ကျန်းမာရေးအသုံးစရိတ်အတွက် ဒေါ်လာဘီလျံချီအမြတ်ထွက်လာစေမယ့် ပြည့်စွမ်းမြဲစွမ်းအင် ကဏ္ဍ

https-_blogs-images.forbes.com_dominicdudley_files_2018_01_25789104258_8f662201ab_z.jpg

သတ်မှတ်ထားတဲ့ပြည့်မြဲစွမ်းအင်ဆိုင်ရာစံနှုန်းတွေအတိုင်း လိုက်နာသွားမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုက ပြည်နယ် (၁၀) ခုအနေနဲ့ ၂၀၃၀ ခုနှစ်အရောက်မှာ ကျန်းမာရေးစရိတ်စက ဒေါ်လာ (၄.၇) ဘီလျံဖိုးထိ သက်သာလာဖို့ရှိနေကြောင်း MIT တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုက ဆိုလိုက်ပါတယ်။

ဒီလိုအကျိုးအမြတ်ပမာဏဟာ လေစွမ်းအင်နဲ့ နေစွမ်းအင်လို ပြည့်မြဲစွမ်းအင်ကဏ္ဍတွေအတွက် ရင်းနှီးမြုပ်နှံမှု (၃.၅) ဘီလျံရှိတိုင်း ကျန်းမာရေးအသုံးစရိတ်ကို ၃၄% လောက် သက်သာသွား စေနိုင်တဲ့သဘောပါ။

သုတေသီတွေက ဘဏ္ဍာစီးပွားနဲ့ လေထုညစ်ညမ်းမှုပြဿနာ နှစ်ခုကို ယှဉ်တွဲရှုမြင်ပြီး ပြည်နယ် တစ်ခုချင်းစီအတွင်းကျန်းမာရေးကဏ္ဍအတွက်စရိတ်စကမှာ ၁၃ % လောက်သက်သာသွားနိုင်ဖို့ ပျမ်းမျှသတ်မှတ်ထားပြီး ပြည့်မြဲစွမ်းအင်ကဏ္ဍမှာ ငွေပိုသုံးစွဲလေ ကျန်းမာရေးစရိတ် သက်သာနိုင်မယ့်ပမာဏလည်း ပိုတိုးလာလေပဲ လို့ အနှစ်ချုပ်သုံးသပ်ထားတာဖြစ်ပါတယ်။

“ပြည့်မြဲစွမ်းအင်ကဏ္ဍမှာ အသုံးစရိတ်သုံးလိုက်သမျှ ကျန်းမာရေးကဏ္ဍအဖို့ အသားတင်အမြတ် ထွက်နေစေတဲ့သဘောမျိုးပါ”လို့ MIT က အကြီးတန်းသုတေသနပညာရှင် အမ်မီလ် ဒီမန်ရှက်ဗ် (Emil Dimenshev) ကဆိုပါတယ်။

ညစ်ညမ်းနေတဲ့လေထုဟာ ဒေသတွင်းနေထိုင်သူတွေကို အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါတွေ ခံစားလာရစေနိုင်ပြီး ဆေးကုသမှုအသုံးစရိတ်ကို ပိုတိုးလာစေနိုင်ပါတယ်။

ကျောက်မီးသွေးအခြေပြုစွမ်းအင်အပေါ် အားထားမှုများပြားမှုကြောင့် ပြည်နယ် (၁၀) ခုရဲ့ လေထုအရည်အသွေးကျဆင်းလာနေမှုနဲ့ပတ်သက်လို့ သုတေသီတွေကဂရုပြုလေ့လာခဲ့ပြီး ဖန်လုံအိမ်အာနိသင်ကန့်သတ်ဖယ်ရှားဖို့အတွက် ညစ်ညမ်းမှုဖြစ်စေတဲ့စွမ်းအင်ကို မသုံးစွဲ ခြင်းဟာ လေထုအရည်အသွေးကို ပြန်ကောင်းမွန်လာစေနိုင်ကြောင်း အဖြေထုတ်ပေးခဲ့ ကြပါတယ်။

”ရာသီဥတုဆိုင်ရာမူဝါဒနဲ့ ပြည့်မြဲစွမ်းအင်ဆိုင်ရာမူဝါဒတွေကို ပြည်နယ် (၁၀) ခုလုံးမှာ စတင်လိုက်နာကျင့်သုံးသွားဖို့ အဆင့်သင့်ဖြစ်နေပါပြီ” လို့ဆိုခဲ့ပြီး ဒီမူဝါဒတွေကြောင့် နျူစွမ်းအင်နဲ့ ကျောက်မီးသွေးအခြေပြုစွမ်းအင်ဈေးကွက်တွေကို ပျက်စီးသွားစေရာ ရောက်၊ မရောက် အငြင်းပွားမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

Ref: The Verge “Renewable energy can generate billions of dollars in health benefits, study finds”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top