၂၁ ပတ်နဲ့ မွေးဖွားလာခဲ့တဲ့ အမေရိကန်ကလေးလေး “Most Premature Baby” အဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးခဲ့

baby.jpg

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အမေရိကန်နိုင်ငံမှာ ၂၁ ပတ်နဲ့ မွေးဖွားလာခဲ့တဲ့ ကလေးငယ်လေးက အခုဆို Most Premature Baby လမစေ့ဆုံးကလေးလေးအဖြစ် တရားဝင်ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးလိုက်ပါပြီ။ နာ့ချ် ကင်းဆိုတဲ့ အဲ့ဒီကလေးလေးက အိုင်အိုဝါမှာ ၂၀၂၄ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၁၀ အောင်စပဲရှိပါတယ်။ အခုလအစောပိုင်း သူ့ရဲ့မွေးနေ့ပြီးတဲ့နောက်မှာ နာ့ချ်က Most Premature Baby အဖြစ် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းကို တရားဝင်လက်ခံရရှိခဲ့တာပါ။

နာ့ချ်က University of lowa Health Care Stead Family Children’s Hospital ရဲ့ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ၆ လနေခဲ့ရပါတယ်။ အခုနှစ် ဇန်နဝါရီလကမှ သူ့မိဘတွေနဲ့အတူ အိမ်ပြန်ခွင့်ရခဲ့တာပါ။

“ရိုးရိုးသားသားပြောရရင် ဒါဟာ ဆန်းကြယ်တယ်လို့ ခံစားရတယ်။ လွန်ခဲ့တဲ့ ၁ နှစ်တုန်းကတော့ အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ မသေချာခဲ့ဘူး။ အခုဆို သားလေးရဲ့ပထမဆုံးမွေးနေ့ကို ဆင်နွှဲခဲ့ရပြီ။ စိတ်ခံစားချက်အမျိုးမျိုးပါပဲ။ ဂုဏ်ယူတာ၊ ကျေးဇူးတင်တာတွေနဲ့။ ဂင်းနစ်စ်စံချိန်မှတ်တမ်းက အောင်ပွဲတစ်ခုလိုပါပဲ။ သားလေးက ဒီအထိရောက်လာခဲ့ပြီ။ ဒီမှတ်တိုင်က အချို့အကွေ့တစ်ခုသာမက ဒီအထိရောက်ဖို့ သားလေး ကျော်လွှားခဲ့ရတဲ့ ခံနိုင်ရည်ရှိမှု၊ မျှော်လင့်ချက်နဲ့ အရာအားလုံးလည်းဖြစ်ပါတယ်”လို့ နာ့ချ်ရဲ့မိခင် မော်လီက ဆိုထားပါတယ်။

Ref: US Boy Born At Just 21 Weeks Sets Guinness World Record For “Most Premature Baby”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top