ပိုက်ဆံပန်းစည်းကို သူ့ကိုပေးမယ် မှန်းမသိဘဲ သမီးကို ကူညီပြုလုပ်ပေးခဲ့တဲ့ ဖခင်

28-7-2020-yyl-016.jpg

မိဘတွေအတွက် လက်ဆောင်တစ်ခုခုဝယ်ပေးရတာကလည်း ဝမ်းသာပီတိဖြစ်စရာပါပဲ။ မိဘတွေက သားသမီးတွေ ပိုက်ဆံကုန်မှာဆိုးတဲ့အတွက် “ဒီလောက်ဈေးကြီးတဲ့ လက်ဆောင်ကို ဘာလို့ဝယ်ပေးရတာလဲ”လို့ ပြောပေမယ့်လည်း သားသမီးဆီက လက်ဆောင်ရရင် သူတို့ အရမ်းပျော်ရွှင် ဝမ်းသာမိကြတာပါ။ ဒါကြောင့် သားသမီးပေါ်ထားရှိတဲ့ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုးအရာနဲ့မှ အစားထိုးလို့မရပေးမယ့်လည်း သင် မိဘတွေကို ပေးမယ့် လက်ဆောင်ပမာဏက နည်းရင်တောင် ဘယ်လိုလက်ဆောင်မျိုးပဲ ဖြစ်ဖြစ်ပေးပြီး သားသမီးတွေရဲ့ချစ်ခြင်းမေတ္တာတရားကို ပြဖို့ လိုပါတယ်။

မကြာသေးခင်ကလည်း တွစ်တာအကောင့်ပိုင်ရှင် ဆယ်ဝါနီ (Salwani) က သူ့ဖခင်ရဲ့ ကြည်နူးစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို မျှဝေခဲ့ပါတယ်။ အဲဒီဇာတ်လမ်းလေးကတော့ ဆယ်ဝါနီက သူ့အဖေရဲ့မွေးနေ့အတွက် ပိုက်ဆံပန်းစည်းပြင်ဆင်ရင်းနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ဆယ်ဝါနီက ပိုက်ဆံပန်းစည်းပြင်ဆင်နေတုန်း သူ့အဖေက သူ့အတွက်ဆိုတာ မသိဘဲ ကိုယ်တိုင်ကူညီပေးခဲ့ပါသေးတယ်။

ဆယ်ဝါနီက သူ့အဖေအတွက် မွေးနေ့လက်ဆောင်ပေးဖို့ ရည်ရွယ်ပြီး ပိုက်ဆံပန်းစည်းကို ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူက သူ့အဖေကို အော်ဒါမှာထားတဲ့ ပန်းစည်းကို ပြင်ဆင်နေတာလို့ ညာပြောခဲ့တာကြောင့် သူ့အတွက်ဆိုတာ မသိဘဲ လာကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆယ်နီဝါက သူ့အဖေအတွက် လက်ဆောင်ကို အခြားသူရဲ့ပစ္စည်းလို့ လိမ်ညာဟန်ဆောင်ပြီး ပြင်ဆင်ရတာ အရမ်းခက်ခဲတယ်လို့ ပြောပါတယ်။

သူ့အဖေက ဒီကမ္ဘာမှာ သူ့အတွက် ကျန်ရှိနေတဲ့ တစ်ခုတည်းသောရတနာလို့တောင် ဆိုထားပါတယ်။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးပျော်ရွှင်မှုတွေထဲက တစ်ခုက မိဘတွေကို ပျော်ရွှင်အောင် လုပ်ရတာပါပဲလို့ ဆယ်ဝါနီက ဆိုပါတယ်။ ဒါပေမဲ့ သူ့အမေ ဆုံးသွားပြီးကတည်းက သူ့အဖေက သူ့မှာရှိတဲ့အရာအားလုံး ဖြစ်ခဲ့တယ်လို့ ဆယ်ဝါနီက ပြောပါတယ်။ သူ့အဖေ ကျန်းမာစွာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ ဆုတောင်းထားတဲ့အပြင် “သမီးအတွက် အဖေ လုပ်ပေးခဲ့တာတွေအားလုံးကို ပြန်ပေးဆပ်ဖို့ အချိန်ပိုပေးပါ”လို့လည်း ဆယ်ဝါနီက ပြောပါတယ်။ ဆယ်ဝါနီရဲ့ဇာတ်လမ်းက ကျွန်တော်တို့နဲ့အတူ မိဘတွေ ရှိနေတုန်းအချိန်တွေမှာ မိဘတွေကို တန်ဖိုးထားချစ်ခင်ပေးဖို့ သတိပေးနေတာဖြစ်ပါတယ်။

Ref: WorldofBuzz “Father Helps Daughter Make A Money Bouquet, Not Knowing That It Was A Gift For Him!”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top