ဆီးရီးယားနိုင်ငံက ဓာတုလက်နက်နဲ့ တိုက်ခိုက်လာမှုအတွက် အမေရိကန်က စစ်ရေးအရ တုံပြန်ဆောင်ရွက်ဖွယ် ရှိနေ

r0_0_800_600_w1200_h678_fmax.jpg

ဆီးရီးယားနိုင်ငံမှာ သံသယရှိဖွယ်ကောင်းတဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လူသေဆုံးမှုတွေဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အင်အားသုံးဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလျင်အမြန်ကတိပေးခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ရေးနည်းလမ်းနဲ့ တုံပြန်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ စစ်ဖက်ခေါင်းဆောင်တွေ၊ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိတွေနဲ့တွေဆုံတဲ့အစည်းဝေးမှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ သမ္မတထရမ့်က အမေရိကန်နိုင်ငံအနေနဲ့ ဆီးရီးယားမှာ စစ်ရေးနည်းလမ်းအရ ဆောင်ရွက်ချက်ကို ရွေးချယ်ဖို့ အလားလာတွေရှိတယ်လို့ ပြောပါတယ်။ အားလုံးမျက်မြင်တွေရှိပြီးဖြစ်တဲ့ ခုလို ယုတ်မာတဲ့လုပ်ရပ်တွေကို လုပ်ခွင့်ပြုမှာမဟုတ်ဘဲ အမေရိကန်နိုင်ငံဟာ အင်အားကြီးနိုင်ငံဖြစ်တာကြောင့် အဲဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ဆီးရီးယားနိုင်ငံ၊ ဒိုမာမြို့ရဲ့ နေရာအများပြားကို သံသယဖြစ်ဖွယ် ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့မှုအတွက် အနည်းဆုံးလူပေါင်း ၆၀ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀၀ ကျော်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆီးရီးယားအကူညီပေးရေးအဖွဲ့အစည်းတွေက ပြောခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့သူကို သိရှိထားပြီးဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောခဲ့ပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေက အမေရိကန်နိုင်ငံအနေနဲ့ စစ်ရေးနည်းလမ်းဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ စဉ်းစားနေပြီဖြစ်ကြောင်း ပြောပါတယ်။ ဓာတုလက်နက်နဲ့တိုက်ခိုက်မှုအပေါ် တုံပြန်နိုင်ဖို့ အမေရိကန်သမ္မတထရမ့်ဟာ ပြင်သစ်သမ္မတမက်ခရွန်နဲ့ ဖုန်းဆက်ဆွေးနွေးမှုတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဓာတုလက်နက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှားသမ္မတပူတင်မှာ တာဝန်ရှိ မရှိ မေးမြန်းခဲ့ချိန်မှာ သမ္မတထရမ့်က ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။

Ref: www.reuters.com

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top