ဗြိတိန်အခြေစိုက် Pulsar Fusion ကုမ္ပဏီက တီထွင်လိုက်တဲ့ ဒုံးပျံဟာ တစ်နာရီ မိုင် ၃ သိန်းကျော် ပျံသန်းနိုင်စွမ်းရှိပြီး အင်္ဂါဂြိုဟ်ကို ၇ ရက်တည်းနဲ့ သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
နေရဲ့ စွမ်းအင်ထုတ်လုပ်မှုကို နမူနာယူပြီး နျူကလီးယားဓာတ်ပေါင်းစွမ်းအင် အသုံးပြုထားတဲ့ အဲဒီဒုံးပျံကို Sunbird လို့ အမည်ပေးထားပါတယ်။ တစ်နာရီ ၃၂၉၀၀၀ မိုင်နှုန်းအထိ ပျံသန်းနိုင်အောင် ဒီဇိုင်းဆွဲထားတဲ့ Sunbird ဒုံးပျံကို ၂၀၂၇ ခုနှစ်မှာ အာကာသထဲ စမ်းသပ်နိုင်ဖို့ စီစဉ်ထားပါတယ်။
လက်ရှိမှာ အင်္ဂါဂြိုဟ်ကို ပျံသန်းဖို့ ရက် ၃၀ နီးပါး ကြာမြင့်ပေမဲ့ Sunbird ဒုံးပျံကိုသာ အသုံးပြု ပျံသန်းနိုင်မယ်ဆိုရင် ၇ ရက်တည်းနဲ့ အင်္ဂါဂြိုဟ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ Sunbird ဒုံးပျံတစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၇၀ ကုန်ကျနိုင်ပေမဲ့ ပြန်လည်အသုံးပြုနိုင်ခြင်း၊ ကုန်ပစ္စည်း ပို့ဆောင်မှုတွေအတွက် အသုံးပြုနိုင်ခြင်း၊ ဂြိုဟ်တွေမှာ မိုင်းတူးဖော်ခြင်း၊ အာကာသ အတွင်းပိုင်းအထိ စူးစမ်းရှာဖွေမှု လုပ်နိုင်ခြင်းတွေကြောင့် အာကာသနည်းပညာပိုင်းမှာ ကြီးမားတဲ့ တိုးတက်မှုတစ်ရပ် ဖြစ်လာနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
Ref: Pulsar Fusion is developing Sunbird, a nuclear fusion-powered rocket inspired by the Sun’s energy.
NZ ( ရိုးရာလေး)