ယူကရိန်းဒုက္ခသည်တွေကို တည်းခိုခွင့်ပေးရင် တစ်လ ပေါင် ၃၅၀ ထောက်ပံ့ပေးဖို့ ဗြိတိန်အစိုးရ စီစဉ်

11-2-2022-yyl24.jpg

ယူကရိန်းဒုက္ခသည်တွေကို တည်းခိုခွင့်ပေးတဲ့ ပြည်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်လ ပေါင် ၃၅၀ ထောက်ပံ့ပေးဖို့ ဗြိတိန်အစိုးရက စီစဉ်နေပါတယ်။ ” ယူကရိန်းအတွက် ခိုလှုံရာအိမ်”(Homes for Ukraine) လို့ အမည်ပေးထားတဲ့ ဗြိတိန်အစိုးရရဲ့ စီမံကိန်းအရ ပိုလျှံတဲ့ နေအိမ် (သို့)အခန်းတွေရှိရင် ယူကရိန်းဒုက္ခသည်တွေကို အနည်းဆုံး ၆ လကြာ တည်းခိုခွင့်ပေးဖို့ တိုက်တွန်းထားပါတယ်။

တည်းခိုခွင့်ပေးမယ့်သူတွေဟာ ယူကရိန်းဒုက္ခသည်တွေနဲ့ သိကျွမ်းမှုရှိဖို့ မလိုအပ်ပါဘူး။ လူမှုကွန်ရက်ပေါ်မှာ ကိုယ်လက်ခံချင်တဲ့ ဒုက္ခသည်တွေကို ရှာဖွေနိုင်ပြီး သူတို့လက်ခံမယ့်သူ (သို့)မိသားစုရဲ့ အမည်စာရင်းကို အွန်လိုင်းကနေ တင်သွင်း လျှောက်ထားနိုင်ပါတယ်။ ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံကို စွန့်ခွာထွက်ပြေးရသူ ၂ သန်းကျော် ရှိနေပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြန်ဆန်ဆုံး ကြီးထွားလာတဲ့ ဒုက္ခသည်ပြဿနာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ယူကရိန်းဒုက္ခသည်အရေးကို တုံ့ပြန်လှုပ်ရှားမှု အတိုင်းအတာ၊ အချိန်ကာလနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရဟာ ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။

လက်ရှိအချိန်အထိ ဗြိတိန်နိုင်ငံက ယူကရိန်းဒုက္ခသည် ၁၀၀၀ ကိုပဲ ဗီဇာထုတ်ပေးထားပြီး ဗြိတိန်နိုင်ငံမှာ မိသားစုဝင်ရှိသူတွေပဲ ဗီဇာလျှောက်ထားခွင့် ရှိပါတယ်။ ဥရောပသမဂ္ဂက ယူကရိန်းနိုင်ငံသားတွေကို ဗီဇာမလိုဘဲ ၃ နှစ်ကြာ နေထိုင်ခွင့် ပြုထားပေမဲ့ ဗြိတိန်နိုင်ငံကတော့ လုံခြုံရေးအတွက် ပြည်ဝင်ခွင့်ကို ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

Ref: BBC “Ukraine war: UK households offered £350 a month for hosting refugees”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top