ဗီဂျေးနဲ့ ရရှ်မီကားတို့ရဲ့မင်္ဂလာပွဲပြီးနောက် သူတို့ရဲ့မင်္ဂလာအလှူ

huu.jpg

ဘောလိဝုဒ်နာမည်ကျော်မင်းသား ဗီဂျေးဒီဗာရာကွန်ဒါ နဲ့ မင်းသမီး ရရှ်မီကား မန်းဒန်နာတို့ရဲ့မင်္ဂလာပွဲဟာ သတင်းခေါင်းကြီးပိုင်းမှာ ဆက်လက်စိုးမိုးထားဆဲပါပဲ။ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ မင်္ဂလာပွဲပြီးနောက် သူတို့ရဲ့မင်္ဂလာအလှူအဖြစ် ပညာသင်ထောက်ပံ့ဆုပေးမယ်ဆိုတဲ့အကြောင်း ကြေညာခဲ့ပါတယ်။

Deverakonda Charitable Trust ကတဆင့် တယ်လန်ဂါနာက အစိုးရကျောင်း ၄၄ ကျောင်းရှိ ၉ တန်းနဲ့ ၁၀ တန်းကျောင်းသား/သူတွေအတွက် ပညာသင်ထောက်ပံ့ဆုပေးမယ်ဆိုတဲ့အကြောင်း ဗီဂျေးက မတ်လ ၄ ရက်နေ့ကျ ဟိုက်ဒရာဘတ်မှာ ကျင်းပမယ့် ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

မတ်လ ၂ ရက်နေ့က ဗီဂျေးတို့ကြင်စဦးမောင်နှံဟာ ဗီဂျေးရဲ့ မွေးရပ်မြေ Thummanpeta ရွာရှိ သူတို့ရဲ့အိမ်သစ်မှာ အိမ်ဝင်ပွဲနဲ့ ဘာသာရေးထုံးတမ်းအစဉ်အလာဝတ်ပြုမှုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီနေ့မှာပဲ ပညာသင်ထောက်ပံ့ဆုပေးမယ့်အကြောင်းကို ကြေညာခဲ့တာပါ။ ကြေညာတဲ့အချိန် စင်ပေါ်မှာ ဗီဂျေးနဲ့အတူ သူ့မိဘတွေနဲ့ အစ်ကိုဖြစ်သူတို့လည်း ရှိနေခဲ့ပါတယ်။ ကြေညာပြီးတဲ့နောက် Thummanpeta ရွာက ကျယ်လောင်တဲ့ လက်ခုပ်ဩဘသံတွေနဲ့ ချီးမြှင့်ခဲ့ပါတယ်။

Ref: Vijay Deverakonda Announces Scholarships For Students In 44 Government Schools In Telangana After Wedding With Rashmika Mandanna

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top