ရာစုနှစ်တစ်ခုအတွင်း တစ်ဝက်အထိကျဆင်းသွားသောမျိုးပွားနှုန်း

fertility-rates-falling-globally-1200x630.jpg

ကမ္ဘာပေါ်ကလူများဟာ အရင်ကလောက် ကလေးမမွေးကြတော့ပါဘူး။

The Lancet က ၁၉၅၀ ကနေ ၂၀၁၇ အတွင်းက ကမ္ဘာတစ်ဝန်း မျိုးအောင်မှုစစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ စစ်တမ်းပါအချက်အလက်များအရ လူ့ပတ်ဝန်းကျင်ဟာ အရင်ကထက် များစွာလျော့နည်းပြီး ကလေးမွေးလာကြတာကို တွေ့ရပါတယ်။

၁၉၅၀ ပတ်ဝန်းကျင်က အမျိုးသမီးများဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ ပျမ်းမျှအားဖြင့် ကလေးကို (၄.၇) ဦးရေခန့်စီ မွေးလေ့ရှိပါတယ်။ (ပျမ်းမျှတွက်ချက်ထားတဲ့အတွက် ဒဿမကိန်းနဲ့ ဖြစ်နေရခြင်း ဖြစ်ပါတယ်။ တစ်မျိုးမထင်ပါနဲ့) ပြီးခဲ့တဲ့ နှစ်အတွင်းကတော့ (၂.၄) ယောက်သာ မွေးတော့တာကိုတွေ့ရပါတယ်။

အခုလက်ရှိ society မှာ ကလေးငယ်များ ရှားပါးလာပြီး အသက် (၆၅) နှစ်အထက်လူများတိုးပွားလာခြင်းဟာ အနာဂတ်လူ့အဖွဲ့အစည်းအတွက် အကျိုးသက်ရောက်မှုများရှိလာနိုင်တယ်လို့ Christopher Murray က BBC ကို ပြောကြားခဲ့ပါတယ်။

တစ်ဘက်ကပြန်ပြီးတွေးကြည့်မယ်ဆိုရင်တော့ အခုလို ကလေးမွေးဖွားနှုန်းလျော့ကျလာတာ ကောင်းတဲ့ဘက် ရှိနေပြန်ပါတယ်။ လူအများစုဟာ ပိုမိုစိတ်အေးချမ်းပြီး ပြည့်စုံတဲ့ adulthood ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ လုပ်ငန်းကိုင်ငန်းများတိုးပွားလာခြင်းနဲ့ ပညာရေးဆိုင်ရာအခွင့်အလမ်းသစ်များဟာ ၁၉၅၀ ပြည့်နှစ်များထက် များစွာပေါများလာပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တစ်ခါက စာမူတစ်ပုဒ်မှာရေးခဲ့သလိုပဲ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အဆမတန်လူဦးရေတိုးပွားမှုကိုလည်းနှေးကွေးစေပါလိမ့်မယ်။

အခုလက်ရှိမှာ တိုးတတ်တဲ့ first world နိုင်ငံများဟာ ကလေးသိပ်မမွေးကြတော့ဘဲ ကျွန်တော်တို့မြန်မာနိုင်ငံလို ဆင်းရဲချို့တဲ့တဲ့နိုင်ငံများ၊ third world နိုင်ငံများမှာသာ ကလေးတွေကို ပေါများစွာမွေးဖွားနေတာကို တွေ့ရပါတယ်။ တစ်ချိန်တစ်ခါမှာ ကျွန်တော်တို့ ကြုံတွေ့လာရနိုင်တဲ့ climate change နဲ့ ကမ္ဘာတစ်ဝန်း အစာငတ်မွတ်ခေါင်းပါးမှုပြဿနာများကို ရှောင်ရှားဖို့ဆိုရင်တော့ အခုလိုမျိုးပွားမှုနှုန်းဟာ (၂.၁) ဦးရေထိ လျော့ဆင်းလာရမှဖြစ်ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply