ဆေးယဉ်ပါးခြင်းဆိုတာ ဘာလဲ

shutterstock_120021052.0.0.jpg

ပဋိဇီဝဆေးယဉ်ပါးခြင်းဆိုတာ ဘတ်တီးရီးယားပိုး၊ ဗိုင်းရပ်စ်မှိုပိုးနဲ့ ကပ်ပါးပိုးကောင်တွေက အချိန်ကြာလတာနဲ့အမျှ ပြောင်းလဲလာပြီး သူတို့ကို ကုသပေးတဲ့ဆေးဝါးတွေအပေါ် တုံ့ပြန်မှုမရှိတော့တာ ဖြစ်ပါတယ်။

ဘယ်လိုပျံ့နှံ့နိုင်လဲ

  • ဆေးယဉ်ပါးခြင်းက လူတစ်ဦးနဲ့ တစ်ဦးကြားမှာ အသား၊ ငါး စားသုံးခြင်း အပါအဝင် အခြားနည်းလမ်းတွေဖြစ်တဲ့ တိရစ္ဆာန်ကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
  • ဆေးယဉ်ပါးစေနိုင်တဲ့ ရောဂါပိုးမွှားတွေက လူ၊ တိရစ္ဆာန်၊ အစားအသောက်၊ အပင်နဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ တွေ့ရှိနိုင်ပါတယ်။

ဘယ်လိုဖြစ်ပွားနိုင်လဲ

  • ဆေးဝါးတွေကို အလွန်အကျွံသုံးစွဲခြင်းနဲ့ မှားယွင်းစွာ သုံးစွဲခြင်း
  • လူနဲ့ တိရစ္ဆာန်တွေအတွက် သန့်ရှင်းတဲ့ရေ၊ တစ်ကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး မရှိခြင်း
  • ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့နေရာတွေနဲ့ စိုက်ပျိုးမွေးမြူရေးခြံတွေမှာ ရောဂါကူးစက်မှု ကာကွယ်ခြင်းနဲ့ ရောဂါထိန်းချုပ်မှု အားနည်းခြင်း
  • အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသက်သာတဲ့ ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေနဲ့ ရောဂါရှာဖွေရေး ပစ္စည်းတွေကို လွယ်ကူစွာ မရရှိနိုင်ခြင်း
  • ဆေးယဉ်ပါးခြင်း၊ ကူးစက်ရောဂါ ကာကွယ်ကုသခြင်းနဲ့ ပတ်သက်ပြီး အသိပညာ အလုံအလောက်မရှိခြင်း
  • ဆေးဝါးထိန်းချုပ်ရေး ဥပဒေတွေကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်း

ဘာကြောင့်စိုးရိမ်ရတာလဲ

  • အဆုတ်ရောင်ရောဂါ၊ TB ရောဂါနဲ့ ဌက်ဖျားရောဂါ အပါအဝင် ကူးစက်ရောဂါတွေဟာ ဆေးယဉ်ပါးမှုကြောင့် သူတို့ကို ကုသပေးတဲ့ ဆေးတွေရဲ့ အာနိသင် လျော့နည်းလာတဲ့အတွက် ကုသရန် ပိုမိုခက်ခဲလာခြင်း
  • ဆေးယဉ်ပါးမှုဟာ ဆေးရုံတက်ရတဲ့ရက် ပိုမိုကြာရှည်ခြင်း၊ ကုသစရိတ် ပိုမိုမြင့်မားခြင်းနဲ့ သေဆုံးမှုကို ပိုမိုများပြားစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

  • ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှု ပေးသူတွေကညွှန်ကြားပေးတဲ့ ပဋိဇီဝဆေးတွေကို ညွှန်ကြားချက်အတိုင်း တိကျစွာ သောက်သုံးသင့်ပါတယ်။
  • ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှု ပေးသူတွေက မညွှန်ကြားတဲ့ ပဋိဇီဝဆေးတွေကို သောက်သုံးရန် မတောင်းဆိုပါနဲ့
  • ပဋိဇီဝဆေး သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှုပေးသူရဲ့ အကြံဉာဏ်ကို အမြဲရယူသင့်ပါတယ်။
  • ကျန်ရှိနေတဲ့ ပဋိဇီဝဆေးတွေကို တစ်ဦးနဲ့တစ်ဦး မျှေ၀ သုံးစွဲခြင်းမပြုပါနဲ့
  • လက်ကို မကြာခဏ ဆေးကြောပါ၊ အစားအသောက်တွေကို သန့်ရှင်းစင်ကြယ်စွာ ချက်ပြုတ်စားသောက်ပါ၊ ဖျားနာနေသူတွေနဲ့ အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ကျင်သုံးပါ၊ ကာကွယ်ဆေးတွေကို အချိန်နဲ့ တစ်ပြေးညီ ထိုးနှံပါ။
    ဆေးယဉ်ပါးခြင်းက ရောဂါကုသမှုကို ပိုမိုခက်ခဲစေနိုင်သလို ရောဂါကူးစက်မှုကို ပိုမိုမြန်ဆန်နိုင်တဲ့အတွက် ရောဂါပြင်းထန်ပြီး အသက်သေဆုံးနိုင်ပါတယ်။

source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
Photo- Internet
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top