နွေရာသီရဲ့ အပူဒဏ်ကို တွန်းလှန်ပစ်နိုင်မယ့် သဘာဝဖျော်ရည်များ

18-4-2022-yyl-005.jpg

နွေရာသီမှာ အပူချိန်မြင့်လာတာနဲ့အမျှ အပူဒဏ်ကို ခုခံနိုင်မယ့် အချိုရည်၊ ဖျော်ရည်တွေကို ကျွန်တော်တို့တွေ သောက်ဖြစ်ကြမှာပါ။ နွေရာသီမှာ ချွေးထွက်များတဲ့အတွက် ခန္ဓာကိုယ်မှာ ရေဓာတ်တွေ ကုန်ခန်းရပါတယ်။ ဒါကြောင့် ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့အတွက် ရေများများသောက်တာ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဖျော်ရည်တွေသောက်ပေးသင့်ပါတယ်။ ရိုးရိုးရေသောက်တာက ကောင်းပေမဲ့ နွေရာသီမှာ သဘာဝအသီးဖျော်ရည်တွေကလည်း အပူဒဏ်ကို တွန်းလှန်ဖို့အတွက် ပိုကောင်းပါတယ်။

အပူဒဏ်ကို ခုခံနိုင်ရည်ရှိစေမယ့် သဘာဝဖျော်ရည်တွေကို ဘာကြောင့်သောက်သင့်တာလဲ

အပူဒဏ်သက်သာစေမယ့် သဘာဝဖျော်ရည်တွေက စက်ရုံထုတ်အချိုရည်တွေနဲ့မတူဘဲ အော်ဂဲနစ်ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားတာပါ။ သဘာဝဖျော်ရည်တွေရဲ့ပါဝင်ပစ္စည်းတွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သဘာဝသစ်သီးတွေ (သို့) ဟင်းသီးဟင်းရွက်တွေပါပဲ။ ဒါကြောင့် သဘာဝဖျော်ရည်ကို သောက်ပေးတာရဲ့ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခုကတော့ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးရုံသာမက တစ်ချိန်တည်းမှာပဲ အာဟာရလည်း ဖြစ်စေပါတယ်။

နွေရာသီမှာ အပူဒဏ်သက်သာစေဖို့ သောက်ပေးသင့်တဲ့ သဘာဝဖျော်ရည်တွေကတော့

အုန်းရေ

နွေရာသီဆိုတာနဲ့ အုန်းရေကတော့ မပါမဖြစ်သောက်စရာပါပဲ။ နွေရာသီမှာ အုန်းရေသောက်ပေးမယ်ဆိုရင် အပူဒဏ်ကို ခုခံရာရောက်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ၂၄၀ မီလီလီတာဖြစ်တဲ့ အုန်းရေတစ်ခွက်မှာ ကယ်လိုရီ ၆၀၊ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်၊ သကြား ၈ ဂရမ်နဲ့ ပိုတက်စီယမ်ဓာတ်တန်ဖိုး ၁၅ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ အုန်းရေမှာ ရေဓာတ် ၉၄ ရာခိုင်နှုန်းပါဝင်ပါတယ်။

ကြံရည်

ကြံရည်က ကြံပင်ကနေ ထုတ်ယူရရှိတဲ့ သဘာဝဖျော်ရည်ပါပဲ။ ကြံရည်အရသာပိုကောင်းချင်ရင် ပူစီနံရွက်နဲ့ သံပုရာသီးထည့်သောက်လို့ရပါတယ်။ ကြံရည်တစ်ခွက်မှာ ၁၈၀ ကယ်လိုရီ၊ သကြား ၃၀ ဂရမ်ပါဝင်ပြီး အမျှင်ဓာတ် မြင့်မားပါတယ်။

ဥသျှစ်သီးဖျော်ရည်

​နွေရာသီမှာ ဥသျှစ်သီးကိုလည်း ဖျော်ရည်အဖြစ် လုပ်သောက်လို့ရပါတယ်။ အခွံမာတဲ့ အသီးအနှံတွေကအာဟာရဓာတ်​တွေ ပေးစွမ်းနိုင်ပါတယ်။ ဥသျှစ်သီးမှာ beta-carotene၊ ပရိုတင်း၊ riboflavin၊ ဗီတာမင် C၊ ဗီတာမင် B1 နဲ့ B2 တွေအပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ ပါ၀င်ပါတယ်။

ထောပတ်နို့

ထောပတ်နို့အပြည့်ပါတဲ့ ပန်းကန်လုံးတစ်လုံးဟာ မွန်းတည့်အချိန်တွေမှာ ခန္ဓာကိုယ်ကို အေးမြစေနိုင်စွမ်းရှိပါတယ်။ ထောပတ်နို့က အပူဒဏ်ခံနိုင်စေတဲ့အပြင် အာဟာရဓာတ်လည်း ကြွယ်ဝပါတယ်။ ဒီ နို့ထွက်ပစ္စည်းတစ်ခွက်မှာ ကယ်လိုရီ ၁၁၀၊ ပရိုတင်း ၉ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၃ ဂရမ်၊ အဆီ ၃ ဂရမ်နဲ့ သကြား ၁၂ ဂရမ်နီးပါး ပါဝင်ပါတယ်။

သရက်သီးစိမ်းဖျော်ရည်

သရက်သီးစိမ်းဖျော်ရည်ကို မမှည့်သေးတဲ့ သရက်သီးအနှစ်၊ ဇီယာစေ့၊ ပူစီနံတို့ကို အသုံးပြုပြီး ပြုလုပ်ရပါတယ်။ သရက်သီးစိမ်းဖျော်ရည်တစ်ခွက်မှာ ၉၃ ကီလိုရီ၊ ကာဗွန်ဟိုက်ဒရိုတ် ၅ ဂရမ် နဲ့ ပရိုတင်း ၁.၅ ဂရမ်နီးပါး ပါဝင်ပါတယ်။

မုယောရေ

နွေရာသီမှာ မုယောစပါးဖျော်ရည်က လူသိနည်းတဲ့ အအေးဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဒီရေတစ်ခွက်မှာ ၈၁ ကယ်လိုရီ၊ ပရိုတင်း ၂.၈ ဂရမ်၊ ကာဗွန်ဟိုက်ဒရိတ် ၁၆.၇ ဂရမ်နဲ့ အမျှင်ဓာတ် ၀.၉ ဂရမ် ပါဝင်ပါတယ်။

​သံပုရာရည်

နွေရာသီမှာ သံပုရာရည်က အပူဒဏ်သက်သာစေတဲ့ ဖျော်ရည်ဖြစ်တဲ့အပြင် လူကိုလည်း လန်းဆန်းစေပါတယ်။ သံပုရာရည်မှာ ကယ်လိုရီ ၂၉၊ ပရိုတင်း ၁.၁ ဂရမ်၊ သကြား ၂.၅ ဂရမ်၊ အမျှင်ဓာတ် ၂.၈ ဂရမ်နဲ့ ကာဗွန်ဟိုက်ဒရိုတ် ၉.၃ ဂရမ် ပါဝင်ပါတယ်။

Ref: Natural cooling drinks to beat the summer he

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top