OPPO A5 Pro ရဲ့ ရေစိမ်ခံနိုင်မှုနဲ့ အကြမ်းခံနိုင်မှုကို သုံးစွဲသူတွေမှ လက်တွေ့ကျကျ လာရောက်စမ်းသပ်လေ့လာခဲ့ကြတဲ့ “Touch & Try : A Pro Comes to You” ပွဲ

a5.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝနဲ့ အခိုက်အတန့်တိုင်းကို အစဉ်အမြဲ ဂရုတစိုက် ရှိတာကြောင့် အခုအခါမှာလဲ OPPO A5 Pro ရဲ့ ရေစိမ်ခံနိုင်မှုနဲ့ အကြမ်းခံနိုင်မှုတွေကို စမ်းသပ်နိုင်မဲ့ အထူးအခွင့်အရေးတွေကို ပေးအပ်ဖို့အတွက် သုံးစွဲသူအစစ်အမှန်တွေအတွက် သယ်ဆောင်လာခဲ့ပါတယ်။ ဒါကြောင့် OPPO A5 Pro ကို အထူးစမ်းသပ်နိုင်မဲ့ အခွင့်အရေးတွေ ပါရှိတဲ့  Touch & Try : A Pro Comes to You ဆိုတဲ့ ပွဲကို သုံးမေလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့များမှာ Times City outdoor area မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ သုံးစွဲသူတွေအနေနဲ့ OPPO A5 Pro ရဲ့ ရေစိမ်ခံနိုင်မှု နဲ့ အကြမ်းခံနိုင်မှုတွေကို လက်တွေ့လာရောက် စမ်းသပ်ခဲ့ကြပြီး ဆုလက်ဆောင်တွေလဲ ရရှိခဲ့ကြပါတယ်။


ဒါတင်သာမက မေလ ၁၀၊ ၁၁၊ ၁၂ရက်နေ့တွေက လူငယ်တွေအတွက် သီးသန့်ဖန်တီးထားတဲ့ Co Co Original နဲ့အတူ ပူးပေါင်းကာ ခေတ်ရေစီးကြောင်းနဲ့အမြဲအတူတူရှိနေတဲ့ လူငယ်တွေအတွက် “Collab The Trends” ဆိုတဲ့ ပွဲကို Junction City မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲကျင်းပခဲ့တဲ့ ၃ ရက်လုံးမှာလဲ Knowledge အစုံကို နယ်ပယ်အသီးသီးက ဆရာကျပြီး တကယ်ကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ နည်းပညာရှင်၊ အနုပညာရှင်တွေကိုယ်တိုင် ဗဟုသုတ ရစရာ အကြောင်းအရာတွေကို  ကိုယ်တိုင် ဝေမျှပေးသွားခဲ့သလို ပရိသတ်တွေကလဲ OPPO A5 Pro နဲ့အတူ ဂိမ်းများစွာကို တပျော်တပါး စမ်းသပ်ဆော့ကစားရင်း OPPO A5 Pro ရဲ့ ရေစိုအကြမ်းခံမှုကို လက်တွေ့စမ်းသပ်ခဲ့ကြပါတယ်။ ခေတ်လူငယ်တွေနဲ့အတူ ခေတ်ရေစီးကြောင်းအတိုင်း ဦးဆောင်နိုင်ဖို့ OPPO မှ​ အမြဲကြိုးစားလျက်ရှိနေပါတယ်။


OPPO Myanmar နဲ့ ပတ်သက်တဲ့အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – https://bit.ly/3BwNQdJ ၊ Website – http://bit.ly/4dx4nfA ၊ Viber – https://bit.ly/3W6lzCe နဲ့  Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

#OPPOA5Pro #ခပ်ကြမ်းကြမ်းသုံးရေစိမ်ခံAIဖုန်း

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top