မီးလောင်ကျွမ်းခဲ့ရတဲ့ ဂျပန်နိုင်ငံက ကမ္ဘာ့အမွေအနှစ်နေရာ ရှုရီနန်းတော်

yyl-31-011.jpg

ဂျပန်နိုင်ငံရဲ့ အိုကီနာဝါကျွန်းပေါ်မှာ တည်ရှိတဲ့ ကမ္ဘာ့အမွေအနှစ်နေရာ ရှုရီနန်းတော် (Shuri Castle) ကို မီးတောက်ကြီးက ဝါးမြိုဖျက်စီး လိုက်တယ်လို့ သိရပါတယ်။ လက်ရာမြောက်လှတဲ့ သစ်သားနန်းတော်ကြီး မီးလောင်ကျွမ်းနေတဲ့အတွက် မီးသတ်သမားတွေ မီးငြိမ်းသတ်နေရဆဲ ဖြစ်တာကို ရုပ်သံဗီဒီယိုတွေမှာ ပြသထားပါတယ်။အရေးပေါ်မီးသတ်သမားတွေက မီးလောင်မှု ဖြစ်ပွားနေတယ်ဆိုတဲ့ အကြောင်းကို ဒီကနေမနက် (၂) နာရီ (၄၇) မိနစ်ဝန်းကျင်လောက်က ဖုန်းလက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ ရှုရီက ယုကျူမင်းဆက်ရဲ့ တော်ဝင်နန်းတော် အဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀) ကျော်က တည်ဆောက်ခဲ့တာပါ။မီးတောက်ကြီးက Mid-Autumn Festivalကို နှစ်စဉ်ကျင်းပနေကျ လလယ်လောက်မှာ နန်းတော်ကြီးကို လျင်လျင်မြန်မြန်ပဲ ဖျက်စီးပစ်ခဲ့တာပါ။ 2020 Tokyo Olympic torch relay route မှာ ပါဝင်ဖို့လည်း အစီအစဉ်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။ နာဟာမြို့တစ်ခုလုံးကို မြင်ရတဲ့ တောင်ထိပ်ပေါ်မှာ တည်ရှိပြီး ကျောက်နံရံတွေနဲ့ တံတိုင်းကာထားတဲ့ ဒီနန်းတော်နဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို အနီရောင်ဆေးသုတ်ထားပြီး ဆင်ခြေလျောအုတ်ကြွပ်ပြား ခေါင်းမိုးတွေက အမှတ်အသား တစ်ခုလိုပါပဲ။

၁၉၄၅ခုနှစ်က အိုကီနာဝါစစ်ပွဲမှာ မီးလောင်မှု တော်တော်များများကြောင့် ပျက်စီးသွားခဲ့တဲ့အတွက် ပြန်တည်ဆောက်ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက်မှာ ဒီနန်းတော်က ၁၉၇၀အထိ အိုကီနာဝါရဲ့ အကြီးဆုံးအစိုးရ တက္ကသိုလ်အတွက် တက္ကသိုလ်နယ်မြေ ဖြစ်ခဲ့ပါတယ်။ ၁၉၉၂ခုနှစ်မှာ အမျိုသားပန်းခြံအနေနဲ့ ပြန်ဖွင့်ခဲ့ပြီး ၂၀၀၀ခုနှစ်မှာ ကမ္ဘာအမွေအနှစ် နေရာဖြစ်ခဲ့ပါတယ်။

Ref: Fire engulfs Japan’s Shuri Castle, a World Heritage site in Okinawa

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top