Epic အဖြစ်ဆုံး မိုဘိုင်း AI ခေတ်သစ်တစ်ခုကို ယူဆောင်လာတဲ့ Samsung Galaxy S24 Series

22.1.24-yyl-11.jpg

Galaxy AI ရဲ့ အကူအညီနဲ့ ပိုမိုကောင်းမွန်တဲ့ နေ့စဥ်လုပ်ဆောင်ချက်တွေ၊ အခက်အခဲ အတားအဆီးမရှိတဲ့ ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းတွေကို Samsung ရဲ့ အထင်ကရ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S Series စမတ်ဖုန်းတွေမှာ ရရှိသွားနိုင်တော့မှာ ဖြစ်ပါတယ်

Samsung Electronics Co., Ltd ဟာ Epic အဖြစ်ဆုံး မိုဘိုင်းသုံးစွဲမှု အတွေ့အကြုံအသစ်တွေကို ယူဆောင်လာပေးမယ့် Galaxy AI နဲ့အတူ Samsung Galaxy S24 Ultra၊ Galaxy S24+ နဲ့ Galaxy S24 စမတ်ဖုန်းတွေကို ကြီးကျယ်ခမ်းနားလှတဲ့ Galaxy Unpacked အခမ်းအနားကြီးနဲ့အတူ မိတ်ဆက်ပေးလာခဲ့ပါတယ်။ Samsung အနေနဲ့ Galaxy AI ရဲ့အကူအညီနဲ့အတူ Galaxy S24 Series စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ပေးလာခဲ့ပြီး အဓိကအနေနဲ့ စာတိုပေးပို့ရာမှာဖြစ်စေ၊ ဖုန်းခေါ်ဆိုရာမှာဖြစ်စေ မတူညီတဲ့ ဘာသာစကားတွေကို မှန်မှန်ကန်ကန် ဘာသာပြန်နိုင်မယ့် စွမ်းဆောင်ရည်ပါဝင်လာသလို Galaxy ရဲ့ ProVisual Engine ကလည်း သုံးစွဲသူတွေ ရှာဖွေလိုသမျှ အကြောင်းအရာတွေကို ပိုမိုတိကျမြန်ဆန်စွာနဲ့ ရှာဖွေနိုင်အောင် လုပ်ဆောင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

“Galaxy S24 Series ဟာ ကျွန်တော်တို့နဲ့ ကမ္ဘာကြီးအကြား ဆက်သွယ်ချိတ်ဆက်မှုတွေကို နောက်တစ်ဆင့် မြှင့်တင်ပေးသွားခဲ့ပြီ ဖြစ်ပြီး စမတ်ဖုန်းတွေရဲ့ ဆန်းသစ်တီထွင်မှု အဆင့်အတန်းတွေကို နောက်ထပ်အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာ လောက်အထိ မီးမောင်းထိုးပြသ‌ပေးနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်မှုနည်းပညာတွေ၊ အတွေ့အကြုံတွေနဲ့အတူ အသုံးပြုသူတွေရဲ့ စမတ်ဖုန်း အသုံးပြုမှုပုံစံတွေကို အခြေခံပြီး Galaxy AI ကိုတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက သုံးစွဲ သူတွေ အနေနဲ့ Galaxy AI နဲ့ အတူ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဘယ်လိုမျိုး ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်မလဲ၊ ဖြစ်နိုင်ခြေအသစ်တွေကို ဖန်တီးလာနိုင်မလဲဆိုတာကို တွေ့မြင်ရဖို့ စိတ်လှုပ်ရှားနေပါပြီ။” ဆိုပြီး Samsung Electronics ရဲ့ Mobile eXperience Business မှာ President နဲ့ Head တာဝန်ရယူထားတဲ့ TM Roh က ပြောကြားခဲ့ပါတယ်။

အသေးစိတ်ကျပြီး ကျစ်လစ်လှပတဲ့ Epic ဒီဇိုင်း

Galaxy S24 Ultra ဟာ ပထမဦးဆုံးအနေနဲ့ Titanium ဘေးဘောင်တွေနဲ့ ပြုလုပ်ထားပြီး အကြမ်းခံနိုင်စွမ်းအမြင့်ဆုံး Galaxy ဖုန်းတစ်လုံးဖြစ်ပါတယ်။ သိသိသာသာ ပါးလွှာတဲ့ ကိုယ်ထည်ကြောင့် လက်ထဲကိုင်ရတဲ့ ခံစားချက်ဟာ ပေါ့ပါးကျစ်လစ်နေမှာဖြစ်ပါတယ်။ Galaxy S24 နဲ့ Galaxy S24+ တို့ အသုံးပြုထားတဲ့ One-mass ဒီဇိုင်းမှာဆိုရင် နောက်ဘက်ဒီဇိုင်းနဲ့ ဘေးဘက်ဒီဇိုင်းတို့က လှပ သေသပ်နေတာကြောင့် ခေတ်မှီပြီး ကျစ်လစ်လှပတဲ့ အသွင်တခုကို ပေးစွမ်းမှာပါ။ Galaxy S24 စီးရီး အားလုံးရဲ့ အရောင်များဟာ ကမ္ဘာမြေရဲ့ အရောင်များကို အခြေခံထားတာ ဖြစ်ပြီး Galaxy S24 Ultra မှာ ဆိုရင် Titanium Gray, Titanium Black နဲ့ Titanium Yellow အစရှိတဲ့ အရောင် သုံးရောင် ၊ Galaxy S24+ မှာဆိုရင် Onyx Black, Marble Gray, Cobalt Violet နဲ့ Galaxy S24 မှာဆိုရင် Amber Yellow, Onyx Black, Marble Gray စတဲ့ သုံးရောင် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

စျေးနှုန်းနဲ့ ကြိုတင်မှာယူမှုအတွက် အထူး အကျိုးခံစားခွင့်များ

အသစ်မိတ်ဆက်လိုက်တဲ့ Galaxy S24 Series ကို အောက်ပါ ဈေးနှုန်းတွေအတိုင်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Galaxy S24 Ultra (12/256 GB) – ၄,၉၉၉,၀၀၀၀ ကျပ်

Galaxy S24+ (12/256 GB) – ၃,၈၈၉,၀၀၀ ကျပ်

Galaxy S24 (8/256 GB) – ၃,၁၉၉,၀၀၀ ကျပ်

Galaxy S24 Series ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့အတွင်း ကြိုတင် Preorder မှာယူနိုင်မှာမှာဖြစ်ပြီးတော့ ကြိုတင်မှာယူမှာအတွက် အထူးခံစားခွင့်တွေအနေနဲ့
Galaxy S24 Series ထဲက ဘယ်ဖုန်းမဆို ကြိုတင်မှာယူမယ်ဆိုရင် Storage ကို နှစ်ဆ မြှင့်တင်ပေးထားတဲ့ မော်ဒယ်ကို ရရှိသွားမှာဖြစ်လို့ Galaxy S24 Ultra နဲ့ Galaxy S24+ ကို (12/512 GB) နဲ့ရရှိနိုင်မှာဖြစ်ပြီး၊ Galaxy S24 ကိုတော့ (8/ 512 GB) နဲ့ ရရှိနိုင်မှာပါ။

ဒါ့အပြင် Epic Gift တွေဖြစ်တဲ့ Standing Grip Case နဲ့ Travel Adapter တွေကိုလည်း လက်ဆောင်ရယူနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိကိုင်ဆောင်နေတဲ့ ဖုန်းအဟောင်းနဲ့ Trade-In ပြုလုပ်ပြီး လဲလှယ်ဝယ်ယူမယ်ဆိုရင်လည်း Galaxy S24 Ultra ကို မှာယူမယ်ဆိုရင် ၅၀၀,၀၀၀ ကျပ် Trade-In Disount နဲ့ Galaxy S24+ နဲ့ Galaxy S24 ကို မှာယူမယ်ဆိုရင်တော့ ၄၀၀,၀၀၀ ကျပ် Trade-In Disount တွေကို ရရှိနိုင်ဦးမှာပါ။
Galaxy S24 Series ကို Preorder ကာလ အတွင်း နဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့နောက်ပိုင်းမှာ ဝယ်ယူသူတိုင်းအတွက်အရှေ့မှန် မျက်နှာပြင် မတော်တဆ ကွဲခြင်းအတွက် ၇၀% နဲ့ အနောက်ကိုယ်ထည် အတွက် ၁၀၀% သက်သာခွင့်တွေကို တစ်နှစ်အတွင်း တစ်ကြိမ် ခံစားခွင့်ရမယ့် Samsung Care+အစီအစဉ်ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

Preorder ကာလအတွင်း ၀ယ်ယူမှုတွေအတွက် အထက်ပါ Samsung Care+ အစီအစဉ်အပြင် အထူးထပ်‌‌ဆောင်းအခွင့်အရေးအနေနဲ့ မတော်တဆဖြစ်ပြီး အရှေ့မှန် မျက်နှာပြင်နဲ့ အနောက်ကိုယ်ထည် ကွဲခြင်းတွေအတွက် ဝယ်ယူတဲ့နေ့ကနေ ၃ လအတွင်း ၁၀၀% သက်သာခွင့် တစ်ကြိမ် ပေးအပ်သွားမယ့် အစီအစဉ်ကိုလည်း ရရှိနိုင်ီဥးမှာပါ။

ဒါတင်မကဘဲ AYA PAY, CB Bank Credit Card တို့နဲ့လည်း ၆ လ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Galaxy S24 Series ထဲက ဘယ်ဖုန်းမဆို သတ်မှတ်ထားတဲ့ Galaxy Watch Series သို့ Galaxy Buds နဲ့ တွဲဖက်ဝယ်ယူမယ်ဆိုရင်လည်း အောက်ပါအတိုင်း အထူးလျှော့စျေးတွေ ပေးသွားမှာပါ။

Galaxy Watch5 Series (သို့) Galaxy Watch6 Series ဖြစ်စေ Galaxy Buds FE (သို့) Galaxy Buds2 Pro ဖြစ်စေနဲ့ တွဲဖက်ဝယ်ယူမယ်ဆို ၂၅ % သက်သာခွင့်နဲ့၊

Galaxy Watch5 Series (သို့) Galaxy Watch6 Series နဲ့ Galaxy Buds FE (သို့) Galaxy Buds2 Pro အပါအဝင် Galaxy S24 Series ဖုန်းတစ်လုံးနဲ့အတူ ထုတ်ကုန် ၃ ခုလုံး ကို ဝယ်ယူမယ်ဆိုရင်တော့ ၃၅% အထိ သက်သာခွင့်တွေ ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။

အထက်ပါ အထူးခံစားခွင့်တွေ အားလုံးကိုတော့ ကြိုတင်မှာယူနိုင်တဲ့ကာလမှာ Pre-order တင်ပြီး ဝယ်ယူထားတဲ့ ဖုန်းတွေအတွက်ပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Preorder မှာယူမယ်ဆိုရင်တော့ ဒီ လင့်ခ် [https://bit.ly/47Kin1M] ကနေ Preorder Form ကိုဖြည့်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မတိုင်ခင် ကြိုတင် Preorder မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။

Galaxy AI နဲ့အတူ Epic ဖြစ်လာတော့မယ့် နေ့စဉ် လုပ်ငန်းဆောင်တာတွေ

နေစဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာအားလုံးကို ပိုမိုအဆင်ပြေကောင်းမွန်လာအောင် Galaxy AI က ကူညီပေးနိုင်မှာဖြစ်ပြီး အထူးသဖြင့် ဖုန်းတွေရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဆက်သွယ်ပြောဆိုမှုတွေကို လွယ်ကူချောမွေ့လာစေမှာပါ။ ဘာသာစကားနဲ့ပတ်သတ်ပြီး ဆက်သွယ်ပြောဆိုမှုတွေ အခက်အခဲ ကြုံတဲ့ အခါ Galaxy S24 မှာပါဝင်လာတဲ့ Live Translate ရဲ့ အချိန်နဲ့တပြေးညီ ဘာသာပြန်ဆိုပေးမယ့် လုပ်ဆောင်ချက်ရဲ့ အကူအညီနဲ့ လွယ်ကူစွာပဲ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ Live Translate ရဲ့ လုပ်ဆောင်ချက်က ဆက်သွယ်ပြောဆိုနေသူ နှစ်ဦးနှစ်ဘက်လုံးမှာ အချိန်နဲ့တပြေးညီ ဘာသာပြန်ဆိုမှုတွေကို အသံနဲ့ဖြစ်စေ၊ စာသားနဲ့ဖြစ်စေ လုပ်ဆောင်ပေးနိုင်တာဖြစ်ပြီးတော့ ဖုန်းမှာ နဂိုပါဝင်ပြီးသား ဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်မှာ တပါတည်းပါဝင်တာဖြစ်တဲ့အတွက် အခြား Third Party App တွေကိုလည်း လိုအပ်မှာမဟုတ်ပါဘူး။ ဒီလို On-Device AI စနစ်ဖြစ်တဲ့အတွက် မိမိရဲ့ ကိုယ်ရေးကိုယ်တာ ဆက်သွယ်ပြောဆိုမှုအချက်အလက်တွေကိုလည်း မပေါက်ကြားရစေဘဲ အပြည့်အဝလုံခြုံမှု ရှိစေမှာပါ။

Interpreter လုပ်ဆောင်ချက်ကလည်း တိုက်ရိုက်စကားပြောဆိုမှုတွေကို ဖုန်းမျက်နှာပြင်မှာ အပိုင်း ၂ ပိုင်းခွဲပြီး ချက်ချင်းဘာသာပြန်ပေးသွားမှာ ဖြစ်တဲ့အတွက် တစ်ဖက်စီမှာ ရှိနေတဲ့ စကားပြောဆိုနေသူနှစ်ဦးအနေနဲ့ တစ်ဖက်သူပြောသမျှ ဘာသာပြန်ထားတာတွေကို တန်းပြီး ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို အင်တာနက်ဒေတာ၊ ဒါမှမဟုတ် Wi-Fi မလိုဘဲ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

စာတိုပေးပို့ရာမှာလည်း ဘယ် Messaging App ကို သုံးသည်ဖြစ်စေ ပြီးပြည့်စုံတဲ့ ပြောဆိုဆက်သွယ်မှုတွေ ပြုလုပ်နိုင်ဖို့ Chat Assist လုပ်ဆောင်ချက်က ကူညီပေးမှာပါ။ မိမိ ပြောဆိုလိုတဲ့ စကားလုံးအနေအထားအတိုင်း လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြောဆိုလိုသည်ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ပြောဖို့အတွက်ဖြစ်စေ၊ ဆိုရှယ်မီဒီယာမှာတင်ဖို့အတွက်ဖြစ်စေ လိုချင်တဲ့ စကားလုံး အနေအထားအတိုင်း ရွေးချယ်နိုင်မယ့် စာသားတွေကို AI ပါဝင်လာတဲ့ Samsung Keyboard ကနေ ပြသပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ပိုလိုတဲ့ (သို့) ရရှိလာတဲ့ စာတွေကိုလည်း ဘာသာစကား ၁၃ ခုအထိကို အချိန်နဲ့တပြေးညီ ဘာသာပြန်ပေးသွားနိုင်ပါသေးတယ်။

ကားမောင်းနေချိန်မှာလည်း Android Auto က ဝင်လာတဲ့ စာတွေကို အလိုလျောက် အနှစ်ချုပ် ပြောပြပေးနိုင်ပြီး၊ စာ ပြန်လည်ပို့ပေးဖို့အတွက် ကိုလည်း သင့်တော်တဲ့ စာသားနဲ့ လုပ်ဆောင်ချက်တွေကိုလည်း အကြံပြုပေးနိုင်တာဖြစ်ပါတာမလို့ လမ်းကိုအားရုံစိုက်ပြီး ကားမောင်းနိုင်သလို တဘက်ကလည်း ချိတ်ဆက်ပြောဆိုမှုတွေကို မနှောင့်နှေးရဘဲ ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။

Samsung Note မှာပါဝင်လာတဲ့ Note Assist မှာလည်း AI အခြေပြုစနစ်ကြောင့် မှတ်စုတွေကို အလိုအလျောက် အကျဉ်းချုပ်ရေးသားပေးတာ၊ ရှုင်းလင်းသပ်ရပ်ပြီး စနစ်ကျတဲ့ ပုံစံဖြစ်အောင် စုစည်းပေးတာ၊ ဝင်ကြည့်လိုက်ရုံနဲ့ မှတ်စုတွေကို ခွဲခြားသိရှိနိုင်အောင် မျက်နှာဖုံး Cover တွေ စိတ်ကြိုက်ပြုလုပ် ပြောင်းလဲထားနိုင်တာတွေကြောင့် ပိုမိုအဆင်ပြေချောမွေ့စွာနဲ့ စွမ်းဆောင်ရည်လည်း တိုးတက်လာနိုင်စေမှာ ဖြစ်ပါတယ်။

အသံသွင်းယူတဲ့ လုပ်ဆောင်ချက်မှာဆိုရင်လည်း Transcript Assist က AI နဲ့ Speech-to-Text နည်းပညာကို အသုံးပြုထားတာ ဖြစ်လို့ အသံဖိုင်ထဲက စကားပြောဆိုနေသူတွေကို ခွဲခြားနိုင်ပြီး၊ ပြောဆိုနေတဲ့ စကားတွေကို စာသားအဖြစ်ပြောင်းလဲတာ၊ အကျဉ်းချုပ်ပေးတာအပြင်၊ ဘာသာပြန်တာအထိ လုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။

Galaxy S24 Series ကနေ ယူဆောင်လာတဲ့ ခေတ်ရှေ့ပြေးတဲ့နည်းပညာတွေက ဆက်သွယ်ပြောဆိုမှုနဲ့ ဆိုင်တဲ့ လုပ်ဆောင်ချက်တွေတင်မကပါဘူး။ သိလိုသမျှ အကြောင်းအရာတွေကို အွန်လိုင်းကနေ ရှာဖွေတာကလည်း နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ Circle to Search လုပ်ဆောင်ချက်နဲ့ လွယ်ကူလျှင်မြန်တဲ့ ရှာဖွေမှုတွေ ပြုလုပ်နိုင်အောင် Galaxy S24 Series က ကူညီနိုင်လာတော့မှာပါ။ Google နဲ့အတူ ချိတ်ဆက်ပြီး ယူဆောင်ပေးလာတဲ့ ဒီ Circle to Search လုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် မိမိ ဖုန်း Screen ပေါ်က မိမိသိလိုသမျှအရာကို Home Botton ကို ဖိပြီး အလွယ်တကူ ဝိုင်းလိုက်ရုံနဲ့ အဲ့ဒီအရာနဲ့ ပတ်သတ်သမျှ အကြောင်းအရာတွေကို Google ကနေ ပြည့်စုံလျင်မြန်စွာ ပြသပေးသွားနိုင်မှာပဲဖြစ်ပါတယ်။ စာသားတွေကိုဆိုလည်း Highlight လုပ်မှတ်သားလိုက်ရုံနဲ့ သိလိုတဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါက အရမ်းကိုလွယ်ကူပြီး Epic ဖြစ်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ပြောရင်လည်း မမှားပါဘူး။

အမြင်သစ်၊ နည်းလမ်းသစ်တွေနဲ့ ပြုလုပ်နိုင်လာမယ့် အကန့်အသတ်မဲ့ တီထွင်ဖန်တီးနိုင်စွမ်း
ပြီးပြည့်စုံတဲ့ AI စနစ်ကို အသုံးပြုထားတဲ့ Galaxy S24 ရဲ့ ProVisual Engine လုပ်ဆောင်ချက်နဲ့အတူ အသုံးပြုသူတွေ အနေနဲ့ ပိုမို အရည်အသွေး အရည်အသွေးပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖန်တီးသွားနိုင်မှာ ဖြစ်ပါတယ်။ Galaxy S24 Ultra ရဲ့ Quad Tele System မှာ 5x optical zoom lens အသစ်ပါဝင်လာတဲ့အတွက် 50MP sensor ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေပြီး 2x, 3x, 5x, 10x တွေကို လိုအပ်သလို Adaptive Pixel Sensor ကချိန်ညှိပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Enhance Digital Zoom လုပ်ဆောင်ချက် ပါရှိတဲ့အတွက် 100x နဲ့ ရိုက်ကူးတဲ့အခါမှာလည်း ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိစေမှာပါ။

အဆင့်မြှင့်တင်ထားတဲ့ Nightography စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း Galaxy S24 Space zoom ကြောင့် ဘယ်လိုမျိုး အလင်းရောင် ရရှိမှု အခြေအနေမှာမဆို ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို ကြည်လင်ပြတ်သားမှုအပြည့်နဲ့ ရိုက်ကူးသွားနိုင်မှာပါ။ အလင်းရောင်မှိန်တဲ့နေရာတွေမှာလည်း Galaxy S24 Ultra မှာ ၆၀% ပိုမိုကြီးမားတဲ့ pixel ဆိုဒ် ပါရှိလာတာ‌ကြောင့် ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S24 Ultra မှာ ပိုမိုအဆင့်မြင့်မားတဲ့ Optical Image Stabilizer (OIS) ပါဝင်လာတဲ့အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးတဲ့နေရာမှာ Noise တွေကိုလျှော့ချပေးနိုင်သလို လှုပ်ရှားနေတဲ့ အရာတွေကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြင်ဆင်လိုတဲ့အခါမှာလည်း Galaxy AI editing tools နဲ့အတူ ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်သွားနိုင်မှာပါ။ ဓာတ်ပုံထဲမှာ မလိုချင်တဲ့ အရာတွေကို ဖယ်ထုတ်ချင်တာပဲဖြစ်ဖြစ်၊ ဓာတ်ပုံ အရည်အသွေး ပိုကောင်းလာအောင် ဖြစ်ဖြစ်၊ စိတ်တိုင်းကျ ပြင်ဆင်သွားနိုင်မှာ ဖြစ်တဲ့အပြင် Edit Suggestion ကနေတစ်ဆင့် Galaxy AI ကလည်း ပုံတစ်ပုံချင်းစီအတွက် ပြီးပြည့်စုံပြီးသင့်တော်တဲ့ ရွေးချယ်မှုတွေကို ဖော်ပြပေးသွားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေ လွတ်လပ်စွာ ဖန်တီးနိုင်စွမ်း ရရှိစေဖို့အတွက် Generative Edit က Generative AI ကို သုံးပြီး ဓာတ်ပုံရဲ့ နောက်ခံကို လိုအပ်သလို ဖြည့်စွက်ပေးနိုင်မှာ ဖြစ်တဲ့အပြင် Video တွေကို အနှေးပုံစံနဲ့ ရိုက်ကူးရာမှာလည်း Instant Slow-mo က လိုအပ်တဲ့ Frame တွေကို ပြီးပြည့်စုံအောင် ဖြည့်စွက်ပေးမှာ ဖြစ်တဲ့အတွက် ပိုမိုတိကျတဲ့ Slow-mo ဗီဒီယိုတွေကို ရိုက်ကူးသွားနိုင်မှာ ဖြစ်ပါတယ်။

Super HDR ကလဲ ပုံထွက်တိုင်း ကို အလှပဆုံးဖြစ်စေဖို့ ပုံမရိုက်ကူးခင်မှာ Preview ကြိုတင်ပြသပေးတာကြောင့် ကိုယ့်ရဲ့ အမှတ်တရ အခိုက်အတန့်တွေကို ပြီးပြည့်စုံမှုအရှိဆုံး ပုံရိပ်တွေအဖြစ် ရိုက်ကူးသိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ Galaxy S24 Series ရဲ့ Camera Features တွေကို Instagram စတဲ့ လူကြိုက်များတဲ့ အက်ပလီကေးရှင်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာကြောင့် ပိုမို အဆင်ပြေလွယ်ကူစေမှာဖြစ်ပြီး Gallery ထဲက ဓာတ်ပုံတွေကိုလည်း Super HDR နဲ့ပြသပေးတာကြောင့် ပိုမို အသက်ဝင်တဲ့အရောင်ထွက်နဲ့ အရည်အသွေးကို ခံစားနိုင်မှာဖြစ်ပါတယ်။

အဆင့်အမြင့်မားဆုံး လုပ်ဆောင်ချက်တွေနဲ့ ပံ့ပိုးပေးထားတဲ့ ပြီးပြည့်စုံမှုအရှိဆုံး Galaxy အသုံးပြုမှုအတွေ့အကြုံ

AI က နေ့စဥ်ဘဝမှာ ပိုမိုအရေးပါလာတာနဲ့အမျှ AI ရဲ့ စွမ်းဆောင်ရည်တွေဟာလဲ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးနိုင်လာတာကိုတွေ့ရပါတယ်။ ဂိမ်းဆော့တဲ့အခါ၊ video တွေကို တည်းဖြတ်တဲ့ အခါနဲ့ Application တွေ တစ်ခုနဲ့တစ်ခု ပြောင်းလဲအသုံးပြုတဲ့အခါမှာ အမြန်ဆန်ဆုံး ဖြစ်စေဖို့အတွက် Samsung Galaxy S24 မှာ Chipset, Display နဲ့အခြား အဆင့်မြှင့်တင်မှု များစွာ ပါဝင်လာတဲ့အတွက် Epic အဖြစ်ဆုံး အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာပါ။ Galaxy S24 Ultra စမတ်ဖုန်းမှာ Galaxy ဖုန်းတွေအတွက်သာ သီးသန့် ထုတ်လုပ်ထားတဲ့ Snapdragon® 8 Gen 3 Mobile Platform ကို အသုံးပြုထားတာကြောင့် AI လုပ်ဆောင်ချက်တွေအတွက် ပြီးပြည့်စုံမှု အရှိဆုံး NPU ပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပါ မျက်ဝါးထင်ထင် မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် Galaxy S24 Series Model 3 မျိုးလုံးမှာ 1-120Hz Adaptive Refresh Rates ပါဝင်လာမှာလည်း ဖြစ်ပါတယ်။

Gaming အရည်အသွေးပိုင်းမှာဆိုရင်လည်း Hardware နဲ့ Software ပိုင်းဆိုင်ရာတွေမှာ အကောင်းဆုံး အဆင့်မြှင်တင်ပေးထားတဲ့အပြင် Galaxy S24 စီးရီး စမတ်ဖုန်းမော်ဒယ်အားလုံးမှာ အကောင်းဆုံးသော အပူချိန် ထိန်းချုပ်မှု စနစ်ပါဝင်ပြီး အရင်ထက် ၁.၉ ဆ ပိုကြီးတဲ့ Vapour Chamber ကို ထည့်သွင်း အသုံးပြုပေးထားတဲ့အတွက် မျက်နှာပြင် အပူချိန်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ရုပ်ထွက်မှာဆိုရင်လဲ Galaxy Display ဟာ 2,600 nits အထိ peak brightness ရရှိအောင် ထောက်ပံ့ပေးထားတဲ့ အတွက် အတောက်ပဆုံး နေရောင်ခြည်ထဲမှာတောင် Visual Booster နဲ့အတူ သေသေချာချာ မြင်တွေ့နိုင်စေဖို့ ပြုလုပ်ပေးထားပါတယ်။

Galaxy S24 Ultra မှာ Corning® Gorilla® Armor မျက်နှာပြင်ကို ထည့်သွင်းပေးထားတဲ့အတွက် ခြစ်ရာများကို လေးဆ ပိုမိုခံနိုင်ရည်ရှိလာပြီး ၅၀ ရာခိုင်နှုန်း အထိ ပိုမိုခိုင်ခံ့တောင့်တင်းလာအောင် ပြုလုပ်ပေးထားပါတယ်။

Galaxy S24 စီးရီးမှာ ဒီဇိုင်းပိုင်းအနေနဲ့ ပိုမိုပါးလွှာတဲ့ ဘေးဘောင်တွေ ပါရှိလာတဲ့အပြင် Galaxy S24 မှာ ၆.၂”၊ Galaxy S24+ မှာ ၆.၇” နဲ့ Galaxy S24 Ultra မှာ ၆.၈” မျက်နှာပြင်တွေ ထည့်သွင်းထားတာာကြောင့် အသုံးပြုသူတွေ အနေနဲ့ ပိုမို ကြီးမားကျယ်ပြန့်တဲ့ ပြီးပြည့်စုံမှု အရှိဆုံး ကြည့်ရှုခံစားမှု အရသာကို နစ်မြောခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S24+ စမတ်ဖုန်းတွေမှာလည်း Galaxy S24 Ultra နဲ့ တန်းတူ QHD+ မျက်နှာပြင် ပါဝင်လာမှာ ဖြစ်ပါတယ်။

အသုံးပြုသူများအတွက် ယုံကြည်မှု အပြည့်အဝရှိတဲ့ အဆင့်မြင့် လုံခြုံရေးစနစ်များ

Galaxy S24 Series စမတ်ဖုန်းတွေမှာ ယုံကြည်စိတ်ချမှု အရှိဆုံး end-to-end Samsung Knox လုံခြုံရေးစနစ်ကို ထည့်သွင်း အသုံးပြုပေးထားတဲ့အတွက် အသုံးပြုသူတွေ အနေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အကောင်းဆုံး ကာကွယ်သွားနိုင်မှာ ဖြစ်တဲ့အပြင် လုံခြုံရေးပိုင်းဆိုင်ရာ ချိုးဖောက်မှု တစ်ခုခုရှိလာရင်လည်း ချက်ချင်း အချိန်နဲ့ တပြေးညီ သိရှိသွားနိုင်မှာပါ။

ဒါ့အပြင် Galaxy S24 အသုံးပြုသူတွေအနေနဲ့ Advanced Intelligence setting တွေကနေ တဆင့် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အပြည့်အဝထိန်းချုပ်နိုင်မှာ ဖြစ်တဲ့အတွက် တစ်စုံတစ်ရာ စိုးရိမ်ပူပန်စရာ မလိုပဲ AI အသုံးပြုမှု အတွေ့အကြုံကို ပြီးပြည့်စုံမှုရှိရှိနဲ့ ခံစားသွားနိုင်မှာပါ။

ဒါ့အပြင် Galaxy S24 Series တွေမှာပါဝင်တဲ့ Know Matrix လုပ်ဆောင်ချက်ကို အသုံးပြုပြီး Passkeys နဲ့အတူ လုံခြုံစိတ်ချမှု အပြည့်နဲ့ ချိတ်ဆက် အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ Passkeys တွေကို အသုံးပြုပြီး သူတို့ အသုံးများတဲ့ ဝက်ဘ်ဆိုက်တွေ၊ အက်ပလီကေးရှင်းတွေကို လုံခြုံရေးပိုင်းဆိုင်ရာ တစ်စုံတစ်ရာ စိတ်ပူစရာမလိုပဲ လွယ်လွယ်ကူကူ မြန်ဆန်စွာ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Enhanced Data Protection လုပ်ဆောင်ချက် ပါရှိတာကြောင့် အသုံးပြုသူတွေ အနေနဲ့ Samsung Cloud ကနေတဆင့်backup ပြုလုပ်ရာမှာဖြစ်စေ၊ Sync ပြုလုပ်ရာမှာဖြစ်စေ၊ Restore ပြုလုပ်ရာမှာဖြစ်စေ end-to-end encryption လုံခြုံရေးစနစ်နဲ့အတူ တစ်ခြား စက်ပစ္စည်းတွေကို လုံခြုံစိတ်ချမှုအပြည့်နဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S24 Series မှာ Samsung ရဲ့ အဆင့်မြင့် လုံခြုံရေးစနစ်တွေ ဖြစ်တဲ့ Knox Vault, Security & Privacy Dashboard, Auto Blocker, Secure Wi-Fi, Private Share, Maintenance Mode နဲ့ အခြားသော စွမ်းဆောင်ရည်မြင့် စနစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

Samsung ရဲ့ နောက်ထပ်တစ်ဆင့် တက်လာတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကြိုးပမ်းမှုခရီးစဉ်

သဘာဝပတ်ဝန်းကျင်အတွက်အမြဲ အလေးပေးနေကျ Samsung ဟာ Galaxy S24 Series မှာ ပြန်လည်အသုံးပြုထားတဲ့ အစိတ်အပိုင်းတွေ ဆက်လက်အသုံးပြုပေးထားတာဖြစ်ပြီး ပြန်လည်အသုံးပြုထားတဲ့ ကိုဘော့နဲ့ ရှားပါး ဒြပ်စင်တွေကို ပထမဆုံးအနေနဲ့ အသုံးပြုထားတဲ့ Galaxy ဖုန်းတွေလည်း ဖြစ်လာပါတယ်။ Galaxy S24 Ultra ရဲ့ battery မှာဆိုရင်လဲ ပြန်လည်အသုံးပြုထားတဲ့ ကိုဘော့ကို အနည်းဆုံး ၅၀ ရာခိုင်နှုန်း အသုံးပြုထားပြီး စပီကာအပိုင်းမှာတော့ ရှားပါး ဒြပ်စင်များကို ၁၀၀ ရာခိုင်နှုန်းအထိ အသုံးပြုပေးထားတာ ဖြစ်ပါတယ်။

Galaxy S24 ဟာဆိုရင်လည်း ပြန်လည်အသုံးပြုထားတဲ့ စတီးလ် နဲ့ Thermoplastic Polyurethane (TPU) တို့နဲ့ ပြုလုပ်ထားတဲ့ ပထမဦးဆုံး Galaxy S Series ဖုန်းတစ်လုံးဖြစ်ပါတယ်။ Galaxy S24 Ultra ရဲ့ စပီကာတွေမှာ ပြန်လည်အသုံးပြုထားတဲ့ စတီးလ် အနည်းဆုံး ၄၀ % အသုံးပြုထားပြီး ဘေးဘက်နှင့် အသံအတိုးအကျယ်ခလုတ်တွေမှာလည် ပြန်လည်အသုံးပြုထားတဲ့ TPU အနည်းဆုံး ၁၀% ပါဝင်ပါတယ်။ Galaxy S24 Series ရဲ့ Packaging မှာဆိုရင်လညိး ၁၀၀ ရာခိုင်နှုန်း recycle paper material တွေကိုပဲ အသုံးပြုပေးထားပါတယ်။

Samsung ဟာ ဒီ နောက်ဆုံးပေါ် Flagship ဖုန်းတွေကိုလည်း အသုံးပြုသူတွေအတွက် ပိုမိုကြာရှည်စွာ နဲ့ ယုံကြည်စိတ်ချစွာအကောင်းဆုံး အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီး OS Upgrades ကို မျိုးဆက် ၇ ခုတိုင် ပေးသွားမှာဖြစ်တဲ့အပြင် Security Updates တွေကိုလည်း ၇နှစ်ကြာပေးသွားဦးမှာပဲ ဖြစ်ပါတယ်။ Galaxy S24 ဟာ UL ECOLOGO® ရဲ့ အသိအမှတ်ပြုလက်မှတ်ကို ရရှိထားတာဖြစ်ပြီးး carbon footprint ဟာဆိုရင်လည်း The Carbon Trust ရဲ့ စစ်ဆေးအသိအမှတ်ပြုမှုကို ရယူထားနိုင်တာဖြစ်ပါတယ်။

Samsung Galaxy ထုတ်ကုန်တွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြိုးပမ်းမှုတွေ ပိုမိုတိုးတက်အောင်မြင်မူရှိလာတာကို Galaxy S24 Series က ပြသနေတာပဲဖြစ်ပြီး Samsung ဟာ ၂၀၃၀ မှာ မိုဘိုင်းထုတ်ကုန်တိုင်းမှာ ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေ အနည်းဆုံး တစ်ခုအသုံးပြုနိုင်မယ်လို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။

Galaxy S24 series နဲ့ပတ်သတ်ပြီး ပိုမို သိရှိလိုပါက Samsung Newsroom, Samsungmobilepress.com နဲ့ Samsung.com တို့မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top