မီးတောင်ပေါက်ကွဲတော့မှာကို သစ်ပင်တွေက ကြိုတင်အချက်ပြနိုင်စွမ်း ရှိ

tree.jpg

မီးတောင် အနီးနားတစ်ဝိုက်မှာရှိတဲ့ သစ်ပင်တွေဟာ မီးတောင်ပေါက်ကွဲမှု မဖြစ်ခင် ကြိုတင်အချက်ပြပေးနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

မီးတောင်ချော်ရည်တွေ မြင့်တက်လာချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထုတ်လွှတ်ပြီး သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏများအပြားကို စုပ်ယူလိုက်ချိန်မှာ သစ်ရွက်တွေ အရောင်ပြောင်းသွားတာ ဖြစ်ပါတယ်။ သစ်ရွက်တွေ အရောင်ပြောင်းသွားတာကို နာဆာရဲ့ Landsat 8 ဂြိုဟ်တု၊ ESA ရဲ့ Sentinel-2 ဂြိုဟ်တုတွေမှာ လေ့လာတွေ့ရှိနိုင်ပါတယ်။

ချီလီနဲ့ ကော်စတာရီကာနိုင်ငံတွေမှာ မြေပြင်နဲ့ ဂြိုဟ်တုအချက်အလက်တွေကို အသုံးပြု စစ်ဆေးပြီးနောက် နာဆာနဲ့ စမစ်ဆိုနီယန် သိပ္ပံဌာနမှ သုတေသီတွေက ဒီနည်းလမ်းကို မီးတောင်ပေါက်ကွဲမှု ကြိုတင်အချက်ပြစနစ်အဖြစ် အတည်ပြုခဲ့ကြပါတယ်။

ဒီနည်းလမ်းဟာ ကမ္ဘာပေါ်က ဒေသတိုင်းမှာတော့ အသုံးပြုနိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ မီးတောင်စောင့်ကြည့်ရေးဆိုင်ရာ အစဉ်အလာနည်းလမ်းများနဲ့အတူ ယှဉ်တွဲစစ်ဆေးနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ဖြစ်နေပါတယ်။

Ref: NASA Satellite Images Could Provide Early Volcano Warnings

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top