ကြံကြံဖန်ဖန် ဈေးကွက်ချဲ့ထွင်ခဲ့တဲ့ ရုရှားနိုင်ငံက ဓာတ်ဆီဆိုင်

yyl-021-5.jpg

ရုရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်တဲ့အပြင် ရုရှားနိုင်ငံသားတွေကလည်း အံ့သြစရာကောင်းကြပါတယ်။ တချို့လူတွေဆို အတော်လေး ထူးဆန်းပါတယ်။ ရုရှားလူမျိုးတွေက “ရုရှားမှာသာမြင်တွေ့ရနိုင်တယ်” ဆိုတဲ့စကားကို လူတွေအသုံးပြုရလောက်အောင် လုပ်နိုင်စွမ်းရှိတယ်လို့ ပြောရမှာပဲ။ အခုလည်း ရုရှားနိုင်ငံက ဓာတ်ဆီဆိုင်က ဈေးကွက်ချဲ့ထွင်ဖို့အတွက် ထွက်လာတဲ့အကြံက တကယ့်ကို ရယ်စရာကောင်းလှပါတယ်။

ကြံကြံဖန်ဖန်မားကတ်တင်းဆင်းတာကို ရုရှားလူမျိုးတွေကလည်း လိုက်လုပ်ကြပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေပေါ့။ ရုရှားနိုင်ငံ၊ ဆာမရာမြို့က Olvi ဓာတ်ဆီဆိုင်ရဲ့ Marketing အဖွဲ့သားတွေက သူတို့ရဲ့ဆိုင်ကို လူသိများသွားအောင် ဈေးကွက်ထိုးဖောက်ဖို့အတွက် ဘီကီနီဝတ်လာတဲ့သူတိုင်းကို ဓာတ်ဆီအလကားထည့်ပေးမယ်ဆိုတဲ့ အကြံကို စဉ်းစားမိခဲ့ကြပါတယ်။ သူတို့ကတော့ မိန်းကလေးတွေကသာ ဘီကီနီဝတ်ဆင်လာမယ်လို့ ထင်ခဲ့ကြတာပါ။ ယောကျ်ားလေးတွေကပါ ဘီကီနီဝတ်ဆင်ပြီး ဆီဖြည့်ဖို့ ရောက်လာမယ်လို့ သူတို့မထင်မှတ်ခဲ့ကြပါဘူး။

ဒီအထူးအစီအစဉ်လေးက အချိန် (၃) နာရီသာကြာခဲ့ပေမဲ့ ဘီကီနီဝတ်စုံဝတ်ဆင်ပြီး ဆီလာထည့်တဲ့အမျိုးသားတွေကို တချို့လူတွေက ဓာတ်ပုံရိုက်ထားဖြစ်ခဲ့ပါတယ်။ တချို့အမျိုးသားတွေဆို ဘီကီနီကို ဝတ်ဆင်ခဲ့ရုံတင်မကပါဘူး။ အဲဒါနဲ့လိုက်ဖက်မှုရှိအောင် ဒေါက်မြင့်ဖိနပ်တောင်ဝတ်လာခဲ့ပါသေးတယ်။

ဒီအစီအစဉ်က တချို့လူအတွက် အဆင်ပြေတဲ့ပုံမပေါ်ပေမဲ့ ဆီဆိုင်မှာရှိနေတဲ့လူအုပ်ကြီးကတော့ ဘီကီနီဝတ်ပြီး ဆီလာဖြည့်ဖို့ မတုံ့ဆိုင်းကြပါဘူး။ အမျိုးသားတွေကော၊ အမျိုးသမီးတွေပါ ဘီကီနီဝတ်ဆင်ခဲ့ပြီး ဆီထည့်ဖို့အတွက် တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။

Ref: Boredpanda “Russian Gas Station Offers Free Fuel For Anyone In A Bikini, Doesn’t Expect Guys Would Dress Down, Too”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top