ဖိလစ်ပိုင်မှာ အိမ်ပြန်ဖို့ ရက်ပေါင်း များစွာ ဘတ်စ်ကားစောင့်နေရင်း အမျိုးသမီးတစ်ယောက် သေဆုံး

12-6-2020-yyl-041.jpg

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာ ပိတ်ဆို့ထားချိန်အတွင်း အိမ်ပြန်ဖို့ ရက်ပေါင်းများစွာ ဘတ်စ်ကားစောင့်နေရင်း အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်က နာကျည်းခံပြင်းမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ကပ်ရောဂါကာလအတွင်း တစ်နယ်တစ်ကျေးမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေအပေါ် အစိုးရက ဘယ်လိုပြုမူဆက်ဆံခဲ့လဲဆိုတာကို စောင့်ကြည့်မှုတွေ ရှိလာခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိတဲ့ ဆေလ်ဗာတီနိုကို ဇွန်လ ၅ ရက်က ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမြို့ အဝေးပြေးလမ်းပေါ်က တံတားခြေရင်းမှာ သတိလစ်နေကြောင်း တွေ့ရှိခဲ့တာပါ။

သားသမီး ၄ ယောက်ရှိတဲ့ ဆေလ်ဗာတီနိုက မနီလာမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ ကျော် ကွာဝေးတဲ့ ကာလာဘန်ဂါမြို့ နေအိမ်ကိုပြန်ဖို့ ဘတ်စ်ကားစောင့်နေခဲ့တာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အသွားအလာ ကန့်သတ်ထားလို့ ပြည်သူ့ ပို့ဆောင်ရေးစနစ် ပြေးဆွဲခဲ့ခြင်းမရှိပါဘူး။ ဆေလ်ဗာတီနိုဟာ ဘတ်စ်ကားရှိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မနီလာမြို့မြောက်ဘက်မှာရှိတဲ့ ကွီဇွန်မြို့ကနေ ပါဆေးမြို့အထိ လမ်းလျှောက်ခဲ့ပေမဲ့ အချည်းနှီးဖြစ်ခဲ့ပြီး တံတားခြေရင်းမှာ ရက်တော်တော်ကြာအောင် နေခဲ့ရပါတယ်။ သူ့ကိုတွေ့ချိန်မှာ သတိလစ်နေပြီး ဆေးရုံရောက်ချိန်မှာတော့ သေဆုံးပြီလို့ အတည်ပြုခဲ့ပါတယ်။

ဆေလ်ဗာတီနို သေဆုံးမှုက ဖိလစ်ပိုင်နိုင်ငံမှာ နာကျည်းခံပြင်းမှုတွေ ဖြစ်ပေါ်စေပြီး တွစ်တာပေါ်မှာ ( မီရှယ်ဆေလ်ဗာတီနိုအတွက် တရားမျှတမှု) #JusticeforMichelleSilvertino ဆိုတဲ့ ရေးသားဖော်ပြမှုက ရေပန်းစားခဲ့ပါတယ်။ ဆေလ်ဗာတီနိုလို ပိတ်မိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အစိုးရက ဘာမှမလုပ်ပေးခဲ့ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ရက် ၈၀ လောက် အသွားအလာ ပိတ်ဆို့ခဲ့ပြီးနောက် မနီလာမြို့မှာ ဇွန်လ ၁ ရက်ကစပြီး ကန့်သတ်မှုတွေ ဖြေလျှော့ပေးခဲ့သလို ပြည်သူ့ပို့ဆောင်ရေးစနစ်ကိုလည်း တစ်စိတ်တစ်ပိုင်း ပြန်စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ်တွေကြား ဘတ်စ်ကားပြေးဆွဲမှုကိုတော့ တားမြစ်ထားဆဲပါပဲ။ ဖိလစ်ပိုင်နိုင်ငံရဲ့ ပိတ်ဆို့မှုစည်းမျဉ်းတွေကြောင့် ပိတ်မိနေတဲ့ ခရီးသည်ရာချီဟာ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့လို့ မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်နားက အဝေးပြေးလမ်းဘေးမှာ စခန်းချနေထိုင်ခဲ့ရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top