ကောလိပ်ကျောင်းတွေမှာ ဝန်ဆောင်မှုပေးသွားမယ့် Starship ရဲ့ Delivery Robot များ

2017-03-22-deliverybot-mkelly-055-680983e28dbc6b2f8f443a7843764421318b29ee-s800-c85.jpg

ဘီး (၆) ဘီးပါဝင်ပြီး ထိန်းချုပ်လို့ရစနစ်ပါဝင်တဲ့ ပစ္စည်းပို့ဆောင်ရေးစက်ရုပ်တွေကို အမေရိကန်ပြည်ထောင်စုက ကောလိပ်ကျောင်း တွေမှာ ဖြန့်ကျက်ဝန်ဆောင်မှုပေးသွားမယ်လို့ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက်နည်းပညာလုပ်ငန်းစု Starship က ပြောကြား လိုက်ပါတယ်။

ဝန်ဆောင်မှုပေးဖို့နေရာသစ်အဖြစ် ကောလိပ်ကျောင်းတွေကိုရွေးရခြင်းက လမ်းတွေကျယ်ဝန်းပြန့်ပြူးပြီး လိုအပ်ချက်နဲ့ကိုက်တဲ့ အဆောက်အဦဖွဲ့စည်းပုံနဲ့ ပစ္စည်းပို့ဆောင်ရေးစနစ်နဲ့မစိမ်းကြတဲ့ ကျောင်းသူ/သားတွေရှိနေတာကြောင့်ဖြစ်တယ်လို့ Starship က ပြောခဲ့ပါတယ်။

ကုန်အလေးချိန်ပေါင် (၂၀) ထိသယ်ဆောင်နိုင်တဲ့ အဲဒီလျှပ်စစ်စွမ်းအင်သုံးစက်ရုပ်တွေမှာ လမ်းကြောင်းပြကင်မရာတွေကိုလည်း တပ်ဆင်ထားတာပါ။ Starship ရဲ့ပစ္စည်းပို့ပေးတဲ့စက်ရုပ်တွေဟာ နိုင်ငံပေါင်း (၂၀) က မြို့ကြီး (၁၀၀) ကျော်ရဲ့ လမ်းအရေအတွက် (၄) သန်းပေါ်မှာ ကုန်စည်ပို့ဆောင်မှုအကြိမ်ရေပေါင်း (၁၀၀၀၀၀) ထိ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

Starship ဟာ စက်ရုပ်နဲ့ ပစ္စည်းပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုအတွက် ကျသင့်ငွေကို ၁. ၉၉ ဒေါ်လာ ကောက်ခံဖို့သတ်မှတ်ထားပြီး လာမယ့် (၂) နှစ်အတွင်း ကောလိပ်ကျောင်းတစ်ခုစီမှာ စက်ရုပ်အရေအတွက် (၂၅) ကနေ (၅၀) ထိ ထားရှိဝန်ဆောင်မှု ပေးသွားနိုင်ဖို့လျာထားပြီး ၂၀၂၁ ခုနှစ်အရောက်မှာ စက်ရုပ်ပေါင်း (၅၀၀၀) ရှိလာဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

Starship ရဲ့ အမှုဆောင်အရာရှိချုပ် လက်ဇ် ဘေယာ (Lex Bayer) ကတော့ “ပစ္စည်းလာပို့ပေးတဲ့စနစ်ကိုသုံးသူတွေက အဆင်ပြေချောမွေ့တဲ့ပို့ဆောင်ရေးစနစ်ကိုပဲသဘောကျကြပေမဲ့ ရနေတဲ့ဝန်ဆောင်မှုတွေက ရှုပ်ထွေးကြန့်ကြာမှုပြဿနာတွေများစွာ နဲ့ပါ။ ဒါကြောင့် ဒီလိုပြဿနာတွေနည်းပါးအောင် အပြည့်အဝထိန်းချုပ်ကွပ်ကဲလို့ရမယ့်စက်ရုပ်တွေနဲ့ပစ္စည်းပို့ဆောင်ပေးတာကို သဘောတကျသုံးတာများလာပါလိမ့်မယ်” လို့ ပြောပြခဲ့ပါတယ်။

Ref: The Verge “Thousands of autonomous delivery robots are about to descend on US college campuses”
TH (ရိုးရာလေး)

3D Photos now available on Android

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top