မြန်မာနိုင်ငံမှာ လူစုဝေးခြင်းကို တားမြစ်လိုက်တဲ့အမိန့်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက စိုးရိမ်မကင်းဖြစ်နေ

9-2-2021-yyl-26.jpg

ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြန်မာပြည်သူလူထုတွေ သုံးရက်မြောက်ဆန္ဒပြီးနောက် မြန်မာစစ်တပ်က လူထုစုဝေးခြင်းကို တားမြစ်ဖို့ အမိန့်ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က ပြောပါတယ်။

“ဒီမိုကရေစီနည်းကျကျရွေးချယ်တင်မြှောက်ခံထားရတဲ့အစိုးရကို ထောက်ခံပြီး ငြိမ်းချမ်းစွာဆန္ဒပြထုတ်ဖော်နေတဲ့ မြန်မာပြည်သူလူထုရဲ့ဆန္ဒကို ကျွန်တော်တို့ အားပေးတယ်။ သူတို့နဲ့အတူ ကျွန်တော်တို့ ရပ်တည်နေပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ နက်ပရိုက်စ်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိပြဿနာဟာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီမှာ လူ့အခွင့်အရေးကို ဦးစားပေးဖို့နဲ့ နိုင်ငံတကာစိန်ခေါ်မှုတွေမှာ မဟာမိတ်နိုင်ငံတွေနဲ့ပိုမိုပူးပေါင်းဖို့အတွက် သမ္မတဂျိုး ဘိုင်ဒင်ရဲ့ ကတိကဝတ်တွေထဲက ပထမဆုံးအဓိကစမ်းသပ်ချက်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက စစ်အာဏာသိမ်းမှုကို တုန့်ပြန်ဖို့ လည်း အလျင်အမြန်လုပ်ဆောင်နေတယ်လို့ပရိုက်စ်ကပြောကြားခဲ့ပါတယ်။

အမေရိကန်အာဏာပိုင်တွေက မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတရုတ်ကို မြန်မာစစ်တပ်ရဲ့ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာပြစ်တင်ရှုတ်ချမှုမှာ ပါဝင်ဖို့ တိုက်တွန်းနေပါတယ်။

Ref: TheStraitsTimes “US concerned about restrictions on gatherings after mass demonstrations in Myanmar”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top