We Love Rakhine အဖွဲ့၏ မျှဝေခြင်းအစီအစဥ်အား မိတ်ဆက်ခြင်းနှင့် ကူညီလှူဒါန်းလိုသူများအား ဖိတ်ခေါ်

WLR_2.jpg

We Love Rakhine အဖွဲ့အစည်းသည် ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသောအခက်အခဲများ၊ အခြေအနေများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ရန် အဓိကထားဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယင်းအဖွဲ့အစည်းတွင် မြန်မာနိုင်ငံအနှံ့မှတတ်သိပညာရှင်များ၊ ရခိုင်ပြည်ကို ချစ်ခင်ကြသော မိတ်ဆွေအပေါင်းအသင်းများ၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိကြသော လုပ်ငန်းရှင်များဖြင့် တည်ထောင်ထားသည်။

We Love Rakhine အသင်းမှနေ၍ Covid-19 ရောဂါနှင့်ပတ်သက်သည့် ပညာပေးအစီအစဥ်များ၊ Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ၊ လက်ဆေးရည် (Hand Sanitizer) များကို ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးသို့ လှူဒါန်းခဲ့သည့်အပြင် ပြည်နယ်အစိုးရနဲ့ပူးပေါင်းပြီး စစ်တွေတက္ကသိုလ်တွင် Quarantine Centre ကို ကူညီဖွင့်လှစ်နိုင်ခဲ့သည်။

ဆက်လက်၍ We Love Rakhine အသင်းသည် ၄င်းတို့၏ လက်ရှိလုပ်ဆောင်ချက်အနေဖြင့် “မျှဝေခြင်းအစီအစဥ်” ကို လုပ်ကိုင်လျက်ရှိပြီး အသင်း၏ ရည်မှန်းချက်ဖြစ်သော ရခိုင်ပြည်နယ်၏ လူမှုရေးနဲ့ စီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်များကို စတင်လုပ်ကိုင်နေပါသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် အစိုးရအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းမှ ပညာရှင်များ၊ အလှူရှင်များနှင့် အတူတကွ ဆောင်ရွက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ ခံစားနေရသော ဒုက္ခများမှ လွတ်မြောက်အောင် ကူညီလုပ်ဆောင်သွားဖို့ ရည်ရွယ်သည်။

“ကျွန်ုပ်တို့ ချစ်သော ရခိုင်မြေ (We Love Rakhine) အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်အတွင်း Covid-19 ရောဂါကြောင့်သာမက အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်နေသော အိမ်ထောင်စုများကို လှူဒါန်းနိုင်ဖို့အတွက် “မျှဝေခြင်းအစီအစဥ်”ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအစီအစဥ်ကတော့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အခက်အခဲရင်ဆိုင်နေရတဲ့ အိမ်ထောင်စုပေါင်း ၅၅,၀၀၀ ကို ကျပ်ငွေ ၁၀,၀၀၀ တန်ဖိုးရှိတဲ့ အခြေခံစားသောက်ကုန်များကို လှူဒါန်းသွားမယ့် အစီအစဥ်ပဲဖြစ်ပါတယ်” ဟု We Love Rakhine အသင်း ဥက္ကဌ ဦးထွန်းထွန်းနိုင်က ရှင်းပြခဲ့ပါတယ်။

ဆက်လက်၍ We Love Rakhine အဖွဲ့၏ ဒုက္ကဌ ဖြစ်သူ ဦးကျော်သိန်းခိုင်က “ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ သွားရေးလာရေး အင်မတန်ခက်ခဲတဲ့အပြင် ရခိုင်ပြည်နယ် နေရာတော်တော်များများမှာ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုနှေးကွေးလာတာကို မြင်ရတယ်။ ဒါ့အပြင် ဒေသခံတွေဟာ နှစ်စဥ် သဘာဝဘေးအန္တရာယ်ရဲ့ ဒဏ်တွေကို အမြဲ တွေ့ကြုံခံစားနေရတယ်။ နိမ့်ကျလာတဲ့ လူနေမှုပုံစံတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေကို ပြန်လည်မြင့်တက်လာအောင် ကျွန်တော်တို့ We Love Rakhine အဖွဲ့ကနေ အတက်နိုင်ဆုံး ဖေးမကူညီပေးသွားမှာပါ။ ရခိုင်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းအသေးလေးတွေ များပြားလာအောင် ကူညီဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

We Love Rakhine အသင်းမှ ၁၇ မြို့နယ်အတွက် ပထမအသုတ်အိမ်ခြေ ၇၇၀၀ လျာထားရာမှ လက်ရှိတွင် အမ်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ် နှင့် ဂွ စသည့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၇ မြို့နယ်မှ အိမ်ထောင်စုပေါင်း ၃၈၉၄ အတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းပြီး ဖြစ်သည်။ ယခုလအတွင်း ကျန်ရှိနေသည့် ၁၀ မြို့နယ်အတွက် ၃၈၀၂ အိမ်ထောင်စုကို အပြီး ပေးအပ်လှူဒါန်းဖို့ စီမံဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းသို့လှူဒါန်းခြင်းအတွက် ပါဝင်ကူညီ အလှူငွေထည့်ဝင်လိုသူများအနေနဲ့ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်။

• KTK Electrical & Engineering စက်ရုံ
အမှတ် ၃၀၉၊ (၉) လမ်း၊ ရန်ကုန် ဇေကမ္ဘာဝန်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့ ။
ဆက်သွယ်ရန်ဖုန်း – ၀၉ ၉၅၅၁၀၅၆၂၃

• Solar Rays
အမှတ် (၃၆၊၃၈)၊ ပါရမီလမ်းမပေါ်၊ အင်းစိန်လမ်းနှင့် ဗဟိုလမ်းကြား၊ ၁၆ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။
ဆက်သွယ်ရန်ဖုန်း – ၀၉ ၇၉၈၀၀၀၂၀၀

• KTK Electrical & Engineering အရောင်းပြခန်း
အမှတ် (၁၀၄၂)၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ ။
ဆက်သွယ်ရန်ဖုန်း – ၀၉ ၅၅၁၀၅၆၂၃

• ဂန္တဝင်ရွှေပုဂံ ခရီးသွားလုပ်ငန်း
အမှတ် (၆၇)၊ ဗဟိုလမ်းနှင့် သီရိလမ်းထောင့်၊ ဗဟိုလမ်းမပေါ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။
ဆက်သွယ်ရန်ဖုန်း – ၀၉ ၇၉၀၉၀၁၄၆၆

• Wave Restaurant & Bar
လမ်းမကြီး၊ လမ်းမတော်တောင်၊ စစ်တွေမြို့ ။
ဆက်သွယ်ရန်ဖုန်း – ၀၉ ၅၁၇၅၁၅၅၊ ၀၉ ၅၀၀၇၅၁၄

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top