၃၅ နှစ်ကြာ နေ့တိုင်းသစ်ပင်စိုက်ပြီး ကျေးငှက်တိရစ္ဆာန်များပျော်စံရာ သစ်တောကြီး ဖန်တီးခဲ့သူ

9-26-2022-yyl-22.jpg

သူ့ကို အိန္ဒိယရဲ့ သစ်တောလူသားလို့ လူသိများတယ်။ သူက တစ်ကိုယ်ရေ တစ်ကာယသမား။ ၁၉ နှစ်သားအရွယ်မှာ ပူပြင်းလွန်းလို့ လွင်တီးခေါင် သောင်ပြင်မှာ မြွေတွေ အများကြီး သေနေတာ သူ တွေ့ခဲ့တယ်။ ဒါကို တွေ့ပြီး သူ သောင်ခုံပေါ်မှာ ဝါးပင်တွေ စိုက်တယ်။

အဲဒီအချိန်ကစပြီး သူက သားရဲတိရစ္ဆာန်တွေကို ကယ်တင်ပေးဖို့ သစ်ပင်တွေ စိုက်တော့တာပဲ။ ၃၅ နှစ်တိုင်တိုင် နေ့စဉ်နေ့တိုင်း သစ်ပင်စိုက်လိုက်တာ ဧက ၁၃၆၀ ကျယ်ဝန်းတဲ့ သစ်တောကြီး ဖြစ်လာတော့တယ်။ အခု အဲဒီသစ်တောထဲမှာ ကျား၊ ကြံ့၊ သမင်နဲ့ ယုန် အကောင် ရာချီ ကျက်စားတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်။ ဆင်တွေရော၊ ကျေးငှက်တွေရော ပျော်စံရာသစ်တောလေး ဖြစ်နေပါပြီ။

ဒါကြောင့်ပဲ သူ့ကို အိန္ဒိယနိုင်ငံရဲ့ အရပ်ဘက်ဆိုင်ရာမှာ စတုတ္ထအမြင့်ဆုံး ဂုဏ်ပြုဆုချီးမြှင့်တယ်။ သူကတော့ အာသံပြည်နယ်မှာ မွေးတဲ့ ဂျာဒါဝမိုလိုင်းပါပဲ။ ဒါပေမဲ့ သူ့ကို လူတွေကတော့ သစ်တောလူသားလို့ပဲ ခေါ်ကြပါတယ်။

Ref: India’s Forest Man

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top