Viber မှ ဆက်သွယ်ရာတွင် ခံစားချက်များ ပိုမို ဖော်ထုတ်ပြသနိုင်မည့် Reactions လုပ်ဆောင်ချက် အသစ်အား ထည့်သွင်း

Image-1.jpg

အခမဲ့ အလွယ်တကူ ဆက်သွယ်မှုပြုလုပ်နိုင်သည့် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Rakuten Viber သည် ၄င်းပလက်ဖောင်းပေါ်၌ မက်ဆေ့ချ်များအား တုန့်ပြန်မှု (reactions) များ ပြုလုပ်နိုင်သည့် Message Reactions လုပ်ဆောင်ချက်အား မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။ ကမ္ဘာတစ်ဝှမ်း၌ instant messaging အသုံးပြုမှု ပိုမိုများပြားလာသည်နှင့်အမျှ Viber မှ အသုံးပြုသူများအတွက် မက်ဆေ့ချ်များမှတဆင့် မြန်ဆန်၍ ပျော်ရွှင်ဖွယ်ကောင်းစွာ မိမိကိုယ် မိမိ ဖော်ပြနိုင်ရန် ယင်းတို့၏ ဖန်တီးမှုဆိုင်ရာ စွမ်းရည်ကို ချဲ့ထွင်ပေးလျက်ရှိသည်။ အဆိုပါ လုပ်ဆောင်ချက်အသစ်အား ကမ္ဘာတစ်ဝန်းရှိ လူများအကြား ဆက်သွယ်ရေးအား ဖော်ပြနိုင်စွမ်းကို ဂုဏ်ပြုခြင်းအားဖြင့် World Emoji နေ့တွင် ကြေညာခဲ့သည်။

ပေးပို့လာသည့် မက်ဆေ့ခ်ျအပေါ် ခံစားချက်အား တုန့်ပြန်မှုပေးရန်အတွက် အသုံးပြုသူများသည် မည်သည့်မက်ဆေ့ခ်ျမဆို ဘေးတွင်ရှိသော အသည်းပုံ သင်္ကေတအား အချိန်ကြာကြာ ဖိနှိပ်ကာ မိမိ၏ ခံစားချက်နှင့် သင့်လျော်သည့် ရယ်မောခြင်း(lol)၊ ထိတ်လန့်ခြင်း(shock)၊ ဝမ်းနည်းခြင်း(sad)၊ (သို့မဟုတ်) စိတ်ဆိုးခြင်း(Angry) စသည့် ခံစားချက် တုန့်ပြန်မှုများအား ပြုလုပ်နိုင်မည် ဖြစ်သည်။ ထိုသို့ များပြားလှသော စိတ်ခံစားမှုဆိုင်ရာ တုန့်ပြန်ချက်များဖြင့် အသုံးပြုသူများသည် Community အတွင်းတွင် ပေးပို့ထားသည့် စာတိုများ၊ ရုပ်ပုံနှင့် ဗီဒီယိုများ နှင့် အခြား အကြောင်းအရာများအား စိတ်ခံစားချက်အလိုက် တုန့်ပြန်မှုများ ပေးအပ်နိုင်မည် ဖြစ်သည်။ ဆက်သွယ်မှုပြုလုပ်ခြင်းသည့် အသွားအပြန်ရှိသော ချိတ်ဆက်မှု ဖြစ်သည့်အလျောက် မက်ဆေ့ချ်ပေးပို့သူအနေဖြင့် မိမိပေးပို့လိုက်သည့် မက်ဆေ့ချ်အား လက်ခံရရှိသူမှ မည်ကဲ့သို့ တုန့်ပြန်သည်ကို သိရှိနိုင်ရန်လည်း အရေးကြီးသည်။ ထိုကဲ့သို့ မက်ဆေ့ချ်များအား တုန့်ပြန်မှုများအား ကြည့်ရှုရန်အတွက် မက်ဆေ့ချ်အား အချိန်ကြာကြာဖိနှိပ်၍ “Info” အား ရွေးချယ်၍ အခြားလူများမှ ပေးပို့ထားသည့် မက်ဆေ့ချ်အပေါ် တုန့်ပြန်ထားသည့် ခံစားချက် (reactions) များအား ကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ Message Reactions လုပ်ဆောင်ချက်အား လာမည့် ရက်သတ္တပတ်အတွင်း iOS နှင့် Android တို့တွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။

“Viber အနေနဲ့ အသုံးပြုသူတွေကို အတတ်နိုင်ဆုံး မှန်ကန်တဲ့ စိတ်ခံစားချက်တွေကို ဖော်ပြနိုင်စေဖို့အတွက် အမြဲတမ်း အလေးထား လုပ်ဆောင်နေပါတယ်။ အခုလက်ရှိမှာ ပေးပို့လာတဲ့ မက်ဆေ့ချ်တွေကို အသည်းပုံ ဒါမှမဟုတ် Like လုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေဟာ အသုံးပြုသူတွေအနေနဲ့ ပေးပို့လာတဲ့ မက်ဆေ့ချ်ကို ဖတ်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ထိထိမိမိ ဖော်ထုတ်နိုင်ဖို့ မလုံလောက်တော့ဘူးဆိုတာကို တွေ့ရှိလာတာကြောင့် ကျွန်တော်တို့အနေနဲ့ ပိုပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အသုံးပြုသူတွေရဲ့ စိတ်ခံစားချက်နဲ့ အနီးစပ်ဆုံး ကိုက်ညီမှုရှိနိုင်မယ့် Message Reactions ကို မိတ်ဆက်လိုက်ရခြင်း ဖြစ်ပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Djamel Agaoua မှ ပြောကြားသွားခဲ့သည်။

၂၀၂၀ ခုနှစ်အတွင်း Viber ၏ Communities အသုံးပြုမှု တဟုန်ထိုး မြှင့်တက်လာခဲ့သည်။ Viber သည် အသုံးပြုသူ ၁ ဘီလီယံကျော်အတွက် လူမှုကွန်ယက် ပလက်ဖောင်း အသစ်တစ်ခု ဖြစ်လာပြီး ပုံမှန် အသုံးပြုသူများ၊ Influencer များနှင့် ကုန်အမှတ်တံဆိပ်များနှင့် စီးပွားရေး လုပ်ငန်းများမှ ဦးဆောင် ဖန်တီးဖွင့်လှစ်ထားသည့် ထောင်ပေါင်းများစွာသော Communities အတွင်း ဝင်ရောက်ကြည့်ရှုသူပေါင်း ၁၈ ဘီလီယံကျော် ရှိလာခဲ့ပြီ ဖြစ်သည်။

Team (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top