ဟူသီသူပုန်တွေကို အီရန် က ဒုံးကျည်တွေ ထောက်ပံပေးနေ

1692984_-_main.jpg

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နီကီဟာလေ (Nikki Haley) က ဆော်ဒီအာရေဗျကို တိုက်ခိုက်ဖို့ ယီမင်ရှိ ဟူသီသူပုန်တွေကို အီရန်နိုင်ငံက ဒုံးကျည်တွေ ကူညီထောက်ပံပေးနေတယ်လို့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ဟူသီသူပုန်တွေ Riyadh လေဆိပ် ကို တိုက်ခိုက်ခဲ့ရာမှာ လေဆိပ်ကို ထိမှန်ဖို့ နီးစပ်ခဲ့ပြီး နီကီဟာလေက ထိုပစ်ခတ်မှုကကျန်ခဲ့တဲ့ ဒုံးကျည်အကြွင်းအကျန်တွေကို ပြသခဲ့ပါတယ်။

အီရန်နိုင်ငံ ဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကိုချိုးဖောက်နေတယ်လို့ အမေရိကန် သံအမတ်ကြီးကပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းတည်းက ယီမင်အစိုးရကို ထောက်ခံတဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ညွန်ပေါင်းအဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ဟူသီသူပုန်တွေကို လက်နက်တပ်ဆင်ပေးတာမရှိဘူးလို့ အီရန် ကငြင်းထားပါတယ်။ ဒုံးကျည်နဲ့ ပတ်သက်တဲ့ နည်းပညာအသေးစိတ်အချက်လက်တွေ အရ အီရန်နိုင်ငံထုတ်လုပ်တဲ့ ဒုံးကျည်တွေ ဖြစ်တယ်လို့ အမေရိကန် သံအမတ်ကြီးကပြောပါတယ်။

အဲဒီလိုမျိုး ဒုံးကျည်တွေထောက်ပံပေးမှုကြောင့် အရပ်သားရာချီသေဆုံးမယ့် အလားလာတွေရှိနေပြီး အီရန်အာဏာရှင်ရဲ့ အပြုမှုတွေဟာပိုမို ဆိုးရွားလာနေတယ်လို့ နီကီဟာလေ ကပြောပါတယ်။ အီရန်နိုင်ငံ ဟာ ကမ္ဘာငြိမ်းချမ်းရေး နဲ့လုံခြုံရေးကိုခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောခဲ့ပါတယ်။

Ref : BBC News : Iran supplied Yemen rebels with ballistic missile

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top