နွေရာသီမှာ ကျန်းမာအောင် နေထိုင်စားသောက်နည်းများ

12-3-2020-yyl-001.jpg

လူတစ်ယောက်ဟာ ကျန်းမာစွာ နေထိုင်နိုင်ဖို့ဆိုရင် အာဟာရပြည့်ဝစွာ စားသောက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီအပြောင်းအလဲ ဖြစ်လာပြီဆိုရင်လည်း မိမိတို့ရဲ့ ကျန်းမာရေးအတွက် နေထိုင်စားသောက်မှုကို ဂရုစိုက်ဖို့လိုလာပါပြီ။ အခုလို ပူပြင်းလှတဲ့ နွေရာသီမျိုးမှာ ရေဓာတ်ပြည့်ဝစွာ နေထိုင်ရမဲ့အပြင် လတ်ဆတ်တဲ့အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ဘာတွေစားသောက်လို့ ဘာတွေရှောင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

စားသင့်တဲ့အစားအစာများ

လတ်ဆတ်တဲ့အသီး၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ

နွေရာသီအပူချိန်က ရေဓာတ်ကုန်ခန်းခြင်းကို ဖြစ်စေပြီး ရေဓာတ်ကုန်ခန်းခြင်းက မူးဝေခြင်း၊ မအီမသာဖြစ်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းကို ဖြစ်စေပါတယ်။ ဝမ်းလျှောခြင်းနဲ့ ဝမ်းချုပ်ခြင်းကိုတောင် ဖြစ်စေနိုင်ပါတယ်။ ပူအိုက်လှတဲ့ ရာသီမျိုးမှာဆိုရင် အပူဒဏ်ကို ခုခံနိုင်ဖို့အတွက် လတ်ဆတ်တဲ့အသီးနဲ့ ဟင်းသီးဟင်းရွက်တို့ကို စားသုံးပေးသင့်ပါတယ်။

ရာသီစာဖျော်ရည်များ

အုန်းရည်၊ ဒိန်ချဉ်၊ အသီးဖျော်ရည်တွေဟာ နွေရာသီနဲ့ လိုက်ဖက်တဲ့ ဖျော်ရည်တွေပါပဲ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေကို သောက်ပေးခြင်းကလည်း အပူဒဏ်ကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဒီဖျော်ရည်တွေဟာ ခန္ဓာကိုယ်အတွင်းက အပူတွေကို ညီမျှအောင်လုပ်ဆောင်ပြီး လူကို အေးမြမှုပေးစွမ်းပေးနိုင်ပါတယ်။

ရေ

ရေက (၃) ရာသီလုံးမှာ လိုအပ်တဲ့ အရာပဲဖြစ်ပါတယ်။ နွေရာသီမှာဆိုရင် ရေဓာတ်ကုန်ခန်းမှု မဖြစ်အောင် ရေများများသောက်ပေးဖို့ လိုပါတယ်။ တစ်နေ့ကို ရေ (၁၀-၁၂) ခွက်သောက်ပေးသင့်တဲ့အပြင် အပြင်သွားတဲ့အခါမျိုးမှာလည်း ရေဗူးကို ကိုယ်နဲ့မကွာ ဆောင်ထားသင့်ပါတယ်။

ရှောင်သင့်တဲ့အစားအစာများ

ပရိုတင်း

ပရိုတင်းဓာတ်က ပုံမှန်ဆိုရင် အစာခြေဖျက်ဖို့ ခက်ခဲပြီး ပရိုတင်းကို အဆက်မပြတ်စားသုံးမယ်ဆိုရင် သက်တောင့်သက်သာမဖြစ်စေဘဲ သင့်ကို မအီမသာဖြစ်စေနိုင်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ်ကို စားသုံးဖို့ ထောက်ခံပေးထားတဲ့ ပမာဏက ပုံမှန်ခန္ဓာကိုယ်အလေးချိန်ဆိုရင် (1g per kilo) ဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်က (၅၇-၅၈) ကီလိုဆိုရင် ပရိုတင်းစားသုံးမှုပမာဏက တစ်နေ့ကို (၅၇-၅၈) ဂရမ်ထက်မများသင့်ပါဘူး။

အယ်လ်ကိုဟော

နွေရာသီမှာ အယ်လ်ကိုဟောကို ရေခဲထည့်ပြီး သောက်လိုက်ရင် အေးမြသွားမယ်လို့ ထင်ကောင်းထင်ကြမှာပါ။ တကယ်တော့ အယ်လ်ကိုဟောက အပူတိုးစေတဲ့အပြင် သွေးလွှတ်ကြောကို ပွင့်စေပြီး သင့်ကို ပိုပူလာသလိုခံစားရစေသလို ပိုပြီးလည်း ချွေးပြန်လာစေပါတယ်။ အယ်လ်ကိုဟောကလည်း အပြင်းအထန် ရေဓာတ်ကုန်ခန်းမှုကို ဖြစ်စေပါတယ်။

အဆီများတဲ့အစားအစာများ

ခန္ဓာကိုယ်က ရေဓာတ်မပြည့်တဲ့အခါ ကျောက်ကပ်ကနေတဆင့် ဘေးဖြစ်စေတဲ့ အစားအစာတွေ၊ အဆီပြန်တဲ့ အစားအစာတွေအားလုံးကို အမြဲတမ်း ဖယ်ရှားပစ်လို့မရနိုင်ပါဘူး။ အဆီများတဲ့ အစားအစာတွေက ရင်ပူရင်ဆာဖြစ်စေပြီး ပုံမှန်ထက်ပိုပြီး ချွေးပြန်စေသလို ရေဓာတ်ကုန်ခန်းမှုကို ဖြစ်စေနိုင်ပါတယ်။

Ref: Your guide to staying healthy this summer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top