ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေက သူတို့ရဲ့တိရစ္ဆာန်တွေအတွက် ရတက်မအေးဖြစ်နေကြ

yyl-011-6.jpg

ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်တိုးလာတဲ့အတွက် သေဆုံးသူဦးရေ မြင့်တတ်နေပြီး ဆေးရုံတင်ထားရတဲ့ လူတွေလည်း ပိုများလာပါတယ်။ အခုလိုကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် လူတော်တော်များများက အပြင်ထွက်တဲ့အခါ လက်ဆေးတာနဲ့ Mask အုပ်တာတွေ လုပ်ဆောင်နေကြရပါတယ်။

တရုတ်နိုင်ငံက တချို့အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေက ကိုရိုနာဗိုင်းရပ်စ်က တိရစ္ဆာန်ကနေ လူကို ကူးစက်ခဲ့တဲ့ဖြစ်တဲ့အတွက် သူတို့ရဲ့တိရစ္ဆာန်တွေရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြရပါတယ်။ သူတို့ရဲ့တိရစ္ဆာန်လေးတွေကို ရောဂါအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် တိရစ္ဆာန်လေးတွေရဲ့မျက်နှာမှာ mask နဲ့ အုပ်ပေးထားတာကို တွေ့မြင်ခဲ့ရပါတယ်။

လူအများကြားနာမည်ကြီးနေတဲ့ ပို့စ်တစ်ခုကတော့ ကြောင်တစ်ကောင်ရဲ့မျက်နှာကို ခွဲစိပ်ခန်းသုံးmaskနဲ့ အုပ်ပေးထားပြီး မျက်စိအတွက် အပေါက်ဖောက်ပေးထားတဲ့ပို့စ်ပါပဲ။ တွစ်တာအသုံးပြုသူ တစ်ယောက်ကတောင် mask နဲ့ကြောင်လေးရဲ့ပုံကို ကြိုက်နှစ်သက်သွားခဲ့ပြီး အလွန်သေးငယ်တဲ့ကြောင်ရုပ်လေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Weiboအကောင့်ပိုင်ရှင်တစ်ဦးကလည်း ခွေးတွေအတွက်သီးသန့် Maskတွေကိုဝတ်ဆင်ထားတဲ့ သူ့ရဲ့ခွေးနှစ်ကောင်ကို တင်ထားပါတယ်။ ဘေကျင်းက အွန်လိုင်းဈေးရောင်သူတစ်ဦးက အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေက သူတို့ရဲ့တိရစ္ဆာန်တွေအတွက် Mask တွေမှာယူတယ်လို့ ပြောပါတယ်။ တစ်လကို Mask အခု (၁၅၀) လောက် မှာယူလေ့ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တစ်နေ့ကို အခု (၅၀) အော်ဒါလက်ခံရရှိပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တယ်ဆိုတဲ့ သက်သေပြချက်မရှိကြောင်း၊ သင့်နဲ့သင့်တိရစ္ဆာန်တွေကို ကာကွယ်ဖို့အကောင်းဆုံးနည်းက တိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးရင် လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။

Ref: Pet owners in China make pets wear masks because Covid-19

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top