ပန်းရောင်အစက်အပျောက်တွေပါတဲ့ နှင်းဇီးကွက်ကို မြင်တွေ့လိုက်ရလို့ သိပ္ပံပညာရှင်တွေနဲ့ ငှက်ချစ်သူတွေ အံ့အားသင့်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် နှင်းဇီးကွက်တွေဟာ ဖြူဖွေးတဲ့ အရောင်အသွေးရှိပေမဲ့ ဒီဇီးကွက်ကတော့ ပန်းရောင် အစက်အပျောက်တွေ ပါဝင်ပြီး ထူးထူးခြားခြား လှပနေတာပါ။ ဘာကြောင့် ဒီလို အရောင်အသွေး ဖြစ်နေရသလဲဆိုတာကို သိရှိနိုင်ဖို့ ငှက်ချစ်သူက စိတ်အားထက်သန်နေကြပါတယ်။
နှင်းဇီးကွက်တွေကို အာတိတ်ဇီးကွက်၊ ဝန်ရိုးစွန်းဇီးကွက်၊ ဇီးကွက်ဖြူကြီးလို့လည်း ခေါ်ကြလေ့ရှိပြီး ဇီးကွက်တွေနဲ့နှိုင်းယှဉ်ရင် မျက်လုံး သေးငယ်ပြီး မျက်လုံးအိမ်ကိုလည်း လှည့်နိုင်စွမ်း မရှိပါဘူး။
Ref: Wait! did that owl just dye its feathers pink
NZ ( ရိုးရာလေး)

