လက်တွေကို လက်ထိတ်ခတ်ပြီးတော့ ၇ မိုင်ကျော် ရေကူးပြခြင်းဖြင့် အမျိုးသားတစ်ဦး ကမ္ဘာ့စံချိန်တင်

7.4.2023-yyl-iamge-1.jpg

အီဂျစ်ရေကူးသမားတစ်ဦးက သူ့လက်တွေကို လက်ထိပ်ခတ်ပြီး ၁၁ ကီလိုမီတာ (၇.၂၃၈) မိုင်ကျော် ရေကူးပြနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ရှီဟာဘ်အာလမ်အမည်ရတဲ့ အဲ့ဒီအမျိုးသားဟာ လက်ထိပ်နဲ့ အဝေးဆုံးအကွာအဝေးအထိ ရေကူးပြနိုင်တဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ သူက ၆ နာရီကြာ အချိန်ယူခဲ့ရတာပါ။

ရှီဟာဘ်က ပါရှင်း ပင်လယ်ကွေ့ရဲ့ ရေပြင်ကျယ်မှာ ဒီစံချိန်တင်ရေကူးတာကို လုပ်ဆောင်ခဲ့တာပါ။ သူ ရေကူးတဲ့အချိန်မှာ သူ့လက်တွေကို လက်ထိပ်ခတ်ထားခဲ့သလို ထောက်ကူလှေကိုလည်း ဘေးကနေ လိုက်ပါခွင့်မပြုခဲ့ပါဘူး။

ကမ္ဘာ့စံချိန်ချိုးတဲ့သူတစ်ယောက်ဖြစ်ရတဲ့ခံစားချက်က စူပါဟီးရိုးတစ်ယောက်ဖြစ်ရသလိုပါပဲ။ ဒီစံချိန်ကို တတ်နိုင်သမျှ အကြာကြီးထိန်းထားဖို့ တွန်းအားပေးနေတယ်။ ဒီမှတ်တမ်းကို လက်ထဲ မကိုင်ရမချင်း သူ့မစ်ရှင်​ပြီးမြောက်သွားပြီလို့ မခံစားရဘူး။ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကို ကိုင်ဆောင်ထားသူဖြစ်ရတာဟာ အရင်က သူလုပ်ဖူးခဲ့တဲ့ တခြားအောင်မြင်မှုတွေထက် ပျော်ရွှင်မှုတွေ အများကြီး ပေးတယ်လို့ ရှီဟာဘ်က ဆိုပါတယ်။

လာမယ့်နှစ်တွေအတွင်း သူ့ရဲ့အောင်မြင်မှုတွေကို လူသားတွေရဲ့စွမ်းရည်နဲ့ လူ့စိတ်ခွန်အားကို တောက်ပစေတဲ့ ဥပမာတစ်ခုအနေနဲ့ ပြန်လည်အမှတ်ရမယ်လို့ သူက ယုံကြည်ထားပါတယ်။

Ref: A Real-Life ‘Superhero’! Egyptian Man Breaks World Record With 7-Mile Swim In Handcuffs

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top