ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

9-2-2021-yyl-27.jpg

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပြီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။


လွန်ခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လျှောက်လှမ်းခဲ့တဲ့ ဒီမိုကရေစီခရီးလမ်းကို ဆိုးဆိုးရွားရွား တားဆီးနှောင့်ယှက်ရာရောက်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

” နိုင်ငံ့အကျိုး ရှေးရှုပြီး ရိုးရိုးသားသား ညှိနှိုင်းဆွေးနွေးမှုလုပ်နိုင်စေဖို့အတွက် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

Ref: NCA News ” Pope Francis calls for release of Myanmar leaders”
Photo Credit – AP

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top