ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ကုမ္ပဏီပိုင်ဆိုင်မှုကို လှူဒါန်းပစ်ခဲ့တဲ့ Patagonia တည်ထောင်သူ

9-16-2022-yyl-25.jpg

အဝတ်အထည်ကုမ္ပဏီ Patagonia ရဲ့တည်ထောင်သူ ဘီလျံနာ ရီဗွန် ရွှိနာဒ်ဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် သူ့ကုမ္ပဏီပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းပစ်ခဲ့ပါတယ်။ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁. ၂ ဘီလျံရှိတဲ့ အသက် ၈၃ နှစ်အရွယ် ရီဗွန်က ၃ ဘီလျံ တန်ဖိုးရှိတဲ့ ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုကို လှူဒါန်းတယ်ဆိုတဲ့ ကြေညာချက်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာပါ။

သူ့ဇနီးဖြစ်သူနဲ့ ကလေးနှစ်ဦးက Patagoniaရဲ့မဲပေးခွင့်ရှိတဲ့ ရှယ်ယာတွေ၊ စတော့တွေအားလုံးကို ကုမ္ပဏီရဲ့တန်ဖိုးကို ကာကွယ်ဖို့ ဖွဲ့စည်းခဲ့တဲ့ Patagonia Purpose Trust အဖွဲ့ဆီ လွှဲပြောင်းဖို့ သဘောတူခဲ့ပါတယ်။ Patagoniaရဲ့ မဲပေးခွင့်မရှိတဲ့ရှယ်ယာတွေအားလုံးကို ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ပြီး သဘာဝဘေးအန္တရာယ်ကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Holdfast Collective ကို လွှဲပြောင်းခဲ့ပါတယ်။ ကုမ္ပဏီရဲ့အမြတ်ငွေတွေကိုလည်း လှူဒါန်းသွားမှာဖြစ်ပါတယ်။

Patagonia ကုမ္ပဏီကို ရောင်းချပြီး ရတဲ့ငွေတွေကို လှူဒါန်းလို့ရပေမဲ့ ပိုင်ရှင်အသစ်က ကုမ္ပဏီရဲ့တန်ဖိုးကို ထိန်းထားဖို့နဲ့ အလုပ်ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေအားလုံးကို ဆက်ထားဖို့ဆိုတာ မသေချာတဲ့အတွက်ကြောင့် ကုမ္ပဏီကို မရောင်းဘဲ အခုလို လှူဒါန်းလိုက်တာဖြစ်ပါတယ်။


Patagonia က ကုမ္ပဏီအဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး ဘုတ်အဖွဲ့ဒါရိုက်တာတွေ၊ စီအီးအိုတစ်ဦးနဲ့အတူ ဆက်လက်လှည့်ပတ်သွားမှာပါ။ ရီဗွန် ရွှိနာဒ်တို့မိသားစုက ကုမ္ပဏီကနေ ငွေတွေရရှိတော့မှာတော့မဟုတ်ပေမဲ့ ဘုတ်အဖွဲ့မှာ ဆက်ရှိနေပြီး အဖွဲ့အစည်းရဲ့ပရဟိတအလုပ်ကို ကြီးကြပ်ညွှန်ကြားပေးသွားမှာဖြစ်ပါတယ်။

အခုလိုကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မှာ Patagoniaရဲ့ဘုတ်အဖွဲ့ဝင်တွေက သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

Ref: Aljazeera & Indiatimes “Patagonia owner Yvon Chouinard gives company away to save planet”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top