ပိုလန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘာ့အနက်ဆုံးရေကူးကန်

25-11-2020-yyl-008.jpg

ကမ္ဘာ့အနက်ဆုံးရေကူးကန်ကို ပိုလန်နိုင်ငံမှာ ဖွင့်လှစ်လိုက်ပါပြီ။ ပြီးခဲ့တဲ့ပိတ်ရက်ကမှ ဝါဆောမြို့အနီးနားက အဲဒီရေကူးကန်ကို ပထမဆုံးဖွင့်လှစ်ပြီး အများပြည်သူတွေကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေကူးကန်ကို Deepspot လို့ခေါ်ပြီး (၄၅) မီတာနက်ပါတယ်။ ၂၅ မီတာ သာမန်ရေကူးကန်ထက် ၂၇ ဆပိုများတဲ့ ရေထုထည်ရှိပြီး ဝါဆောမြို့ကနေ ၂၅ မိုင်ခန့်မှာ တည်ရှိတဲ့ Msxczonow မြို့မှာ ဖွင့်လှစ်ထားပါတယ်။

Deepspot လို့ခေါ်တဲ့ အဲဒီရေကူးကန်ဟာ ရေငုပ်သမားတွေလာရောက်လေ့ကျင့်လို့ရတဲ့နေရာလည်းဖြစ်တဲ့အပြင် အပျော်တမ်းရေငုပ်သမားတွေလာရောက်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ ရေမငုပ်ချင်တဲ့သူတွေအတွက်လည်း ရေစိုစရာမလိုဘဲ ရေကူးကန်မှာ ပျော်ရွှင်လို့ရတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ဥမင်တစ်ခုရှိပါတယ်။ ၄၅ မီတာ နက်တဲ့ ဒီရေကူးကန်က လက်ရှိ Guiness World Record ဆုရ ရေကူးကန်ထက် ပိုပြီးနက်ပါတယ်။

အီတလီနိုင်ငံမှာ ရှိတဲ့ Y-40 ရေကူးကန်က ၄၂ မီတာနက်ပြီး ၂၀၁၄ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့အချိန်မှာ ဂင်းနစ်စ်စံချိန်ဝင်ခဲ့တာဖြစ်ပါတယ်။ Deepspot ရေကူးကန်ဖွင့်လှစ်တဲ့နေ့မှာ “ဒါက ကမ္ဘာမှာ အနက်ဆုံးရေကူးကန်ပါ” လို့ Deepspotရဲ့ဒါရိုက်တာ Michal Braszczynski က ပြောပါတယ်။ “ဒီနေရာမှာ ငါးတွေ၊ သန္တာကျောက်တွေမရှိပါဘူး။ ဒါကြောင့် ပင်လယ်သဘောအနေနဲ့ အစားထိုးဖန်တီးထားတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘေးကင်းစွာနဲ့ ရေငုပ်ဖို့အတွက် လေ့ကျင့်သင်ယူလို့ကောင်းတဲ့နေရာတစ်ခုပါ။ ရေငုပ်သမားတွေအတွက် မူကြိုကျောင်းလိုပါပဲ” လို့ ရေငုပ်နည်းပြ Przemyslaw Kacprazak က ပြောပါတယ်။

Deepspot က လအနည်းအငယ်အတွင်းမှာ ကမ္ဘာ့အနက်ဆုံးရေကူးကန်ဆိုတဲ့ မှတ်တမ်းကို ရရှိသွားမှာဖြစ်ပါတယ်။ UK မှာ မီတာ ၅၀ နက်တဲ့ Blue Abyss လို့ခေါ်တဲ့ ရေကူးကန်ကို တည်ဆောက်ဖို့စီမံကိန်းလည်းရှိနေပါတယ်။ Deepspot ထက်နက်တဲ့ ဒီရေကူးကန်ကိုတော့ နောက်နှစ်အစောပိုင်းမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

Ref: Independent “World’s deepest diving pool opens in Poland”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top