ်ကူးပုံဖော် ရိုက်ကူးထားပြီး “Relive” ဟု အမည်ပေးထားသည်။ အဆိုပါ ဇာတ်ကားတွင် လူတစ်ဦး၏ ပြောင်းလဲသွားသော နေထိုင်မှုဘဝ ပုံစံအကြောင်းများ၊ အခက်အခဲများ ကျော်ဖြတ်ရပုံနှင့် ဘဝအဓိပ္ပာယ်ကို နားလည်သဘောပေါက် နိုင်စေရန် ရသအမျိုးမျိုးဖြင့် ခံစားကြည့်ရှုနိုင်ရန် ပုံဖော်ရိုက်ကူးထားပါသည်။

ထို့နောက် ဇာတ်လမ်းတို ဖန်တီးပုံဖော်သူ ဒါရိုက်တာများနှင့် ပါဝင်ခဲ့သည့် သရုပ်ဆောင်များက HUAWEI Mate 30 Pro စမတ်ဖုန်းဖြင့် ဇာတ်လမ်းတိုများ ဖန်တီးရိုက်ကူးခဲ့သည့် အတွေ့အကြုံများအကြောင်းကို မျှ‌ဝေဆွေးနွေးသည့် Huawei Film Workshop ကို ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်များက HUAWEI Mate30 Pro ကို အသုံးပြုကာ အဆင့်မြင့် ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးမှုပညာရပ်များ လေ့လာခွင့်ရခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top