စပ်တဲ့အစားအစာတွေ စားသုံးတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုတွေ ဖြစ်လာနိုင်လဲ

28-9-2020-yyl-022.jpg

စာဖတ်ပရိသတ်တွေရော စပ်တဲ့အစားအစာတွေကို ကြိုက်ကြလား။ တချို့လူတွေဆိုရင် အစပ်မပါရင်ကို ထမင်းမစားတတ်ကြပါဘူး။ တချို့ဟင်းလျာတွေက အရမ်းအစပ်များတဲ့အတွက် ချက်တဲ့စာဖိုးမှူးတွေတောင် သူတို့မျက်လုံးတွေကို ကာကွယ်ဖို့အတွက် မျက်လုံးကာကွယ်ပေးတဲ့Mask တွေကို ဝတ်ဆင်ကြရပါတယ်။ အပူအစပ်များတဲ့ အစားအစာတွေကို စားသုံးတာက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်းရှိတယ်ဆိုတာက ငြင်းလို့မရပါဘူးနော်။ အပူအစပ်စားရတဲ့ ကြိုက်တဲ့သူတွေရော၊ အစပ်စားရတာမကြိုက်တဲ့သူတွေပါ အပူအစပ်စားခြင်းရဲ့ကောင်းကျိုးတွေနဲ့ဆိုးကျိုးတွေကို သိထားသင့်ပါတယ်။ ဒါကြောင့် အပူအစပ်တွေစားရင် ခန္ဓာကိုယ်မှာ ဘယ်လိုတွေဖြစ်လာစေနိုင်လဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

ကိုယ်အလေးချိန်ကျစေတယ်

စပ်တဲ့အစားအစာတွေကို စားပေးတာဟာ ခန္ဓာကိုယ်က အဆီအပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုပါ။ ကိုယ်အလေးချိန်ကျအောင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းနဲ့ ကျန်းမာရေးညီညွတ်တဲ့ တစ်နေ့တာစားသောက်နေထိုင်မှုတွေကို အခြားအရာတွေနဲ့ အစားထိုးလို့မရပေမဲ့ ငရုတ်သီးမှာ တွေ့ရတဲ့ capsinoids ဓာတ်ကလည်း ကိုယ်အလေးချိန်ကို လျော့ချပေးတဲ့နေရာမှာ အကူအညီဖြစ်စေပါတယ်။ အဲဒီဓာတ်တွေကို စွမ်းအင်တွေတိုးလာစေပြီး ခန္ဓာကိုယ်ကအဆီတွေကို လျော့ချစေတဲ့အရာအဖြစ် သိကြပါတယ်။

နာကျင်မှုကို ခံနိုင်ရည်စွမ်း တိုးလာစေတယ်

စပ်တဲ့အစားအစာတွေက တခြားသူတွေကို မခံမရပ်နိုင်အောင် နာကျင်စေပေမဲ့ ငရုတ်သီးမှာ ပါဝင်တဲ့ Capsaicin က ဦးနှောက်မှာ နာကျင်တဲ့ခံစားချက်အတွက် ကောင်းတဲ့တုံ့ပြန်မှုပေးနိုင်ပါတယ်။ အဲဒါက ဦးနှောက်ကို နာကျင်မှုတွေ လျစ်လျူရှုစေပါတယ်။

ကိုယ်ခံအားစနစ်ကို တိုးမြှင့်လာစေမယ်

ပူစပ်တဲ့အစားအစာတွေ စားပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို အန်တီအောက်စီဒန့်ဓာတ်တွေ ပြည့်ဝစေပါတယ်။ အထူးသဖြင့် တုပ်တွေးရာသီမျိုးမှာ အသုံးဝင်ပါတယ်။ အန်တီအောက်စီဒန့်ဓာတ်တွေက ကျွန်တော်တို့ခန္ဓာကိုယ်ကို တိုက်ခိုက်လာမယ့် ရောဂါပိုးမွှားအန္တရာယ်ကနေ ကျွန်တော်တို့ကို ကာကွယ်ပေးပါတယ်။ ဖျားချင်သလိုလိုခံစားရရင် ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် ငရုတ်သီးနဲ့ တစ်ခုခုလုပ်စားကြည့်ပါ။

အသက်ရှည်ရှည်နေစေနိုင်တယ်

တစ်ပတ်ကို (၆) ရက်လောက် အပူအစပ်စားတဲ့သူတွေက အသက်တိုစေတဲ့နှုန်း (၁၄) ရာခိုင်နှုန်းလောက် လျော့ချပေးတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ အပူအစပ်စားရတဲ့ကြိုက်တဲ့သူတွေက အခြားအန္တရာယ်ဖြစ်စေတဲ့ ရောဂါတွေရန်ကနေလည်း ကင်းဝေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွှတ်စွာမနေတဲ့ သူတွေအတွက်တော့ အပူအစပ်အစားအစာတွေက ကူညီပေးနိုင်မှာတော့မဟုတ်ပါဘူး။

သကြားစားသုံးမှုကို လျော့နည်းလာစေတယ်

သကြားကလည်း သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမဲ့ အချိုဓာတ်စားသုံးတာကို ချက်ချင်းဖြတ်တောက်ပစ်ဖို့ မလွယ်ကူနိုင်တဲ့အတွက် ငရုတ်သီးပါတဲ့ဟင်းလျာတွေကို စားပေးတာကလည်း အချိုစားချင်စိတ်ကို တွန်းလှန်ပစ်ဖို့ အကူအညီပေးနိုင်ပါတယ်။

အရသာခံနိုင်စွမ်းကို ထိခိုက်စေတယ်

သင့်လျှာက စပ်တဲ့အစားအစာတွေစားခြင်းရဲ့ မကောင်းတဲ့အကျိုးဆက်ကို အရင်ဆုံးခံစားရတာပါ။ သင့်လျှာက ငရုတ်သီးစားပါများတော့ အရသာခံနိုင်စွမ်းမရှိသလိုခံစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာမလိုပါဘူး။ ခဏတာပါပဲ။ အစပ်တွေအရမ်းမစားပေးတော့ဘူးဆိုရင် သင့်ရဲ့အရသာခံနိုင်စွမ်းက ပြန်ကောင်းလာပါလိမ့်မယ်။

ဓာတ်မတည့်ခြင်းကို ပိုဆိုးရွားစေတယ်

ညဘက် အပူအစပ်အစားအစာတွေစားပြီးအိပ်ရင် မနက်ကျရင် မျက်နှာကြီး ရောင်ရမ်းတာ၊ ယားယံတာတွေ ကြုံရတတ်တယ်လို့ တချို့လူတွေက ပြောကြပါတယ်။ ငရုတ်သီးက အလဂျစ်ထတာတွေဖြစ်စေနိုင်တဲ့အတွက် အခုလိုဖြစ်ရတာပါ။ တချို့လူတွေအတွက် ဒီတုံ့ပြန်မှုက အပူအစပ်နဲ့ပတ်သက်ပြီး ခန္ဓာကိုယ်ရဲ့သဘာဝတုံ့ပြန်မှုပါပဲ။ ဘာလို့ အခုလိုဖြစ်ရတာလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာကို သေချာသိရဖို့အတွက် ဆရာဝန်နဲ့ပြကြည့်ဖို့ လိုအပ်ပါတယ်။

အစာအိမ်ပြဿနာတွေ ပိုဆိုးရွားလာစေတယ်

သင်က ဗိုက်မကောင်းတတ်တဲ့သူ၊ အစာအိမ်ပြဿနာရှိတဲ့သူဆိုရင် အပူအစပ်အစားအစာတွေကို စားဖို့မသင့်ပါဘူးနော်။ အရင်ဆုံး သင့်ကို ဝမ်းလျှောစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ကောင်းကျိုးဖြစ်စေတဲ့ capsaicin ဓာတ်က ကျွန်တော်တို့ တခါတလေ စိတ်ကသိကအောက်ဖြစ်စေပါတယ်။ ခဏတာ အစာအိမ်ရောင်ရမ်းတာအပြင် သင်က အစာအိမ်ပြဿနာရှိပြီးသားဆိုရင် ပိုဆိုးရွားစေနိုင်ပါတယ်။

ရင်ပူရင်ဆာဖြစ်တာကို တိုးလာစေတယ်

ငရုတ်သီးက အက်ဆစ်ဓာတ်ပေါင်းစပ်မှုလည်းပါဝင်ပါတယ်။ ငရုတ်သီးကို အများကြီးစားတဲ့အခါ အူနံရံတွေက စတင်ပူလာပါတယ်။ ဒီအခြေအနေက ပိုဆိုးရွားလာပြီး နာတာရှည်ရောဂါလိုမျိုးဖြစ်လာနိုင်ပါတယ်။ ရင်ပူရင်ဆာဖြစ်တတ်တဲ့သူတွေက ငရုတ်သီးကို လျော့စားပေးသင့်ပါတယ်။ ရင်ပူရင်ဆာဖြစ်သလို ခံစားနေရရင် နွားနို့သောက်တာ (ဒါမှမဟုတ်) ရေခဲမှုန့်စားတာတို့နဲ့ သက်သာသွားအောင် လုပ်ကြည့်လို့ရပါတယ်။

Ref: Brightside “What Happens to Your Body When You Eat Spicy Food”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top