လေလံတင်ရောင်းချတော့မဲ့ ဒေါ်လာ (၅၀၀,၀၀၀) တန် ရှားပါးဒင်္ဂါပြား

yyl-020-7.jpg

၁၉၃၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ဒင်္ဂါပြားက အဲဒီတုန်းက တန်ဖိုးအားဖြင့် ငါးမူးသာရှိပေမဲ့ အခုတော့ အဲဒီဒင်္ဂါပြားက ရှားပါးပစ္စည်းဖြစ်နေပြီး ဒေါ်လာ (၅၀၀,၀၀၀) တန်တယ်လို့ ခန့်မှန်းရပါတယ်။1838-O ဒေါ်လာငါးမူးစေ့ဆိုတဲ့ အဲဒီဒင်္ဂါပြားကို Stack’s Bower Galleries က ဘော်လ်တီမိုး (Baltimore) မြို့မှာ အခုအပတ် လေလံတင်ရောင်းချမှာဖြစ်ပါတယ်။ ဒီဒင်္ဂါပြားက မအိုဟောင်းသေးပေမဲ့ တကယ်ကို ရှားပါးပစ္စည်းပါပဲ။ အခု (၂၀) သာဖန်တီးခဲ့တာဖြစ်ပြီး (၁၁) ခုတော့ အခုထိရှိနေသေးတယ်လို့ ယုံကြည်ထားကြပါတယ်။

လေလံတင်မယ့် ဒင်္ဂါးပြားကို Cox Specimen လို့လည်းခေါ်ပါတယ်။ အဲဒီဒေါ်လာငါးမူးစေ့ရဲ့ တစ်ဖက်မှာ “Liberty” ဆိုတဲ့စာသားနဲ့ ခေါင်းပတ်ကြိုးကို ဝတ်ဆင်ထားတဲ့အမျိုးသမီးပုံနဲ့ အခြားတစ်ဖက်မှာတော့ ခေါင်းပြောင်ဝန်လူငှက်ပုံနဲ့ဖြစ်ပါတယ်။ ၁၉၃၈ခုနှစ်က ဖွင့်ခဲ့တဲ့ New Orleans ဒင်္ဂါးစက်ရုံ မှာ ရွှေနဲ့ငွေဒင်္ဂါပြားတွေကို ဖန်တီးချင်တဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာပါ။ အခြားဒင်္ဂါးစက်ရုံတွေက ပြုလုပ်တဲ့ဒင်္ဂါပြားတွေနဲ့ ခွဲခွဲခြားခြားသိအောင် မြို့ရဲ့နာမည်ကို ကိုယ်စားပြုတဲ့ “O” စာလုံးကို ရိုက်နှိပ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ငွေဒင်္ဂါးပြားတော်တော်များများကို မက္ကဆီကိုလို အခြားနိုင်ငံတွေကနေ အမေရိကနိုင်ငံကို တင်ပို့ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တင် အမေရိကက ငွေဒင်္ဂါးတွေက အရည်အသွေးမမှန်ဘူးလို့ သိရပါတယ်။ ဒေါ်လာငါးမူးစေ့အဖြစ် ပြောင်းလဲခြင်းက ဒီအရည်အသွေးမမှန်တဲ့ဒင်္ဂါးပြားတွေကို တစ်ခုတည်းဖြစ်သွားစေပြီး banking and commerce အတွက် သင့်တော်ပါတယ်။ ဒင်္ဂါးပြားတွေကို ဒင်္ဂါးလုပ်စက်အသစ်တစ်ခုရဲ့လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ်ဖို့အတွက် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒင်္ဂါးစက်ရုံက ဒီဒေါ်လာငါးမူးစေ့ထုတ်လုပ်မှုကို ရပ်တန့်လိုက်ရပြီး အဲဒီနှစ်က Yellow Fever ပျံ့နှံ့နေတဲ့အတွက် ဒင်္ဂါးစက်ရုံကို လအနည်းငယ်လောက် ပိတ်ထားခဲ့ရပါတယ်။

ဒင်္ဂါးပြားစုဆောင်းတဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ကိုလိုနယ်ဆိုတဲ့အမျိုးသားက Cox Specimen အပါအဝင် ဒေါ်လာငါးမူးစေ့ (၆) ခုကို ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ လေလံအိမ်ကို မရောက်ခင်မှာ အခြားကုန်သည်အမြောက်အမြားက အဲဒီဒင်္ဂါးပြားကို ဝယ်ယူရောင်းချခဲ့ကြပါတယ်။ အခြားဒင်္ဂါး (၈) ခုက ကုန်သည်တွေဆီမှာကော၊ ခင်းကျင်းပြသမှုတွေမှာပါ ရှိနေမှာပါ။ အင်္ဂါးပြားတွေထဲက တစ်ခုကတော့ လက်ရှိမှာ ဝါရှင်တန်ဒီစီက National Numismatic Collection ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။ ဒီဒင်္ဂါးပြားကို ဒေါ်လာ (၅၀၀,၀၀၀) နဲ့ရောင်းရင်တောင် ရှားပါးပစ္စည်းဖြစ်တဲ့အတွက် ဈေးအရမ်းကြီးမှာမဟုတ်ပါဘူး။

အခြား 1838-O ငါးမူးစေ့ဒေါ်လာပြားကို ၂၀၁၄ခုနှစ်မှာ ဒေါ်လာ (၇၆၃,၇၅၀) နဲ့ ရောင်းချခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကတော့ ဒင်္ဂါးပြားတစ်ခုက ဖလော်ရီဒါလေလံပွဲမှာ ဒေါ်လာ (၄၄၄,၀၀၀) နဲ့ ဈေးခေါ်ခဲ့ကြပါတယ်။ Stack Bowers Galleries က ၂၀၁၃ခုနှစ်က ၁,၇၉၄
ခုနှစ်
ထုတ်ငွေဒင်္ဂါးကို ဒေါ်လာ (၁၀) သန်းနဲ့ ရောင်းချခဲ့ပြီး ရှားပါးဒင်္ဂါးပြားတစ်ခုအတွက် လေလံဈေးအမြင့်ဆုံးစံချိန်ဖြစ်ခဲ့ဖူးပါတယ်။

Ref: CNN “Rare half dollar coin could sell for $500K”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top