ခွေးလေးတွေအတွက် တကယ့်အစားအသောက်ကောင်းတွေပဲ စီစဉ်ဖန်တီးပေးနေသူ

yyl11919028.jpg

တရုပ်နိုင်ငံအရှေ့ပိုင်း Wenzhou မြို့မှာနေထိုင်သူ Yang Wenliang ဟာ ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ပြီး ခွေးလေးတွေအတွက် အရည်အသွေးမြင့် အာဟာရပြည့်အစာအမျိုးအစားရာချီကို ကိုယ်တိုင်ဖော်စပ်ဖန်တီးပြီး ရောင်းချနေတဲ့သူတစ်ဦးဖြစ်ပါတယ်။

Yang က တရုပ်အွန်လိုင်းအရောင်းဝန်ဆောင်မှု Taobao မှာ အိမ်မွေးတိရိစ္ဆာန်အစာအရောင်းဆိုင်တစ်ခုကိုပိုင်ဆိုင်ထားပြီး အဲဒီကတစ်ဆင့် ဒီအစာတွေကိုရောင်းချနေတာပါ။ သူရောင်းချနေတဲ့အစာတွေက လူကြိုက်များလှပြီး ပျမ်းမျှအားဖြင့် လစဉ်အရောင်းပမာဏ ယွမ် တစ်သန်းကျော် ( အမေရိကန်ဒေါ်လာ ၁၄၀၀၀) ဖိုးထိရှိနေပါတယ်။

ဈေးကွက်ထဲမှာ ခွေးတွေအတွက် အစားအသောက်အလုံအလောက်ရှိမနေဘူးလို့ Yang ကယူဆမိတာကြောင့် သူ့ရဲ့ဒီဇိုင်နာအလုပ်ကနေထွက်ပြီး အရည်အသွေးမြင့် အိမ်မွေးတိရိစ္ဆာန်အစာတွေဖန်တီးထုတ်လုပ်ရေးမှာ အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။

“ခွေးတွေကိုတကယ်ချစ်တယ်ဆိုရင် ကိုယ်ကောင်းကောင်းစားသလို သူတို့ကိုလည်းစားစေချင်မှာပါပဲ” လို့ Yang ကဆိုပါတယ်။ သူ့ဝန်ထမ်းတွေရဲ့ခွေးလေးတွေကို အလုပ်ဆီခေါ်ဆောင်လာဖို့အတွက် ခွင့်ပြုပေးထားပါသေးတယ်။

Yang က ကိုယ်တိုင်ကလည်း လက်ရှိမှာ ခွေးလေခွေးလွင့် (၁၀၀) ကျော်ကိုကယ်ဆယ်စောင့်ရှောက်ထားတာဖြစ်ပြီး ခွေးဂေဟာတွေအတွက်လည်း အစာတန်ချိန်နဲ့ချီပြီး ထောက်ပံ့လှူဒါန်းပေးနေသူပါ။

Ref: CGTN “Chinese dog lover helps puppies find the best food”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top